Connect with us

Hi, what are you looking for?

သတင်း

ကသာခရိုင် တပ်ရင်း(၂)၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၉ဦးသေ

ဇွန်လ ၁၄ရက် နံနက် ၉နာရီခွဲခန့်တွင် အင်းတော်မြို့နယ် အလယ်ဆိပ်ရွာဘက်သို့ စစ်ကြောင်း သုံးကြောင်းဖြင့် ခွဲတက်လာသည့် အင်အား ၉၀ကျော်ရှိ စစ်ကောင်စီတပ် ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကသာခရိုင်
ကသာခရိုင်

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားလသည့် စစ်ကောင်စီတပ်ကို ကသာခရိုင်တပ်ရင်း(၂) မြေပြင်ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၉ဦးသေဆုံးခဲ့ကြောင်း Indaw Revolution က ဖော်ပြသည်။

ဇွန်လ ၁၄ရက် နံနက် ၉နာရီခွဲခန့်တွင် အင်းတော်မြို့နယ် အလယ်ဆိပ်ရွာဘက်သို့ စစ်ကြောင်း သုံးကြောင်းဖြင့် ခွဲတက်လာသည့် အင်အား ၉၀ကျော်ရှိ စစ်ကောင်စီတပ် ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၉ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများစွာရှိနိုင်ကြောင်း၊ သေဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင်များအလောင်းကို သယ်ဆောင်သွားကြောင်း ဖော်ပြထားသည်။

“ကျွန်တော်တို့ဘက်မှ ရဲဘော်တွေတော့ အထိခိုက်မရှိ အန္တရာယ်ကင်းကင်း ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook