Connect with us

Hi, what are you looking for?

သတင်း

‘နန်းထိုက်အောင်’စစ်ဆင်ရေးအဖြစ် သထုံမြို့ လျှပ်စစ်ရုံးကို တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးထိမှန်ခဲ့ဟု မြို့နယ်(ပကဖ) အသိပေး

သထုံမြို့နယ် (ပကဖ)က နန်းထိုက်အောင်စစ်ဆင်ရေး အဖြစ် လက်ပစ်ဗုံး နှစ်လုံးဖြင့်မီတာရုံးကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ ရဲဘော်များအား တွေ့ရစဥ်)
(သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ ရဲဘော်များအား တွေ့ရစဥ်)

မွန်ပြည်နယ် သထုံမြို့ရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးကို ယနေ့(စက်တင်ဘာ ၉ရက်)နံနက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးထိမှန်ခဲ့သည်ဟု သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က သတင်းထုတ်ပြန်သည်။

သထုံမြို့နယ် (ပကဖ)က နန်းထိုက်အောင်စစ်ဆင်ရေး အဖြစ် လက်ပစ်ဗုံး နှစ်လုံးဖြင့်မီတာရုံးကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ဘန်ကာ၌ ကင်းစောင့်ရင်း ဖုန်းသုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ထိမှန်ခဲ့ကြောင်း ဖော်ပြထားသည်။

သထုံမြို့နေ ပြည်သူများ အထူးဂရုစိုက်နေထိုင်ကြရန်လည်း သထုံမြို့နယ်(ပကဖ)က အသိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၅ရက်ကလည်း သထုံ(ပကဖ) အနေဖြင့် ကြာပန်း တိုးဂိတ်အနီး ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို (၄၀)မမ ဖြင့် သွားရောက် ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေကြောင့် ဇွန်လအတွင်းမှာ စစ်တပ်က အရာရှိ ၄ဦး အပါအဝင် ၄၀ဦးကျော် သေဆုံးကာ ရဲစခန်းမှူး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နေပြည်တော် PDFက သတင်းထုတ်ပြန်ပါတယ်။