မြစ်ကြီးနားမြို့တွင် ယနေ့ည ၈နာရီခန့်က ပေါက်ကွဲသံနှစ်ကြိမ်ဆက် ကျယ်လောင်စွာထွက်ပေါ်ခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့ရုံးနှင့် အမှတ်(၂)ရဲစခန်း ဖောက်ခွဲတိုက်ခိုက်ခံရခြင်းဟု ဒေသခံများက ပြောသည်။
မြို့ပေါ်ရပ်ကွက်များတွင် သိသိသာသာ ထွက်ပေါ်ခဲ့သော ပေါက်ကွဲသံနှစ်ကြိမ်မှာယနေ့(စက်တင်ဘာလ ၉ရက်)ည ၈နာရီခန့်တွင် စက္ကန့်အနည်းငယ်သာခြား၍ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
“ခရိုင်ရုံးနဲ့ အမှတ်(၂)ရဲစခန်းကို ဦးတည်တိုက်ခိုက်တာလို့ သိရတယ်။ ထိခိုက်မှုအခြေအနေတော့ မသိရသေးဘူး”ဟု မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင်နေထိုင်သူတစ်ဦးက ပြောသည်။
မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်တွင်လည်း ယနေ့ညနေပိုင်းတွင် စစ်ကောင်စီသတင်းပေးတစ်ဦး ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement


















































