Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲတိုက်ပွဲ ဒုတိယရက်တွင် စစ်ကောင်စီတပ် ၁၅ဦးထက်မနည်းသေဟု PDF အသိပေး

ကရင်နီဒေသတွင် စစ်ရေးအရ အရေးပါသည် မိုးဗြဲမြို့ကို ထိန်းချုပ်ရန် အကြမ်းဖက်စစ်ကောင် စီက ယခုနှစ်ဇူလိုင်လအတွင်း အင်အားရာ​ပေါင်းများစွာစစ်​ကြောင်းထိုး၍ ထိုးစစ်ဆင်ခဲ့သော် လည်း သေဆုံးမှုများစွာ ဖြင့်ပင် ဆုတ်ခွာခဲ့ရပြီးနောက် ယခုတစ်ကြိမ် ထပ်မံထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ဓာတ်ပုံ - Mobye People Defense Force
ဓာတ်ပုံ - Mobye People Defense Force

မိုးဗြဲတိုက်ပွဲ ဒုတိယရက်တွင် စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း မိုးဗြဲ PDFက ယနေ့ညပိုင်းတွင် ထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာ ၉ ရက်) နံနက် ၇ နာရီခန့်ကစ၍ ည ၆ နာရီအထိ တိုက်ပွဲမှာ တစ်နေကုန် ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် လွိုင်ကော်၊ ဖယ်ခုံနှင့် မိုးဗြဲအခြေစိုက် စစ်ကောင်စီတပ်များက (၁၂၀)မမ၊ (၈၁)မမနှင့် (၆၀)မမ ဖြင့် အလုံးရေပေါင်း (၁၅၀)ကျော် ပစ်ခတ်မှုများရှိခဲ့ပြီး ပူးပေါင်းအဖွဲ့မှ အသေးစားဒဏ်ရာ နှစ်ဦး နှင့် ပေါင်ကျည်ထိဒဏ်ရာ တစ်ဦးရရှိကာ စနစ်တကျ ကုသမှုခံယူလျှက်ရှိကြောင်း မိုးဗြဲ PDF က ပြောသည်။

ဓာတ်ပုံ - Mobye People Defense Force
ဓာတ်ပုံ – Mobye People Defense Force

စစ်ကောင်စီတပ်မှာ အထိနာသဖြင့် ညနေ ၃နာရီတွင် Yard.130 (၁) စင်းနှင့် K-8W တိုက်လေယာဥ်ဖြင့် (၆) ကြိမ်တိတိ လာရောက်ပစ်ခတ်ခဲ့ကြောင်းလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း ပိတ်မိနေသော ဒေသခံပြည်သူ ၁၂ဦးခန့်ကို ကရင်နီတပ်ပေါင်းစုက ကယ်ထုတ်နိုင်ခဲ့ပြီး အသက် (၈)နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ အကြမ်းဖက် စစ်ကောင်စီတပ်၏ လက် နက်ကြီးဒဏ်ရာဖြင့် အသက်ဆုံးရှုံးခဲ့ရသည်ဟု အသိပေးထားသည်။

ယခု သတင်းထုတ်ပြန်သည့်(ည ၉ နာရီခွဲ)အထိ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးများ ဖြင့် ရမ်းသမ်းပစ်ခတ်နေသဖြင့် ပြည်သူများ ဘေးကင်းလုံခြုံသည့်နေရာတွင် နေထိုင်ပေးရန် PDF က သတိပေးသည်။

ဓာတ်ပုံ - Mobye People Defense Force
ဓာတ်ပုံ – Mobye People Defense Force

ကရင်နီနှင့် ရှမ်းပြည်နယ်အစပ် မိုးဗြဲမြို့သို့ အင်အား ၁၀၀ကျော်ပါသည့် စစ်ကောင် စီအဖွဲ့သည် ယမန်နေ့ (စက်တင်ဘာ ၈ ရက်)ကစ၍ ဝါရီဆူးဖလိုင်ရွာမှ မိုးဗြဲမြို့အတွင်းထိုးစစ်ဆင်လာသဖြင့် မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ နေပြည်တော် PDF၊ KNDF၊ KA၊ URF နှင့် KGZတို့ ပူးပေါင်းတိုက်ခိုက်နေသည်။

ယမန်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ MA1 – ၂ လက်၊ MA2 – ၃ လက်၊ MA3 – ၄ လက်၊ ငါးကြင်းမှီး – ၁ လက်၊ ကျည်ဘောက် ၂၃ ဘောက်၊ 79 အသီး ၁၂ လုံး၊ လက်ပစ်ဗုံး ၅ လုံး၊ နင်းမိုင်း ၂ လုံး၊ (၆၀) မမ ၃၃ လုံး၊ RPGအသီး ၁၀ လုံး၊ ငါးကြင်းမှီးကျည် ၃၂၆ ထောင့်၊ M16 ကျည်၂၀၈၀ ထောင့်၊ ဖုန်း ၄ လုံး၊ Keypetဖုန်း ၁ လုံး၊ Taplet ၁ လုံး၊ ၆၇,၀၀၀ ကျပ်ကို သိမ်းဆည်းရရှိခဲ့သည်။

ကရင်နီဒေသတွင် စစ်ရေးအရ အရေးပါသည် မိုးဗြဲမြို့ကို ထိန်းချုပ်ရန် အကြမ်းဖက်စစ်ကောင် စီက ယခုနှစ်ဇူလိုင်လအတွင်း အင်အားရာ​ပေါင်းများစွာစစ်​ကြောင်းထိုး၍ ထိုးစစ်ဆင်ခဲ့သော် လည်း သေဆုံးမှုများစွာ ဖြင့်ပင် ဆုတ်ခွာခဲ့ရပြီးနောက် ယခုတစ်ကြိမ် ထပ်မံထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။