Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲတိုက်ပွဲ ဒုတိယရက်တွင် စစ်ကောင်စီတပ် ၁၅ဦးထက်မနည်းသေဟု PDF အသိပေး

ကရင်နီဒေသတွင် စစ်ရေးအရ အရေးပါသည် မိုးဗြဲမြို့ကို ထိန်းချုပ်ရန် အကြမ်းဖက်စစ်ကောင် စီက ယခုနှစ်ဇူလိုင်လအတွင်း အင်အားရာ​ပေါင်းများစွာစစ်​ကြောင်းထိုး၍ ထိုးစစ်ဆင်ခဲ့သော် လည်း သေဆုံးမှုများစွာ ဖြင့်ပင် ဆုတ်ခွာခဲ့ရပြီးနောက် ယခုတစ်ကြိမ် ထပ်မံထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ဓာတ်ပုံ - Mobye People Defense Force
ဓာတ်ပုံ - Mobye People Defense Force

မိုးဗြဲတိုက်ပွဲ ဒုတိယရက်တွင် စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း မိုးဗြဲ PDFက ယနေ့ညပိုင်းတွင် ထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာ ၉ ရက်) နံနက် ၇ နာရီခန့်ကစ၍ ည ၆ နာရီအထိ တိုက်ပွဲမှာ တစ်နေကုန် ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် လွိုင်ကော်၊ ဖယ်ခုံနှင့် မိုးဗြဲအခြေစိုက် စစ်ကောင်စီတပ်များက (၁၂၀)မမ၊ (၈၁)မမနှင့် (၆၀)မမ ဖြင့် အလုံးရေပေါင်း (၁၅၀)ကျော် ပစ်ခတ်မှုများရှိခဲ့ပြီး ပူးပေါင်းအဖွဲ့မှ အသေးစားဒဏ်ရာ နှစ်ဦး နှင့် ပေါင်ကျည်ထိဒဏ်ရာ တစ်ဦးရရှိကာ စနစ်တကျ ကုသမှုခံယူလျှက်ရှိကြောင်း မိုးဗြဲ PDF က ပြောသည်။

ဓာတ်ပုံ - Mobye People Defense Force
ဓာတ်ပုံ – Mobye People Defense Force

စစ်ကောင်စီတပ်မှာ အထိနာသဖြင့် ညနေ ၃နာရီတွင် Yard.130 (၁) စင်းနှင့် K-8W တိုက်လေယာဥ်ဖြင့် (၆) ကြိမ်တိတိ လာရောက်ပစ်ခတ်ခဲ့ကြောင်းလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း ပိတ်မိနေသော ဒေသခံပြည်သူ ၁၂ဦးခန့်ကို ကရင်နီတပ်ပေါင်းစုက ကယ်ထုတ်နိုင်ခဲ့ပြီး အသက် (၈)နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ အကြမ်းဖက် စစ်ကောင်စီတပ်၏ လက် နက်ကြီးဒဏ်ရာဖြင့် အသက်ဆုံးရှုံးခဲ့ရသည်ဟု အသိပေးထားသည်။

ယခု သတင်းထုတ်ပြန်သည့်(ည ၉ နာရီခွဲ)အထိ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးများ ဖြင့် ရမ်းသမ်းပစ်ခတ်နေသဖြင့် ပြည်သူများ ဘေးကင်းလုံခြုံသည့်နေရာတွင် နေထိုင်ပေးရန် PDF က သတိပေးသည်။

ဓာတ်ပုံ - Mobye People Defense Force
ဓာတ်ပုံ – Mobye People Defense Force

ကရင်နီနှင့် ရှမ်းပြည်နယ်အစပ် မိုးဗြဲမြို့သို့ အင်အား ၁၀၀ကျော်ပါသည့် စစ်ကောင် စီအဖွဲ့သည် ယမန်နေ့ (စက်တင်ဘာ ၈ ရက်)ကစ၍ ဝါရီဆူးဖလိုင်ရွာမှ မိုးဗြဲမြို့အတွင်းထိုးစစ်ဆင်လာသဖြင့် မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ နေပြည်တော် PDF၊ KNDF၊ KA၊ URF နှင့် KGZတို့ ပူးပေါင်းတိုက်ခိုက်နေသည်။

ယမန်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ MA1 – ၂ လက်၊ MA2 – ၃ လက်၊ MA3 – ၄ လက်၊ ငါးကြင်းမှီး – ၁ လက်၊ ကျည်ဘောက် ၂၃ ဘောက်၊ 79 အသီး ၁၂ လုံး၊ လက်ပစ်ဗုံး ၅ လုံး၊ နင်းမိုင်း ၂ လုံး၊ (၆၀) မမ ၃၃ လုံး၊ RPGအသီး ၁၀ လုံး၊ ငါးကြင်းမှီးကျည် ၃၂၆ ထောင့်၊ M16 ကျည်၂၀၈၀ ထောင့်၊ ဖုန်း ၄ လုံး၊ Keypetဖုန်း ၁ လုံး၊ Taplet ၁ လုံး၊ ၆၇,၀၀၀ ကျပ်ကို သိမ်းဆည်းရရှိခဲ့သည်။

ကရင်နီဒေသတွင် စစ်ရေးအရ အရေးပါသည် မိုးဗြဲမြို့ကို ထိန်းချုပ်ရန် အကြမ်းဖက်စစ်ကောင် စီက ယခုနှစ်ဇူလိုင်လအတွင်း အင်အားရာ​ပေါင်းများစွာစစ်​ကြောင်းထိုး၍ ထိုးစစ်ဆင်ခဲ့သော် လည်း သေဆုံးမှုများစွာ ဖြင့်ပင် ဆုတ်ခွာခဲ့ရပြီးနောက် ယခုတစ်ကြိမ် ထပ်မံထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook