Connect with us

Hi, what are you looking for?

သတင်း

YDF-ထီးလင်းကလုံခြုံ​ရေးဂိတ်​လေးခုစတင်ဖွင့်

ပြည်သူများအနေဖြင့်လည်းလုံခြုံရေးအရစစ်ဆေးမေးမြန်းပါက ကြည်ဖြူစွာ ပူးပေါင်းဆောင် ရွက်ပေးကြရန်လည်း​မေတ္တာရပ်ခံသည်။

(YDFထီးလင်း၏ လုံခြုံ​ရေးဂိတ်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-YDF-ထီးလင်း)
(YDFထီးလင်း၏ လုံခြုံ​ရေးဂိတ်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-YDF-ထီးလင်း)

အများပြည်သူ လုံခြုံစွာသွားလာနေထိုင်နိုင်ရန်ရည်ရွယ်၍ ထီးလင်းမြို့နယ်အတွင်းတွင်လုံခြုံရေးဂိတ် ၄ ဂိတ်ဖွင့်လှစ်ထားပြီဖြစ်ကြောင်း YDF-Htilin ကယနေ့(စက်တင်ဘာ ၁၀ ရက်)တွင် ထုတ်ပြန်သည်။

အဆိုပါ ဂိတ်များတွင် မည်သည့် အခကြေးငွေမျှ တောင်းယူကောက်ခံမည်မဟုတ်ဘဲ ပြည်သူ့လုံခြုံရေးကိုသာ ဆောင်ရွက်မည်ဟုအသိပေးသည်။

ပြည်သူများအနေဖြင့်လည်းလုံခြုံရေးအရစစ်ဆေးမေးမြန်းပါက ကြည်ဖြူစွာ ပူးပေါင်းဆောင် ရွက်ပေးကြရန်လည်း​မေတ္တာရပ်ခံသည်။

(YDFထီးလင်း၏ လုံခြုံ​ရေးဂိတ်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-YDF-ထီးလင်း)
(YDFထီးလင်း၏ လုံခြုံ​ရေးဂိတ်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-YDF-ထီးလင်း)

“တစ်ဂိတ်ကို တပ်စိတ်တစ်ခုနဲ့ လုံခြုံရေးယူထားတယ်ဗျ။အရင်ကတော့ ဂိတ်တွေမဖွင့်နိုင်ဘဲ ကင်းပုန်းဝပ်ပြီး လုံခြုံရေးယူနိုင်ခဲ့တာပဲရှိတယ်။အခုက နယ်မြေအနေအထားအရရော ဒေသတွင်း လုံခြုံရေး စိစစ်နိုင်ဖို့ လုပ်ဆောင်တာ”ဟု YDF Htilin တာဝန်ရှိသူက People’s Springသို့ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီနှင့်ဆက်စပ်ပတ်သက်သည့်တားမြစ်ကုန်ပစ္စည်းများသယ်​ဆောင်ရောင်းဝယ်ခြင်းများမပြုလုပ်ရန်နှင့် ဂိတ်များတွင် တပ်ဖွဲ့ဝင်များအား ငွေကြေးပေးဆောင်ခြင်းမပြုလုပ်ကြရန် အသိပေးသည်။

အခွန် နှင့် အလှူငွေ ကိစ္စများကို YDF-Htilinရုံးသို့သာ တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ပေးကြရန်လည်း ဖော်ပြသည်။

ထို့အတူတပ်ဖွဲ့ဝင်များမှ စစ်ဆေးမေးမြန်းရာတွင် ရိုင်းစိုင်းမှု၊ခြိမ်းခြောက်မှုနှင့်ငွေကြေးတောင်ခံမှုများရှိခဲ့ပါကသက်ဆိုင်ရာအကြီးအကဲများနှင့် YDF-Htilin ရုံးသို့ တိုင်ကြားပေးရန် တောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်မ (၉၉) လက်အောက်ခံ ခမရ(၃၁၅)က ပြည်သူ့စစ်မှုထမ်းတပ်သား ၁ဦး လက်နက်ယူလာပြီး ဇန်နဝါရီ ၂၀ရက်မှာ အလင်းဝင်လာကြောင်း ဂန့်ဂေါခရိုင် တပ်ရင်း(၁၅၊ ၁၆၊ ၁၇) – YRA ထီးလင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးတယ်လို့ ယောကာကွယ်ရေးတပ် စစ်ဒေသရုံးဦးဆောင်ကော်မတီ -YDFက ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ထီးလင်းမြို့နယ်ရှိ ရေမျက်နီကာကင်းစခန်းကို စစ်ကောင်စီက လူနှင့်ရိက္ခာဖြည့်တင်းနေဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

မကွေးတိုင်း၊ ထီးလင်းမြို့မရဲစခန်းမှ အချုပ်သားလွတ်မြောက်မှုနှင့်ပတ်သက်၍ ရဲများကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးရာ ရဲနှစ်ဦးသေဆုံးပြီး သုံးဦး ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း ဒေသခံနှင့် တပ်တွင်း သတင်းရင်းမြစ်အချို့က ပြောသည်။