Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

YDF-ထီးလင်းကလုံခြုံ​ရေးဂိတ်​လေးခုစတင်ဖွင့်

ပြည်သူများအနေဖြင့်လည်းလုံခြုံရေးအရစစ်ဆေးမေးမြန်းပါက ကြည်ဖြူစွာ ပူးပေါင်းဆောင် ရွက်ပေးကြရန်လည်း​မေတ္တာရပ်ခံသည်။

(YDFထီးလင်း၏ လုံခြုံ​ရေးဂိတ်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-YDF-ထီးလင်း)
(YDFထီးလင်း၏ လုံခြုံ​ရေးဂိတ်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-YDF-ထီးလင်း)

အများပြည်သူ လုံခြုံစွာသွားလာနေထိုင်နိုင်ရန်ရည်ရွယ်၍ ထီးလင်းမြို့နယ်အတွင်းတွင်လုံခြုံရေးဂိတ် ၄ ဂိတ်ဖွင့်လှစ်ထားပြီဖြစ်ကြောင်း YDF-Htilin ကယနေ့(စက်တင်ဘာ ၁၀ ရက်)တွင် ထုတ်ပြန်သည်။

အဆိုပါ ဂိတ်များတွင် မည်သည့် အခကြေးငွေမျှ တောင်းယူကောက်ခံမည်မဟုတ်ဘဲ ပြည်သူ့လုံခြုံရေးကိုသာ ဆောင်ရွက်မည်ဟုအသိပေးသည်။

ပြည်သူများအနေဖြင့်လည်းလုံခြုံရေးအရစစ်ဆေးမေးမြန်းပါက ကြည်ဖြူစွာ ပူးပေါင်းဆောင် ရွက်ပေးကြရန်လည်း​မေတ္တာရပ်ခံသည်။

(YDFထီးလင်း၏ လုံခြုံ​ရေးဂိတ်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-YDF-ထီးလင်း)
(YDFထီးလင်း၏ လုံခြုံ​ရေးဂိတ်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-YDF-ထီးလင်း)

“တစ်ဂိတ်ကို တပ်စိတ်တစ်ခုနဲ့ လုံခြုံရေးယူထားတယ်ဗျ။အရင်ကတော့ ဂိတ်တွေမဖွင့်နိုင်ဘဲ ကင်းပုန်းဝပ်ပြီး လုံခြုံရေးယူနိုင်ခဲ့တာပဲရှိတယ်။အခုက နယ်မြေအနေအထားအရရော ဒေသတွင်း လုံခြုံရေး စိစစ်နိုင်ဖို့ လုပ်ဆောင်တာ”ဟု YDF Htilin တာဝန်ရှိသူက People’s Springသို့ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီနှင့်ဆက်စပ်ပတ်သက်သည့်တားမြစ်ကုန်ပစ္စည်းများသယ်​ဆောင်ရောင်းဝယ်ခြင်းများမပြုလုပ်ရန်နှင့် ဂိတ်များတွင် တပ်ဖွဲ့ဝင်များအား ငွေကြေးပေးဆောင်ခြင်းမပြုလုပ်ကြရန် အသိပေးသည်။

အခွန် နှင့် အလှူငွေ ကိစ္စများကို YDF-Htilinရုံးသို့သာ တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ပေးကြရန်လည်း ဖော်ပြသည်။

ထို့အတူတပ်ဖွဲ့ဝင်များမှ စစ်ဆေးမေးမြန်းရာတွင် ရိုင်းစိုင်းမှု၊ခြိမ်းခြောက်မှုနှင့်ငွေကြေးတောင်ခံမှုများရှိခဲ့ပါကသက်ဆိုင်ရာအကြီးအကဲများနှင့် YDF-Htilin ရုံးသို့ တိုင်ကြားပေးရန် တောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စမ်းချောင်းမြို့နယ်တွင်လည်း ရှောင်တခင်စစ်ဆေးမှုများလည်း ယခင်ထက်ပိုမိုပြုလုပ်လာပြီး စစ်ကောင်စီကားများ ကင်းလှည့်နေသည်ကို ပိုမိုတွေ့ရှိရကြောင်း စမ်းချောင်းမြို့၌ နေထိုင်သူတစ်ဦးကပြောသည်။ထို့အပြင် ညပိုင်းအချိန်များတွင် ဧည်စာရင်းစစ်​မှုကို မြို့နယ်အများစုတွင်ယခင်ထက်ပိုလုပ်လာ​ကြောင်း ​​ပြည်သူများက​ပြောသည်။

သတင်း

PDF ပူးပေါင်းတပ်များ၏ အနီးကပ်တိုက်ခိုက်ခြင်းကိုခံထားရသော စစ်ကောင်စီတပ်စစ်ကြောင်းသည် လက်ရှိတွင် ထီးလင်းနယ် အကြည်ဘန်းကျေးရွာသို့ ၀င်ရောက်နေပြီး ထိတွေ့တိုက်ပွဲများ အချိန်မရွေးထပ်ဖြစ်လာနိုင်ကြောင်း ဂန့်ဂောခရိုင် PDF တပ်ရင်းများက အသိပေးထားသည်။

သတင်း

စစ်ကား ၃၂ စီးပါ စစ်ကောင်စီယာဉ်တန်းသည် ပခုက္ကူ၊ ပေါက်၊ ကျောက်ထုလမ်းအတိုင်းဖြတ်သန်းလာစဥ်မတ်လ ၁၅ရက် မနက်ထီးလင်းမြို့ကိုဖြတ်ကျော်လာပြီး​နောက်ပိုင်းမိုင်းဆွဲတိုက်ခိုက်မှုဆက်တိုက်ခံခဲ့ရသည်။

သတင်း

မတ်လ ၁၅ရက် တောင်ဖီလာကွေ့ မိုင်းဆွဲတိုက်ခိုက်မှု၌ စစ်ကောင်စီတပ်သား ၃ဦး သေဆုံးပြီး ဒဏ်ရာရသူများ ရှိနိုင်ကြောင်း၊ ယင်းနေ့ နေ့လည်ပိုင်း၌ ရွှေခုံတိုင်ရွာအနီး တိုက်ခိုက်မှု တွင်လည်း စစ်ကောင်စီတပ်မှ ၃ဦးထက်မနည်းသေဆုံးနိုင်ကြောင်း ဖော်ပြသည်။