Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲ ယမန်နေ့တိုက်ပွဲ စစ်ကောင်စီတပ် ၁၅ဦးထက်မနည်းသေဟု PDF အသိပေး

စစ်ကောင်စီတပ်က လက်နက်ကြီးများ အဆမတန် ပစ်ခတ်တိုက်ခိုက်ခဲ့၍ မိုးဗြဲမြို့ပေါ်ရှိ ပြည်သူလူထု နေအိမ်များ ပျက်စီးခဲ့ရကြောင်းဖော်ပြထားသည်။

ဓာတ်ပုံ - မိုးဗြဲ PDF
ဓာတ်ပုံ - မိုးဗြဲ PDF

▪️ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ၁၃ဦးဒဏ် ရာရပြီး သုံးဦးစိုးရိမ်ရဟုဆို

▪️သုံးရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၄၀ကျော်သေဟု PDF ပြော

ရှမ်း – ကယား(ကရင်နီ)နယ်စပ် မိုးဗြဲဒေသတွင် ယမန်နေ့ (စက်တင်ဘာ ၁၀ရက်)က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက် များပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်မှ ဒဏ်ရာရသူများရှိခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (PDF)က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်နှင့် မိုးဗြဲPDF၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)၊ URF၊ နေပြည်တော် PDF၊ KGZ မဟာမိတ်ပူးပေါင်းတပ်များသည် စက်တင်ဘာ ၈ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲတတိယနေ့ ဖြစ်သည့် ယမန်နေ့တွင် နံနက် ၁၁နာရီမှ ညနေ ၆နာရီခွဲထိ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ တိုက် လေယာဉ်အသုံးပြုပြီး လေကြောင်းမှ (၇)ကြိမ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ ၁၅ဦးထက် မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ဓာတ်ပုံ - မိုးဗြဲ PDF
ဓာတ်ပုံ – မိုးဗြဲ PDF

ထို့အပြင် သုံးရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးသူ ၄၀ ကျော်ရှိပြီး အထိနာနေသော အကြမ်းဖက်စစ်တပ်ဘက်က လွိုင်ကော်၊ဖယ်ခုံ နှင့် မိုးဗြဲ အခြေစိုက်တပ်ရင်းများမှ လက်နက်ကြီးပစ်ကူများ အဆမတန်ပေးနေပြီး ဝေဟင်မှလည်း တိုက်လေယာဥ်နှစ်စီးဖြင့် အကြိမ်ကြိမ် ပစ်ကူပေးခဲ့ရကြောင်း မိုးဗြဲ PDF တာဝန်ရှိသူက ဆိုသည်။

Public Service Announcement

Public Service Announcement

“အကောင်းဆုံးခုခံ တိုက်ခိုက်နေတယ်။တိုက်ပွဲက ဒီထက်ပိုပြင်းထန်လာဖို့ရှိတယ်။ပြည်သူတွေအနေနဲ့လည်း ကူညီပေးနိုင်တာ ကူညီပေးကြဖို့ မျှောလင့်တယ်”ဟု ၎င်းက လူထုနွေဦးသို့ ပြောသည်။

ဓာတ်ပုံ - မိုးဗြဲ PDF
ဓာတ်ပုံ – မိုးဗြဲ PDF

စစ်ကောင်စီတပ်မှ တာဝေးပစ်လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုကခိုက်ခဲ့၍ ပူးပေါင်းတပ်ဖွဲ့မှ အသေးစားဒဏ်ရာရသူ ၁၀ဦး၊ စိုးရိမ်ရသည့် ဒဏ်ရာရသူ သုံးဦး ရှိခဲ့ရာ စနစ်တကျ ကုသမှုခံယူနေသည်ဟု အသိပေးသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးများ အဆမတန် ပစ်ခတ်တိုက်ခိုက်ခဲ့၍ မိုးဗြဲမြို့ပေါ်ရှိ ပြည်သူလူထု နေအိမ်များ ပျက်စီးခဲ့ရကြောင်းဖော်ပြထားသည်။

စစ်ရေး အခြေအနေတင်းမာနေ၍ ပြည်သူများ လုံခြုံစိတ်ချရသော နေရာတွင် နေထိုင်ပေးကြရန် ထုတ်ပြန်ခဲ့ပြီး ရပ်ဝေးမှ ပြည်သူများ မိုးဗြဲလမ်းကို အသုံးမပြုကြရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။