Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲ ယမန်နေ့တိုက်ပွဲ စစ်ကောင်စီတပ် ၁၅ဦးထက်မနည်းသေဟု PDF အသိပေး

စစ်ကောင်စီတပ်က လက်နက်ကြီးများ အဆမတန် ပစ်ခတ်တိုက်ခိုက်ခဲ့၍ မိုးဗြဲမြို့ပေါ်ရှိ ပြည်သူလူထု နေအိမ်များ ပျက်စီးခဲ့ရကြောင်းဖော်ပြထားသည်။

ဓာတ်ပုံ - မိုးဗြဲ PDF
ဓာတ်ပုံ - မိုးဗြဲ PDF

▪️ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ၁၃ဦးဒဏ် ရာရပြီး သုံးဦးစိုးရိမ်ရဟုဆို

▪️သုံးရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၄၀ကျော်သေဟု PDF ပြော

ရှမ်း – ကယား(ကရင်နီ)နယ်စပ် မိုးဗြဲဒေသတွင် ယမန်နေ့ (စက်တင်ဘာ ၁၀ရက်)က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက် များပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်မှ ဒဏ်ရာရသူများရှိခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (PDF)က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်နှင့် မိုးဗြဲPDF၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)၊ URF၊ နေပြည်တော် PDF၊ KGZ မဟာမိတ်ပူးပေါင်းတပ်များသည် စက်တင်ဘာ ၈ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲတတိယနေ့ ဖြစ်သည့် ယမန်နေ့တွင် နံနက် ၁၁နာရီမှ ညနေ ၆နာရီခွဲထိ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ တိုက် လေယာဉ်အသုံးပြုပြီး လေကြောင်းမှ (၇)ကြိမ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ ၁၅ဦးထက် မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ဓာတ်ပုံ - မိုးဗြဲ PDF
ဓာတ်ပုံ – မိုးဗြဲ PDF

ထို့အပြင် သုံးရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးသူ ၄၀ ကျော်ရှိပြီး အထိနာနေသော အကြမ်းဖက်စစ်တပ်ဘက်က လွိုင်ကော်၊ဖယ်ခုံ နှင့် မိုးဗြဲ အခြေစိုက်တပ်ရင်းများမှ လက်နက်ကြီးပစ်ကူများ အဆမတန်ပေးနေပြီး ဝေဟင်မှလည်း တိုက်လေယာဥ်နှစ်စီးဖြင့် အကြိမ်ကြိမ် ပစ်ကူပေးခဲ့ရကြောင်း မိုးဗြဲ PDF တာဝန်ရှိသူက ဆိုသည်။

Public Service Announcement

Public Service Announcement

“အကောင်းဆုံးခုခံ တိုက်ခိုက်နေတယ်။တိုက်ပွဲက ဒီထက်ပိုပြင်းထန်လာဖို့ရှိတယ်။ပြည်သူတွေအနေနဲ့လည်း ကူညီပေးနိုင်တာ ကူညီပေးကြဖို့ မျှောလင့်တယ်”ဟု ၎င်းက လူထုနွေဦးသို့ ပြောသည်။

ဓာတ်ပုံ - မိုးဗြဲ PDF
ဓာတ်ပုံ – မိုးဗြဲ PDF

စစ်ကောင်စီတပ်မှ တာဝေးပစ်လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုကခိုက်ခဲ့၍ ပူးပေါင်းတပ်ဖွဲ့မှ အသေးစားဒဏ်ရာရသူ ၁၀ဦး၊ စိုးရိမ်ရသည့် ဒဏ်ရာရသူ သုံးဦး ရှိခဲ့ရာ စနစ်တကျ ကုသမှုခံယူနေသည်ဟု အသိပေးသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးများ အဆမတန် ပစ်ခတ်တိုက်ခိုက်ခဲ့၍ မိုးဗြဲမြို့ပေါ်ရှိ ပြည်သူလူထု နေအိမ်များ ပျက်စီးခဲ့ရကြောင်းဖော်ပြထားသည်။

စစ်ရေး အခြေအနေတင်းမာနေ၍ ပြည်သူများ လုံခြုံစိတ်ချရသော နေရာတွင် နေထိုင်ပေးကြရန် ထုတ်ပြန်ခဲ့ပြီး ရပ်ဝေးမှ ပြည်သူများ မိုးဗြဲလမ်းကို အသုံးမပြုကြရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။