Connect with us

Hi, what are you looking for?

သတင်း

မူဆယ်မြို့ ကမ္ဘောဇဘဏ် လုံခြုံရေးအစောင့် ပြည်သူ့စစ်အဖွဲ့တိုက်ခိုက်ခံရပြီး နှစ်ဦးသေ

ပြည်သူ့စစ်အဖွဲ့များသည် စစ်ကောင်စီလက်အောက်ခံများဖြစ်ပြီး စစ်ကောင်စီအထိနာအောင် ယခုကဲ့သို့ ပစ်ခတ်သွားသည့်လုပ်ရပ်အတွက် ချီးကျူးကြောင်း မြို့ခံများက ပြောသည်။

(မူဆယ်မြို့ရှိ KBZ ဘဏ်ခွဲတစ်ခုအား တွေ့ရစဉ်၊ဓာတ်ပုံ - CJ)
(မူဆယ်မြို့ရှိ KBZ ဘဏ်ခွဲတစ်ခုအား တွေ့ရစဉ်၊ဓာတ်ပုံ - CJ)

▪️ပစ်ခတ်သည့်အဖွဲ့ကို ဒေသခံများ ချီးကျူးနေ

မူဆယ်မြို့ရှိ ကမ္ဘောဇဘဏ်လုံခြုံရေးအစောင့် ပြည်သူ့စစ်အဖွဲ့ကို ကားတစ်စီးဖြင့် လာရောက်တိုက်ခိုက်ရာ ပြည်သူ့စစ်နှစ်ဦးသေဆုံးသွားသည်။

မူဆယ်မြို့ အဝေးပြေးကားဝင်းအတွင်းရှိ ကမ္ဘောဇဘဏ်တွင် လုံခြုံရေးစောင့်နေသည့် ပြည်သူ့စစ်အဖွဲ့ကို လက်နက်ကိုင်ဆောင်ထားသူနှစ်ဦးက ယနေ့ (စက်တင်ဘာ ၁၃ရက်) နေ့လယ် ၁၂နာရီခွဲခန့်တွင် ကားတစ်စီးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။

“ပြည်သူ့စစ်တစ်ယောက်ပွဲချင်းပြီးတယ်။နောက်တစ်ယောက် ဆေးရုံမှာသေတယ်။ အရပ်သားနှစ်ယောက် ဒဏ်ရာရတယ်လည်းကြားပေမယ့် အတည်မပြုနိုင်ဘူး။ စစ်ကောင်စီတပည့် ပြည်သူ့စစ်ကို ပစ်မှတ်ထားဆော်သွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြည်သူ့စစ်အဖွဲ့များသည် စစ်ကောင်စီလက်အောက်ခံများဖြစ်ပြီး စစ်ကောင်စီအထိနာအောင် ယခုကဲ့သို့ ပစ်ခတ်သွားသည့်လုပ်ရပ်အတွက် ချီးကျူးကြောင်း မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

သြဂုတ် ၁ရက်ကလည်း စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့ဝင်နှစ်ဦး ယနေ့ သေနတ်ဖြင့် ထပ်မံပစ်သတ်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ

သတင်း

ပြည်သူ့စစ်တွေအသတ်ခံရပြီးနောက် စစ်တပ်အင်အား၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဝမ်ပေါင်က ကြေးနီတွေသယ်လာတဲ့ စစ်ယာဥ်တန်းတွေ ဖြတ်သန်းလာလို့ လုံခြုံရေးတင်းကြပ်ထားပြီး လမ်းပိတ်ဆို့မှုတွေပါ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။