Connect with us

Hi, what are you looking for?

သတင်း

အင်းတကော်နယ်မှပျူခေါင်းဆောင်ဆိုသူကိုနန်းထိုက်​အောင်စစ်ဆင်​ရေးဖြင့် ပစ်ခတ်ရှင်းလင်း

ဦးကျော်ဆင့်သည် ပျူစောထီးခေါင်းဆောင်တစ်ဦးလည်းဖြစ်ပြီး ၎င်းအား သေနတ်ဖြင့် သုံးချက်ပစ်ခတ်၍ ပြည် သူလူထု၏ဒုက္ခအား အဆုံးသတ်ပေးခဲ့ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အင်းတကော်နယ်
အင်းတကော်နယ်

နန်းထိုက်အောင်စစ်ဆင်ရေး အဖွင့်အနေဖြင့် ပဲခူးမြို့နယ် အင်းတကော်မှ စစ်ကောင်စီခန့် ကာကွယ်ရေးခေါင်း ဆောင်ဆိုသူတစ်ဦးကို ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း အင်းတကော်ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့(IPDF)က ယနေ့(စက်တင်ဘာ ၇)ထုတ်ပြန်သည်။

စက်တင်ဘာ ၆ ရက်နေ့ည ၉ နာရီကျော်က အင်းတကော်မြို့နယ် ကင်းပိုင်ကျုံကျေးရွာမှ စစ်ကောင် စီခန့်ရပ်ရွာကာကွယ်ရေးခေါင်းဆောင်ဟုဆိုသူ ‌ဦးကျော်ဆင့်အား ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြ သည်။

“ကင်းပိုင်ကျုံကျေးရွာနေ ဦးကျော်ဆင့်ဆိုသူသည် မိမိကိုယ်ကို ရပ်ရွာကာကွယ်ရေးခေါင်းဆောင်ဟုကြွေးကြော်လျက် ရွာသားများအပေါ် ခြိမ်းခြောက်အနိုင်ကျင့်ခြင်း၊စခ ရခ များအားကျေးရွာအတွင်းခေါ်၍ မျက်နှာလို မျက် နှာရလုပ်ကာ ရွာသားများအား ဒုက္ခပေါင်းစုံပေးခြင်းတို့ကြောင့် တစ်ရွာလုံး၏ ချဉ်ဖတ်အဖြစ်စုံစမ်းသိရှိရပါ သည်”ဟု IPDF က ဆိုသည်။

ဦးကျော်ဆင့်သည် ပျူစောထီးခေါင်းဆောင်တစ်ဦးလည်းဖြစ်ပြီး ၎င်းအား သေနတ်ဖြင့် သုံးချက်ပစ်ခတ်၍ ပြည် သူလူထု၏ဒုက္ခအား အဆုံးသတ်ပေးခဲ့ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

IPDF အနေဖြင့် နယ်မြေအတွင်းရှိ ပြည်သူများအားဒုက္ခပေးမည့်၊ ဒုက္ခပေးနေသည့် မည်သူ့ကိုမဆို ရှင်းလင်း ၍ ပြည်သူကိုအမှန်တကယ် အကာကွယ်ပြုပေးနိုင်ရန် ဖွဲ့စည်းထားသည့်အဖွဲ့စည်းဖြစ်ပြီး ယခုပြုလုပ်သော စစ်ရေးတိုက်ခိုက်မှုသည် ပဲခူးမြို့နယ်စီမံချက် နန်းထိုက်အောင်စစ်ဆင်ရေး၏ အဖွင့်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။