Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စဉ့်ကူးတွင် တန်ပိုဂိတ်များအားလုံးအောက်တိုဘာ ၅ ရက်နောက်ဆုံးထားပိတ်ရန် PDF သတိပေး

စဥ့်ကူးမြို့နယ်သည် မိုးကုတ်-မန္တလေးလမ်းပိုင်းပေါ်၌ တည်ရှိပြီး ရှမ်းပြည်နယ်နှင့်စစ်ကိုင်းတိုင်းသို့သွားသော စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားလေ့ရှိသည်။

မိုးကုတ်-မန္တလေးလမ်းပိုင်း၌ တွေ့ရသော တန်ပိုစစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဉ်၊ဓာတ်ပုံ-Cj
မိုးကုတ်-မန္တလေးလမ်းပိုင်း၌ တွေ့ရသော တန်ပိုစစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဉ်၊ဓာတ်ပုံ-Cj

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း စစ်ကောင်စီအား စီစီတီဗွီမှတ်တမ်းများပေးနေသည့် တန်ပိုဂိတ်များအားလုံး အောက်တိုဘာ ၅ ရက်နောက်ဆုံးထားပိတ်သိမ်းရန် စဉ့်ကူးအခြေစိုက် သမန်းကျားပြောက်ကျားတပ်ဖွဲ့က သတိပေးလိုက်သည်။

စဉ့်ကူးမြို့နယ်အတွင်းရှိ တန်ပိုစစ်​ဆေးရေးတိုးဂိတ်များအနေဖြင့် တော်လှန်ရေးသမားများအားဖမ်းဆီးနိုင်ရေး စီစီတီဗွီ သတင်းအချက်အလက်များအား စစ်ကောင်စီတပ်နှင့်ရဲများထံရောက်ရှိစေရန် ပူးပေါင်းလုပ်ဆောင်နေသည်ဟု သိရကြောင်း စဥ့်ကူးအခြေစိုက် သမန်းကျားပြောက် ကျားတပ်ဖွဲ့က ယမန်နေ့စက်တင်ဘာလ ၁၆ ရက်နေ့တွင် အသိပေးသည်။

Public Service Announcement
Public Service Announcement

ထို့ကြောင့် စဥ့်ကူးမြို့နယ်ရှိ တန်ပိုဂိတ်များ အောက်တိုဘာ ၅ ရက် နောက်ဆုံးထားပြီး ဖျက်သိမ်းရန် သမန်းကျားပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

“ဝန်ထမ်းများ တခြားအလုပ်ပြောင်းလုပ်ကြပါရန်တောင်းပန်အပ်ပါသည်။ ဆန္ဒပြစဥ်က လက်သုံးချောင်းထောင်ပြထားခြင်းအတွက် သက်ညှာပါသည်။ ဝန်ထမ်းများတခြားအလုပ် ရှာကြပါ။”ဟု သမန်းကျားပြောက်ကျားတပ်ဖွဲ့က တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ကြေညာချက်ကိုမလိုက်နာဘဲ ကန့်သတ်ရက် ကျော်လွန်ပါက တာဝန်မယူကြောင်း သမန်းကျားပြောက်ကျားတပ်ဖွဲ့က သတိပေးထားသည်။

စဥ့်ကူးမြို့နယ်သည် မိုးကုတ်-မန္တလေးလမ်းပိုင်းပေါ်၌ တည်ရှိပြီး ရှမ်းပြည်နယ်နှင့်စစ်ကိုင်းတိုင်းသို့သွားသော စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားလေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။