Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးတွင် တန်ပိုဂိတ်များအားလုံးအောက်တိုဘာ ၅ ရက်နောက်ဆုံးထားပိတ်ရန် PDF သတိပေး

စဥ့်ကူးမြို့နယ်သည် မိုးကုတ်-မန္တလေးလမ်းပိုင်းပေါ်၌ တည်ရှိပြီး ရှမ်းပြည်နယ်နှင့်စစ်ကိုင်းတိုင်းသို့သွားသော စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားလေ့ရှိသည်။

မိုးကုတ်-မန္တလေးလမ်းပိုင်း၌ တွေ့ရသော တန်ပိုစစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဉ်၊ဓာတ်ပုံ-Cj
မိုးကုတ်-မန္တလေးလမ်းပိုင်း၌ တွေ့ရသော တန်ပိုစစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဉ်၊ဓာတ်ပုံ-Cj

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း စစ်ကောင်စီအား စီစီတီဗွီမှတ်တမ်းများပေးနေသည့် တန်ပိုဂိတ်များအားလုံး အောက်တိုဘာ ၅ ရက်နောက်ဆုံးထားပိတ်သိမ်းရန် စဉ့်ကူးအခြေစိုက် သမန်းကျားပြောက်ကျားတပ်ဖွဲ့က သတိပေးလိုက်သည်။

စဉ့်ကူးမြို့နယ်အတွင်းရှိ တန်ပိုစစ်​ဆေးရေးတိုးဂိတ်များအနေဖြင့် တော်လှန်ရေးသမားများအားဖမ်းဆီးနိုင်ရေး စီစီတီဗွီ သတင်းအချက်အလက်များအား စစ်ကောင်စီတပ်နှင့်ရဲများထံရောက်ရှိစေရန် ပူးပေါင်းလုပ်ဆောင်နေသည်ဟု သိရကြောင်း စဥ့်ကူးအခြေစိုက် သမန်းကျားပြောက် ကျားတပ်ဖွဲ့က ယမန်နေ့စက်တင်ဘာလ ၁၆ ရက်နေ့တွင် အသိပေးသည်။

Public Service Announcement
Public Service Announcement

ထို့ကြောင့် စဥ့်ကူးမြို့နယ်ရှိ တန်ပိုဂိတ်များ အောက်တိုဘာ ၅ ရက် နောက်ဆုံးထားပြီး ဖျက်သိမ်းရန် သမန်းကျားပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

“ဝန်ထမ်းများ တခြားအလုပ်ပြောင်းလုပ်ကြပါရန်တောင်းပန်အပ်ပါသည်။ ဆန္ဒပြစဥ်က လက်သုံးချောင်းထောင်ပြထားခြင်းအတွက် သက်ညှာပါသည်။ ဝန်ထမ်းများတခြားအလုပ် ရှာကြပါ။”ဟု သမန်းကျားပြောက်ကျားတပ်ဖွဲ့က တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ကြေညာချက်ကိုမလိုက်နာဘဲ ကန့်သတ်ရက် ကျော်လွန်ပါက တာဝန်မယူကြောင်း သမန်းကျားပြောက်ကျားတပ်ဖွဲ့က သတိပေးထားသည်။

စဥ့်ကူးမြို့နယ်သည် မိုးကုတ်-မန္တလေးလမ်းပိုင်းပေါ်၌ တည်ရှိပြီး ရှမ်းပြည်နယ်နှင့်စစ်ကိုင်းတိုင်းသို့သွားသော စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားလေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook