Connect with us

Hi, what are you looking for?

သတင်း

UWSA ဦးဆောင်သည့် FPNCC အဖွဲ့ဝင်များ ၀ဒေသ၌ တွေ့ဆုံ

တွေ့ဆုံပွဲ၌ FPNCC အဖွဲ့ဝင် ဖြစ်သည့် ကချင်လွတ် လပ်ရေးတပ်မတော်(KIA)ကိုယ်စားလှယ် ပါဝင်တက်ရောက်သည်ကို MNDAA က ထုတ်ပြန်သည့် သတင်း၌မတွေ့ရပေ။ ၀ဒေသသို့ လမ်းခရီး သွားလာရေး အဆင်ပြေသည့် လက်နက်ကိုင်တပ် ဖွဲ့များသာ လာရောက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ဝဒေသ၌ တွေ့ဆုံနေစဉ်၊ဓာတ်ပုံ - The Kokang
ဝဒေသ၌ တွေ့ဆုံနေစဉ်၊ဓာတ်ပုံ - The Kokang

▪️တွေ့ဆုံပွဲ၌ KIAမှ အပကျန်အဖွဲ့ ၆ဖွဲ့မှ ကိုယ်စား လှယ်များပါဝင်

၀လက်နက်ကိုင်အဖွဲ့(UWSA) ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)အဖွဲ့ဝင် လက်နက်ကိုင် အဖွဲ့များသည် စက်တင်ဘာ ၁၆ရက်က ၀ဒေသ၌ တွေ့ဆုံခဲ့ကြသည်ဟု တွေ့ဆုံပွဲ၌ ပါဝင်ခဲ့သည့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“တရုတ်လမုန့်စားပွဲနဲ့ တိုးတယ်။ ပြီးတော့ နောက် ထပ်တစ်ခုက ၀ပြည်နယ်ရဲ့ ခေါင်းဆောင်ပိုင်း တွေရဲ့အပြောင်းအလဲ အဲဒါလည်းရှိတယ်။ အဲဒီ ၂ခု နဲ့လာတိုးတော့ FPNCC အဖွဲ့ ဝင်တွေပေါ့ ၀ပြည်နယ်ကို သွားလို့ရတဲ့ အဖွဲ့တွေအားလုံးက သွားရောက်နှုတ်ဆက်ကြတာပေါ့။ တရုတ်လမုန့်စားပွဲအတွက် မေးမြန်းနှုတ်ဆက်တယ်။ ပြီးတော့ ၁၆ရက်နေ့မှာတော့ UWSAရယ်၊ NDAA ရယ်၊ SSPP/SSAA ရယ် မဟာမိတ်သုံးဖွဲ့(ကိုးကန့် MNDAA၊ ရခိုင် AA၊ တအာင်း TNLA) အဖွဲ့ဝင်တွေက ဒီအတိုင်း ရည်ရွယ်ချက်ရှိရှိ ထိပ်သီးခေါင်းဆောင် အစည်းအဝေးလိုတော့မဟုတ်ဘူး အားလုံးဆုံကြတယ်ဆိုတော့ တွေ့ပြီးတော့ အချင်းချင်း နှုတ်ဆက်ကြတယ်။ အဲဒီလို နှုတ်ဆက်ပွဲပါ” ဟု သတင်းရင်းမြစ်က ရှင်းပြသည်။

အဆိုပါ တွေ့ဆုံပွဲနှင့်ပတ်သက်ပြီး ကိုးကန့်တပ်မတော်(MNDAA)ကလည်း ဓာတ်ပုံများ ဖော်ပြခဲ့သည်။

တွေ့ဆုံပွဲ၌ FPNCC အဖွဲ့ဝင် ဖြစ်သည့် ကချင်လွတ် လပ်ရေးတပ်မတော်(KIA)ကိုယ်စားလှယ် ပါဝင်တက်ရောက်သည်ကို MNDAA က ထုတ်ပြန်သည့် သတင်း၌မတွေ့ရပေ။ ၀ဒေသသို့ လမ်းခရီး သွားလာရေး အဆင်ပြေသည့် လက်နက်ကိုင်တပ် ဖွဲ့များသာ လာရောက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

FPNCC အဖွဲ့ဝင်များအနက် KIA၊ MNDAAနှင့် AA တို့သည် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

သတင်း

မြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီးကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်