Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော်မြို့အနီးတိုက်ပွဲ စစ်ကောင်စီတပ် ခြောက် ဦးထက်မနည်းသေဟုဆို

တင့်ကားများပါဝင်သည့် အကြမ်းဖက်စစ်ကောင် စီတပ်က စစ်ကြောင်းထိုးလာသည်ကို KNDF မှ ခုခံခဲ့ရာ နွားလဝိုး- ပဒါးညေးကျေးရွာများတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ယနေ့ ညနေပိုင်းတွင် လွိုင်ကော်မြို့အပြင် စက်မှုဇုန်ကို အကြမ်းဖက်စစ်ကောင်စီက မီးရှို့နေစဉ်၊ ဓာတ်ပုံ - JFK
ယနေ့ ညနေပိုင်းတွင် လွိုင်ကော်မြို့အပြင် စက်မှုဇုန်ကို အကြမ်းဖက်စစ်ကောင်စီက မီးရှို့နေစဉ်၊ ဓာတ်ပုံ - JFK

▪️ရဲဘော်တစ်ဦးကျဆုံးခဲ့ရဟု KNDF ထုတ်ပြန်

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့အနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ် သား ခြောက်ဦးထက်မနည်းသေဆုံးကာ KNDF တပ်ရင်း (၂)မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

တင့်ကားများပါဝင်သည့် အကြမ်းဖက်စစ်ကောင် စီတပ်က စစ်ကြောင်းထိုးလာသည်ကို KNDF မှ ခုခံခဲ့ရာ နွားလဝိုး- ပဒါးညေးကျေးရွာများတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

“ဒီနေ့ မနက်ပိုင်းကစဖြစ်တာ ညနေလောက်အထိ ။စခ တွေဘက်က သေတာ မျက်မြင် အတည်ပြုနိုင်တာတင် ခြောက်ယောက်ရှိတယ်။ကျွန် တော်တို့ဘက်ကတော့ ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ် “ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲအတွင်း ပဒါးညေး နှင့် နွားလဝိုးကျေးရွာမှ ဒေသခံ ပြည်သူအမျိုးသားတစ်ဦးနှင့် ကလေး ငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသမီး တစ်ဦးသေဆုံးခဲ့ရကြောင်း ကရင်နီဒေသတွင်း သတင်းရင်းမြစ် JFK က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယနေ့ ညနေပိုင်းတွင် အကြမ်းဖက်စစ် ကောင်စီက လွိုင်ကော်မြို့ပြင်ရှိ စက်မှုဇုန်ကို မီးရှို့ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ကရင်နီ ပြည် နယ်ရှိ စစ်ရေးအရ အရေးပါသော မိုးဗြဲ၊ ဒီးမော့ဆို၊လွိုင်ကော်နှင့် ဖရူဆို မြို့နယ်များသို့ ယခင်လ ကစ၍ စစ်ကြောင်းများဖြင့် အကြိမ်ကြိမ် ထိုးစစ် ဆင်လာခဲ့သည်။

ထိုစစ်ကြောင်းများကို ကရင်နီတပ်ပေါင်းစုက ခုခံနေပြီး မကြာသေးမီက မိုးဗြဲ မြို့တိုက်ပွဲ တွင် အကြမ်းဖက်စစ်ကောင်စီက အထိနာခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။