Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့အနီးတိုက်ပွဲ စစ်ကောင်စီတပ် ခြောက် ဦးထက်မနည်းသေဟုဆို

တင့်ကားများပါဝင်သည့် အကြမ်းဖက်စစ်ကောင် စီတပ်က စစ်ကြောင်းထိုးလာသည်ကို KNDF မှ ခုခံခဲ့ရာ နွားလဝိုး- ပဒါးညေးကျေးရွာများတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ယနေ့ ညနေပိုင်းတွင် လွိုင်ကော်မြို့အပြင် စက်မှုဇုန်ကို အကြမ်းဖက်စစ်ကောင်စီက မီးရှို့နေစဉ်၊ ဓာတ်ပုံ - JFK
ယနေ့ ညနေပိုင်းတွင် လွိုင်ကော်မြို့အပြင် စက်မှုဇုန်ကို အကြမ်းဖက်စစ်ကောင်စီက မီးရှို့နေစဉ်၊ ဓာတ်ပုံ - JFK

▪️ရဲဘော်တစ်ဦးကျဆုံးခဲ့ရဟု KNDF ထုတ်ပြန်

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့အနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ် သား ခြောက်ဦးထက်မနည်းသေဆုံးကာ KNDF တပ်ရင်း (၂)မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

တင့်ကားများပါဝင်သည့် အကြမ်းဖက်စစ်ကောင် စီတပ်က စစ်ကြောင်းထိုးလာသည်ကို KNDF မှ ခုခံခဲ့ရာ နွားလဝိုး- ပဒါးညေးကျေးရွာများတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

“ဒီနေ့ မနက်ပိုင်းကစဖြစ်တာ ညနေလောက်အထိ ။စခ တွေဘက်က သေတာ မျက်မြင် အတည်ပြုနိုင်တာတင် ခြောက်ယောက်ရှိတယ်။ကျွန် တော်တို့ဘက်ကတော့ ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ် “ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲအတွင်း ပဒါးညေး နှင့် နွားလဝိုးကျေးရွာမှ ဒေသခံ ပြည်သူအမျိုးသားတစ်ဦးနှင့် ကလေး ငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသမီး တစ်ဦးသေဆုံးခဲ့ရကြောင်း ကရင်နီဒေသတွင်း သတင်းရင်းမြစ် JFK က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယနေ့ ညနေပိုင်းတွင် အကြမ်းဖက်စစ် ကောင်စီက လွိုင်ကော်မြို့ပြင်ရှိ စက်မှုဇုန်ကို မီးရှို့ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ကရင်နီ ပြည် နယ်ရှိ စစ်ရေးအရ အရေးပါသော မိုးဗြဲ၊ ဒီးမော့ဆို၊လွိုင်ကော်နှင့် ဖရူဆို မြို့နယ်များသို့ ယခင်လ ကစ၍ စစ်ကြောင်းများဖြင့် အကြိမ်ကြိမ် ထိုးစစ် ဆင်လာခဲ့သည်။

ထိုစစ်ကြောင်းများကို ကရင်နီတပ်ပေါင်းစုက ခုခံနေပြီး မကြာသေးမီက မိုးဗြဲ မြို့တိုက်ပွဲ တွင် အကြမ်းဖက်စစ်ကောင်စီက အထိနာခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်-ပြည်လမ်းပိုင်းက စစ်တပ်ဂိတ်စခန်းတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ပဲခူးတိုင်းစစ်ဌာနကထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီ​နေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေပစ်ကူ​ပေးဗုံးကြဲနေပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

Facebook