Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့ ကယန်းသာယာလမ်းဆုံအနီး တိုက်ပွဲဖြစ်ပွားနေ၍ လမ်းပိုင်းများသွားလာခြင်းမပြုရန် KNDF သတိပေး

အလားတူ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး ကန့်သတ်ကုန်ပစ္စည်းများတွေ့ရှိပါက ယာဥ်ကိုပါ သိမ်းဆည်းအရေးယူမည်ဟု သတိပေးသည်။

(KNDF ရဲဘော်များအား တွေ့ရစဉ်)
(KNDF ရဲဘော်များအား တွေ့ရစဉ်)

လွိုင်ကော်မြို့အထွက် ကယန်းသာယာလမ်းဆုံအနီး တိုက်ပွဲဖြစ်ပွားနေ၍ လမ်းပိုင်းများသွားလာခြင်းမပြုရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း -၂က ထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာ ၁၂ ရက်) နံနက် ၉နာရီခန့်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထိတွေ့မှု စတင် ဖြစ်ပွားနေခြင်းဟု ဆိုသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ကယန်းသာ ယာသို့ဖြတ်သောလမ်းမကြီးနှင့် လမ်းပိုင်းများကိုအသုံးမပြုကြရန်နှင့် တိုက်ပွဲသတင်းများကို နားစွင့်ရန် KNDF တပ်ရင်း (၂)က တိုက်တွန်းသည်။

“ဒီလ ၉ ရက် နေ့ကတည်းက လွိုင်ကော်မှာလည်း တိုက်ပွဲ ပြန်ဖြစ်လာတယ်။အဓိကတော့ စကစ ဘက်က စစ်ကြောင်း တပ်ဖြန့်လာတာလို့ သိရတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ​ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လက်ရှိစစ်ရေးအခြေအနေကြောင့် လွိုင်ကော် – မော်ချီး လမ်းပိုင်းကိုလည်း တစ်ပတ်လျှင် တနင်္လာ၊အင်္ဂါနှင့် ဗုဒ္ဓဟူး သုံးရက်သာလမ်းဖွင့်မည်ဟု ကရင်နီပြည်အစိုးရ၊ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အလားတူ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး ကန့်သတ်ကုန်ပစ္စည်းများတွေ့ရှိပါက ယာဥ်ကိုပါ သိမ်းဆည်းအရေးယူမည်ဟု သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook