Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာအခြေစိုက် Black Dragonအဖွဲ့စခန်း စီးနင်းဖျက်ဆီးခံရပြီး ကျပ်သိန်း၂၀၀ခန့် ဆုံးရှုံး

ထို့အပြင် စခန်းပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် ပြည်သူများပါဝင်ကူညီလှူဒါန်းပေးကြပါရန်လည်း Black Dragonအဖွဲ့က မေတ္တာရပ်ခံထားသည်။

စခန်းမီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Black Dragon
စခန်းမီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Black Dragon

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အခြေစိုက် Black Dragon Special Task Force -Monywa ညောင်ပင်စခန်း(ခွဲ)အား စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးသွားသောကြောင့် ကျပ်သိန်း ၂၀၀ဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း ယင်း Black Dragonအဖွဲ့ က သတင်းထုတ်ပြန်သည်။

ယနေ့ (စက်တင်ဘာ ၁၇ ) နံနက် ၆နာရီဝန်းကျင်က ဒလန်သတင်းပေးမှုကြောင့် Black Dragon Special Task Force -Monywa ညောင်ပင်စခန်း(ခွဲ)အား စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း တိုက်ခိုက်ခံခဲ့ရသည်။

စခန်းမီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Black Dragon
စခန်းမီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Black Dragon

လူနေအဆောင် လေးဆောင်နှင့် ထုတ်လုပ်ရေးစခန်းများကို မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဆိုင်ကယ်များ၊ ယမ်းအမျိုးမျိုး ၊လက်လုပ်ဘောက်ထိုးများ ၊ရှော့ဂမ်းများ ၊ (၄၀)မမ ဗုံးသီးပစ်သေနတ်များ၊ ရှော့ဒုံးများ ၊(၄၀)မမ ၊( ၆၀)မမ ဗုံးသီးများ ၊ ကျည်အမျိုးအစားအစုံနှင့် စစ်အသုံးအဆောင် ပစ္စည်းများ စုစုပေါင်းကာလတန်ကြေးငွေ သိန်း ၂၀၀ ကျော်ခန့်ဆုံးရှုံးခဲ့ရကြောင်း Black Dragonအဖွဲ့ က အသိပေးသည်။

သို့သော် ရဲဘော်များအထိအခိုက်နည်းနည်းဖြင့် ဘေးလွတ်ရာသို့ ဆုတ်ခွာနိုင်ခဲ့​ကြောင်း Black Dragon အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ Black Dragonအဖွဲ့ တာဝန်ရှိသူက “သတင်းအတိအကျ ရလို့ဝင်စီးတာ။ ပုံမှန်ဆို စစ်ကြောင်းထိုးလာလဲ ခြေကျင်လျှောက်နေကျ။ ဒီနေ့မှ ညောင်ပင်ထိ တန်းလာပြီးတော့ နှစ်ဖွဲ့ခွဲပြီး ဝင်ဝိုင်းတိုက်ခိုက်ခဲ့တာပါ။ ရုတ်တရက်ဆိုတော့ ကန့်ကကလေးတွေလည်း ဘာမှပြင်ဆင်ချိန်မရဘဲ ရရာဆွဲပြီး ထွက်ပြေးရတာပဲ။ လက်နက်ထားတဲ့နေရာကို အရင်ဝင်စီးခဲ့တာဆိုတော့ ကင်းချတဲ့သေနတ်ကလွဲရင် ဘာမှသိပ်မရလိုက်တာပါ။ ပစ္စည်းတွေပါသွားတဲ့အပြင် နေတဲ့နေရာတွေအကုန်မီးရှို့သွားတာ။”ဟု ရှင်းပြသည်။

ထို့အပြင် စခန်းပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် ပြည်သူများပါဝင်ကူညီလှူဒါန်းပေးကြပါရန်လည်း Black Dragonအဖွဲ့က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ