Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းတွင် စစ်ကောင်စီတပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်ကားတစ်စီးပျက်စီး

နောက်ဆုံးယာဉ်မှာ မိုင်းဆံများမှန်၍ မှန်များမှာလည်း တစ်စစီကြေမွပျက်စီးသွားပြီးရှေ့ဆက်မသွားတော့ဘဲ ချက်ချင်းထိုးရပ်သွားခဲ့ကြောင်း၊ အဆိုပါ ယာဉ်အား ရှေ့ကားများက ကြိုးများဖြင့်တုပ်နှောင်၍ ဆွဲခေါ်သယ်ဆောင်သွားခဲ့​ကြောင်း PDF South Monywaက အသိပေးသည်။

ပဲခူးတိုင်း တောင်ငူမြို့တွင် စစ်ကောင်စီတပ်ယာဉ်တစ်စီး လမ်းဘေးဓာတ်တိုင်အား ဝင်တိုက်နေစဉ်၊ ဓာတ်ပုံ - CJ
ပဲခူးတိုင်း တောင်ငူမြို့တွင် စစ်ကောင်စီတပ်ယာဉ်တစ်စီး လမ်းဘေးဓာတ်တိုင်အား ဝင်တိုက်နေစဉ်၊ ဓာတ်ပုံ - CJ

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေး လမ်းမကြီးပေါ်တွင် စစ်ကောင်စီတ​ပ်၏ ယာဉ်သုံးစီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကာ တစ်စီးပျက်စီးသွား၍ ကြိုးဖြင့်ဆွဲကာ သယ်ဆောင်သွားကြောင်း People’s Defence Force – South Monywa အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (စက်တင်ဘာလ ၁၆ ရက်) ည ၁ဝ နာရီ ၄၅ မိနစ်ခန့်က မုံရွာ – မန္တလေးလမ်းမကြီး၏ မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာ၌ စစ်ကောင်စီတပ်ယာဉ် သုံးစီးသည် အလျင်အမြန်မောင်းနှင် လာစဥ် မိုင်းမြှုပ်ထားသည့်နေရာအရောက် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း PDF South Monywa၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နောက်ဆုံးယာဉ်မှာ မိုင်းဆံများမှန်၍ မှန်များမှာလည်း တစ်စစီကြေမွပျက်စီးသွားပြီးရှေ့ဆက်မသွားတော့ဘဲ ချက်ချင်းထိုးရပ်သွားခဲ့ကြောင်း၊ အဆိုပါ ယာဉ်အား ရှေ့ကားများက ကြိုးများဖြင့်တုပ်နှောင်၍ ဆွဲခေါ်သယ်ဆောင်သွားခဲ့​ကြောင်း PDF South Monywaက အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ PDF South Monywa အဖွဲ့ တာဝန်ရှိသူ Daung Karyan က “ကားတွေက စစ်ကိုင်းကနေမုံရွာကိုလာတာပါ။သတင်းကမရကြဘူး။ ကျွန်တော်တို့တောင် ချောင်းဦးကျော်မှသတင်းရတာ။ မိုင်းထိပြီး ကားကိုမောင်းမရတော့လို့ ကြိုးနဲ့ဆွဲသွားရတာပါဗျ။”ဟု ပြောကြား သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများနိုင်သည်ဟု PDF South Monywa က ခန့်မှန်းသည်။

PDF- South Monywaအဖွဲ့သည် ယမန်နေ့ (စက်တင်ဘာ ၁၆ ရက်) မွန်းလွဲ ၁ နာရီ ၂၅မိနစ်ခန့်ကလည်း မုံရွာမြို့နယ် တောပုရွာအနီး၌ ပျူစောထီးများက PDFအယောင်ဆောင်ပြီး လမ်းသွားလမ်းလာပြည်သူများအား အကြမ်းဖက်စစ်ဆေးနေ၍ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်