Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့်ရမ်းပစ်၍ဘင်္ဂလားဒေ့ရှ်ဘက်တွင် တစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ခြင်းအ​ပေါ် ULA/AA ပြင်းထန်စွာကန့်ကွက်ရှုတ်ချ

ယမန်နေ့ စက်တင်ဘာ ၁၆ ရက်နေ့ည ၈ နာရီခန့်က စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီး ဘဂ်လားဒေ့ရှ်ဘက်ကျရောက်ကာ (၁၇)နှစ်အရွယ် Md Iqbal သေဆုံးပြီး ငါးဦးဒဏ်ရာပြင်းထန်စွာရရှိသွားခြင်းဖြစ် ကြောင်းAAက ဖော်ပြသည်။

(သြဂုတ် ၂၈ ရက်တွင် စစ်​ကောင်စီ နယ်ခြား​စောင့်တပ်ကပစ်ခတ်ပြီး ဘဂ်လား​ဒေရှ်ဘက်ကျ​သော​​မော်တာကျည်နှင့် ULA/AA ထုတ်ပြန်ချက်)
(သြဂုတ် ၂၈ ရက်တွင် စစ်​ကောင်စီ နယ်ခြား​စောင့်တပ်ကပစ်ခတ်ပြီး ဘဂ်လား​ဒေရှ်ဘက်ကျ​သော​​မော်တာကျည်နှင့် ULA/AA ထုတ်ပြန်ချက်)

ရခိုင် – ဘင်္ဂလားနယ်စပ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်ရာ ဘဂ်လားဒေ့ရှ်ဘက်ကျရောက်ပြီး (၁၇)နှစ်အရွာကလေးတစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာပြင်းထန်စွာ ရရှိသွားသဖြင့် စစ်ဘက် အရပ်ဘက်မခွဲခြားဘဲ စစ်တပ်ကရမ်းသမ်းပစ်ခတ်မှုအ​​ပေါ် ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)က ပြင်းထန်စွာကန့်ကွက်ရှုတ်ချ​ကြောင်း ယနေ့(စက်တက်ဘာ ၁၇)တွင် ထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာ ၁၆ ရက်နေ့ည ၈ နာရီခန့်က စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီး ဘဂ်လားဒေ့ရှ်ဘက်ကျရောက်ကာ (၁၇)နှစ်အရွယ် Md Iqbal သေဆုံးပြီး ငါးဦးဒဏ်ရာပြင်းထန်စွာရရှိသွားခြင်းဖြစ် ကြောင်းAAက ဖော်ပြသည်။

(သြဂုတ် ၂၈ ရက်တွင် စစ်​ကောင်စီ နယ်ခြား​စောင့်တပ်ကပစ်ခတ်ပြီး ဘဂ်လား​ဒေရှ်ဘက်ကျ​သော​​မော်တာကျည်နှင့် ULA/AA ထုတ်ပြန်ချက်)
(သြဂုတ် ၂၈ ရက်တွင် စစ်​ကောင်စီ နယ်ခြား​စောင့်တပ်ကပစ်ခတ်ပြီး ဘဂ်လား​ဒေရှ်ဘက်ကျ​သော​​မော်တာကျည်နှင့် ULA/AA ထုတ်ပြန်ချက်)

“သို့ဖြစ်ပါ၍ မိမိတို့ ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရခိုင့်တပ်တော် အနေဖြင့် စစ်ကောင်စီတပ်၏ အရပ်ဖက်ပစ်မှတ်များကို လက်နက်ကြီးများဖြင့် မဆင်မခြင်ရမ်းသမ်းပစ်နေသည့် လုပ်ရပ်များအား ပြင်းထန်စွာကန့်ကွက်ရှုတ်ချလိုက်ပြီး စစ်ကောင်စီတပ်၏ လူသားမဆန်စွာ ရက်ရက် စက်စက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့ရသူများအတွက် များစွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါကြောင်း ထုတ်ပြန်အပ်ပါသည်”ဟု ULA/AA က ဆို သည်။

နိုင်ငံအတွင်း စစ်ရေး၊ နိုင်ငံရေး အဖက်ဖက်မှရှုံနိမ့်ပြီး အရူးမီးဝိုင်းနေသော စစ်ကောင်စီတပ်သည် နိုင်ငံနယ်စပ်တလျှောက်စစ်အင်အားများတိုးချဲ့နေသည့်အပြင် ဂျက်တိုက်လေယာဥ်များ၊ လက်နက်ကြီးများ အလွန်အကျွံအသုံးပြုကာ အရပ်ဖက်၊ စစ်ဖက် ပစ်မှတ်မခွဲခြားဘဲ ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် နယ်စပ်ဒေသတလျှောက်ရှိ ပြည်သူများ ဒုက္ခရောက်နေကြရသည်ဟု ထောက်ပြသည်။

Public Service Announcement

Public Service Announcement

အလားတူ လွန်ခဲ့သောနှစ်လနီးပါးခန့်ကလည်း ရခိုင် – ဘဂ်လားနယ်စပ်တလျှောက် စစ်ကောင်စီတပ်မှ ဆိုးဝါးသော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ပြီး ယခုအခါ ရျက်တိုက်လေယာဥ်များ၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ကျူးလွန်လျှက်ရှိသည်ဟု ဖော်ပြသည်။

ထို့ကြောင့် ယခင်ကတည်းက ဒုက္ခရောက်နေရသည့် မူဆလင်လူမျိုးများမှာ တစ်နိုင်ငံလုံးရှိ မြန်မာပြည်သူ များနည်းတူ စစ်ဘေးစစ်ဒဏ်များကို ထပ်မံ ခံစားနေကြရပြီး အကြမ်းဖက်နာ်ချဲ့နေသော စစ်ကောင်စီတပ်သည် ၎င်းတို့၏ယခုလုပ်ရပ်များကို အခြားသူများလုပ်လေဟန် ဝါဒဖြန့်လျှက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေတိုက်ပွဲမှာစစ်တပ်ကရှေ့တိုးဖို့ကြိုးစားနေပေမယ့် အထိအခိုက် အကျအဆုံးတွေနဲ့သာ ကြုံတွေ့နေ

သတင်း

မွန်ပြည်နယ်၊ သထုံမြို့နယ် ချောင်းစောင့်ကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၉)နှစ်အရွယ် ကလေးငယ် ၁ဦး ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့ရဟု ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

နတ်ရေကန်တိုက်ပွဲမှာအထိနာနေပြီး လေကြောင်းပစ်ကူပေးနေရတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ပါရာ​မော်တာ တစီးကို အာရက္ခတပ်တော်(AA)က ဒီနေ့ မနက်ပိုင်းမှာပစ်ချနိုင်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ် တွေက ပြောပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာရဲ့ အနီးကပ် အကြံပေးဟောင်း တစ်ဦးကို ဘင်္ဂလားဒေ့ရှ် တရားရုံးက မျက်ကွယ်သေဒဏ် စီရင်ချမှတ်လိုက်ပါတယ်။