Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့်ရမ်းပစ်၍ဘင်္ဂလားဒေ့ရှ်ဘက်တွင် တစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ခြင်းအ​ပေါ် ULA/AA ပြင်းထန်စွာကန့်ကွက်ရှုတ်ချ

ယမန်နေ့ စက်တင်ဘာ ၁၆ ရက်နေ့ည ၈ နာရီခန့်က စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီး ဘဂ်လားဒေ့ရှ်ဘက်ကျရောက်ကာ (၁၇)နှစ်အရွယ် Md Iqbal သေဆုံးပြီး ငါးဦးဒဏ်ရာပြင်းထန်စွာရရှိသွားခြင်းဖြစ် ကြောင်းAAက ဖော်ပြသည်။

(သြဂုတ် ၂၈ ရက်တွင် စစ်​ကောင်စီ နယ်ခြား​စောင့်တပ်ကပစ်ခတ်ပြီး ဘဂ်လား​ဒေရှ်ဘက်ကျ​သော​​မော်တာကျည်နှင့် ULA/AA ထုတ်ပြန်ချက်)
(သြဂုတ် ၂၈ ရက်တွင် စစ်​ကောင်စီ နယ်ခြား​စောင့်တပ်ကပစ်ခတ်ပြီး ဘဂ်လား​ဒေရှ်ဘက်ကျ​သော​​မော်တာကျည်နှင့် ULA/AA ထုတ်ပြန်ချက်)

ရခိုင် – ဘင်္ဂလားနယ်စပ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်ရာ ဘဂ်လားဒေ့ရှ်ဘက်ကျရောက်ပြီး (၁၇)နှစ်အရွာကလေးတစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာပြင်းထန်စွာ ရရှိသွားသဖြင့် စစ်ဘက် အရပ်ဘက်မခွဲခြားဘဲ စစ်တပ်ကရမ်းသမ်းပစ်ခတ်မှုအ​​ပေါ် ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)က ပြင်းထန်စွာကန့်ကွက်ရှုတ်ချ​ကြောင်း ယနေ့(စက်တက်ဘာ ၁၇)တွင် ထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာ ၁၆ ရက်နေ့ည ၈ နာရီခန့်က စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီး ဘဂ်လားဒေ့ရှ်ဘက်ကျရောက်ကာ (၁၇)နှစ်အရွယ် Md Iqbal သေဆုံးပြီး ငါးဦးဒဏ်ရာပြင်းထန်စွာရရှိသွားခြင်းဖြစ် ကြောင်းAAက ဖော်ပြသည်။

(သြဂုတ် ၂၈ ရက်တွင် စစ်​ကောင်စီ နယ်ခြား​စောင့်တပ်ကပစ်ခတ်ပြီး ဘဂ်လား​ဒေရှ်ဘက်ကျ​သော​​မော်တာကျည်နှင့် ULA/AA ထုတ်ပြန်ချက်)
(သြဂုတ် ၂၈ ရက်တွင် စစ်​ကောင်စီ နယ်ခြား​စောင့်တပ်ကပစ်ခတ်ပြီး ဘဂ်လား​ဒေရှ်ဘက်ကျ​သော​​မော်တာကျည်နှင့် ULA/AA ထုတ်ပြန်ချက်)

“သို့ဖြစ်ပါ၍ မိမိတို့ ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရခိုင့်တပ်တော် အနေဖြင့် စစ်ကောင်စီတပ်၏ အရပ်ဖက်ပစ်မှတ်များကို လက်နက်ကြီးများဖြင့် မဆင်မခြင်ရမ်းသမ်းပစ်နေသည့် လုပ်ရပ်များအား ပြင်းထန်စွာကန့်ကွက်ရှုတ်ချလိုက်ပြီး စစ်ကောင်စီတပ်၏ လူသားမဆန်စွာ ရက်ရက် စက်စက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့ရသူများအတွက် များစွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါကြောင်း ထုတ်ပြန်အပ်ပါသည်”ဟု ULA/AA က ဆို သည်။

နိုင်ငံအတွင်း စစ်ရေး၊ နိုင်ငံရေး အဖက်ဖက်မှရှုံနိမ့်ပြီး အရူးမီးဝိုင်းနေသော စစ်ကောင်စီတပ်သည် နိုင်ငံနယ်စပ်တလျှောက်စစ်အင်အားများတိုးချဲ့နေသည့်အပြင် ဂျက်တိုက်လေယာဥ်များ၊ လက်နက်ကြီးများ အလွန်အကျွံအသုံးပြုကာ အရပ်ဖက်၊ စစ်ဖက် ပစ်မှတ်မခွဲခြားဘဲ ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် နယ်စပ်ဒေသတလျှောက်ရှိ ပြည်သူများ ဒုက္ခရောက်နေကြရသည်ဟု ထောက်ပြသည်။

Public Service Announcement

Public Service Announcement

အလားတူ လွန်ခဲ့သောနှစ်လနီးပါးခန့်ကလည်း ရခိုင် – ဘဂ်လားနယ်စပ်တလျှောက် စစ်ကောင်စီတပ်မှ ဆိုးဝါးသော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ပြီး ယခုအခါ ရျက်တိုက်လေယာဥ်များ၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ကျူးလွန်လျှက်ရှိသည်ဟု ဖော်ပြသည်။

ထို့ကြောင့် ယခင်ကတည်းက ဒုက္ခရောက်နေရသည့် မူဆလင်လူမျိုးများမှာ တစ်နိုင်ငံလုံးရှိ မြန်မာပြည်သူ များနည်းတူ စစ်ဘေးစစ်ဒဏ်များကို ထပ်မံ ခံစားနေကြရပြီး အကြမ်းဖက်နာ်ချဲ့နေသော စစ်ကောင်စီတပ်သည် ၎င်းတို့၏ယခုလုပ်ရပ်များကို အခြားသူများလုပ်လေဟန် ဝါဒဖြန့်လျှက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

Facebook