Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်တိုက်ပွဲ စစ်ကောင်စီတပ် သုံးဦးသေ၊ ငါးဦး ဒဏ်ရာရဟု SSPP အသိပေး

စက်တင်ဘာ ၁၇ရက်က မိုးမိတ်မြို့နယ် ဝမ်အုံကျေးရွာ၏မြောက်ဘက် ဟွေခမ်းတောင်ကြော၌ SSPPနှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

(SSPP ရဲဘော်များအား တွေ့ရစဉ်၊ဓာတ်ပုံ - SSPP)
(SSPP ရဲဘော်များအား တွေ့ရစဉ်၊ဓာတ်ပုံ - SSPP)

▪️မိုးမိတ်နယ်မှ SSPPတပ်များ ထွက်သွားရန် စစ်ကောင်စီတပ်၏ပြောဆိုချက်လက်မခံ၍ တိုက်ပွဲဖြစ်ရဟု ဖော်ပြ

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)နှင့် စစ်ကောင်စီတပ်တို့ ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့နယ်၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သုံးဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း SSPPက သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁၇ရက်က မိုးမိတ်မြို့နယ် ဝမ်အုံကျေးရွာ၏မြောက်ဘက် ဟွေခမ်းတောင်ကြော၌ SSPPနှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အင်အား ၆၀ခန့်ပါသည့် စစ်ကောင်စီတပ် ခမရ (၃၄၈) ၊ ခလရ(၂၇၆) ပူးပေါင်းစစ်ကြောင်းက ဝမ်အုံကျေးရွာအုပ်စုအတွင်းသို့ ရောက်ရှိလာပြီး SSPP တပ် အခြေချလုပ်ရှားနေသည့် ဟွေခမ်းတောင်ကြောဘက်သို့ ချီတက်လာရာ၍ ယမန်နေ့ညနေပိုင်း၌ နာရီဝက်ခန့် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်အနေဖြင့် စက်တင်ဘာ ၁၆ ရက် က မိုးမိတ်မြို့နယ်အတွင်း အခြေချလုပ်ရှားနေသည့် SSPPတပ်များ မိုးမိတ်ထဲမှ ထွက်သွားရန် ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ တဆင့် မိုးမိတ်အ တွင်းရှိ SSPPတာဝန်ခံများကို အကြောင်းကြားခဲ့ကြောင်း၊ SSPPတပ်က လက်မခံဘဲ ဆက်လက် အခြေချ လှုပ်ရှားခဲ့ရာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း တိုက်ပွဲဖြစ်ပွားရသည့် အကြောင်းအရင်းကို ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ဇူလိုင်လဆန်းကလည်း မိုးမိတ်မြို့နယ်မိုးဘုံကျေးရွာနှင့် ဝမ်အုံကျေးရွာကြား၌ SSPP နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်။

ယနေ့တွင် စစ်ကောင်စီတပ်က တပ်အင်အားများ ထပ်မံဖြည့်တင်းထား၍ တိုက်ပွဲမဖြစ်သော်လည်း စစ်ရေးတင်းမာနေသည်ဟု SSPPက အသိပေးထားသည်။

SSPP တပ်ဖွဲ့ဟာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုနှင့် နေပြည်တော်ကို သွားရောက်တွေ့ဆုံသည့် လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိရရှိထားတဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေဖို့ ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အခြားလက်နက်ကိုင်အဖွဲများနဲ့ ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားဖို့ စစ်ကောင်စီ ဘက်က ဆွေးနွေးလာကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဒီကနေ့ ဇွန်လ ၁၇ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၂ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။