Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်သားနှစ်ဦး တပ်မဟာ ၅ ထံ အလင်းဝင်

ကော်သူးလေ မူတြော်ခရိုင် အမှတ်(၅)တပ်မဟာ ထိန်းချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အဆက်မပြတ်အလင်းဝင်ရောက်ရှိလာကြောင်း ဒေသတွင်းသတင်းရင်းမြစ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်သားနှစ်ဦး တပ်မဟာ ၅ ထံ အလင်းဝင်
စစ်ကောင်စီတပ်သားနှစ်ဦး တပ်မဟာ ၅ ထံ အလင်းဝင်

ကော်သူးလေ မူတြော်(ဖာပွန်)ခရိုင် အမှတ်(၅)တပ်မဟာ ထိန်းချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးဟာ လက်နက်ခဲယမ်းနဲ့အတူ တပ်မဟာ(၅)ထံသို့ အလင်းဝင်ရောက်လာခဲ့တယ်လို့ ကေအဲန်ယူ-မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၂၁)ရက်က စစ်ကောင်စီလက်အောက်ခံ စကခ(၈) ခမရ(၄၀၁)တပ်ဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ တပ်သားသာလှနဲ့ ရဲသီဟထွန်းတို့ဟာ ကော်သူးလေ မူတြော်ခရိုင် အမှတ်(၅)တပ်မဟာထိန်းချုပ်နယ်မြေအတွင်းကို အလင်းဝင်ရောက်ရှိလာပြီး (3A-4)လက်ဖြောင့်သေနတ်တစ်လက်နဲ့အတူ ကျည်(၁၆)တောင့် ယူဆောင်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အခုလို ကော်သူးလေ မူတြော်ခရိုင် အမှတ်(၅)တပ်မဟာထိန်းချုပ်နယ်မြေအတွင်း အလင်းဝင်ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် လက်နက်ယူဆောင်လာသူ မောင်သာလှကို (၁၅၀၀၀၀၀)ကျပ်နဲ့ လက်နက်မယူဆောင်လာတဲ့ တပ်သားရဲသီဟထွန်းကိုတော့ ငွေကျပ်(၅၀၀၀၀၀)တိတိ ဆုငွေပေးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ မူတြော်ခရိုင် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ကော်သူးလေ မူတြော်ခရိုင် အမှတ်(၅)တပ်မဟာ ထိန်းချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အဆက်မပြတ်အလင်းဝင်ရောက်ရှိလာကြောင်း ဒေသတွင်းသတင်းရင်းမြစ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။