Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ် အနည်းဆုံး ရှစ်ဦးသေဟုဆို

“ဒီနေ့ နယ်မြေရှင်းရင်းနဲ့ စခ အလောင်းတွေတွေ့တာ။အဝတ်စတွေ စောင်တွေနဲ့ပတ်ပြီး ဖြစ်သလိုပဲ အလောင်းတွေထပ်ပြီးမြုပ်ထားတာ။

(သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားအလောင်းများအား မြေမြှပ်ထားသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ IR)
(သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားအလောင်းများအား မြေမြှပ်ထားသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ IR)

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နန်းမကျိုင်းရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အနည်းဆုံး ရှစ်ဦး သေဆုံးပြီး အလောင်းများကိုဖြစ်သလိုမြှုပ်နှံသွားသည်ဟု Indaw Revolution က ယနေ့(စက်တင်ဘာ ၂၀ ရက်) ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်များအရ နန်းမကျိုင်းရွာ ချောင်းဖျားတွင် အင်အား ၇၀ကျော်ခန့်ပါသော စစ်ကောင်စီတပ် ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ PDFနှင့် ကျောင်းသားတပ်တို့က ယခုလ ၁၈ရက်နှင့် ၁၉ ရက်တို့တွင် နှစ်ကြိမ်တိုင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားအလောင်းများအား မြေမြှပ်ထားသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ IR)
(သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားအလောင်းများအား မြေမြှပ်ထားသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ IR)

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အနည်းဆုံး ရှစ်ဦးခန့် သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း အသိပေးသည်။ ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း PDFရဲဘော်တစ်ဦးကျဆုံးခဲ့ရသည်။

“ဒီနေ့ နယ်မြေရှင်းရင်းနဲ့ စခ အလောင်းတွေတွေ့တာ။အဝတ်စတွေ စောင်တွေနဲ့ပတ်ပြီး ဖြစ်သလိုပဲ အလောင်းတွေထပ်ပြီးမြုပ်ထားတာ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

တိုက်ပွဲနေရာရဲ့ ရွာ တောင်ပေါ်ဘက်ပေါ့”ဟု Indaw Revolution တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

လက်ရှိတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ် သည် အင်းတော်မြို့သို့ ပြန်လည်ဆုတ်ခွာသွား ပြီဖြစ်ကြောင်းလည်း ၎င်းက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။