Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ် အနည်းဆုံး ရှစ်ဦးသေဟုဆို

“ဒီနေ့ နယ်မြေရှင်းရင်းနဲ့ စခ အလောင်းတွေတွေ့တာ။အဝတ်စတွေ စောင်တွေနဲ့ပတ်ပြီး ဖြစ်သလိုပဲ အလောင်းတွေထပ်ပြီးမြုပ်ထားတာ။

(သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားအလောင်းများအား မြေမြှပ်ထားသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ IR)
(သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားအလောင်းများအား မြေမြှပ်ထားသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ IR)

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နန်းမကျိုင်းရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အနည်းဆုံး ရှစ်ဦး သေဆုံးပြီး အလောင်းများကိုဖြစ်သလိုမြှုပ်နှံသွားသည်ဟု Indaw Revolution က ယနေ့(စက်တင်ဘာ ၂၀ ရက်) ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်များအရ နန်းမကျိုင်းရွာ ချောင်းဖျားတွင် အင်အား ၇၀ကျော်ခန့်ပါသော စစ်ကောင်စီတပ် ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ PDFနှင့် ကျောင်းသားတပ်တို့က ယခုလ ၁၈ရက်နှင့် ၁၉ ရက်တို့တွင် နှစ်ကြိမ်တိုင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားအလောင်းများအား မြေမြှပ်ထားသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ IR)
(သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားအလောင်းများအား မြေမြှပ်ထားသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ IR)

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အနည်းဆုံး ရှစ်ဦးခန့် သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း အသိပေးသည်။ ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း PDFရဲဘော်တစ်ဦးကျဆုံးခဲ့ရသည်။

“ဒီနေ့ နယ်မြေရှင်းရင်းနဲ့ စခ အလောင်းတွေတွေ့တာ။အဝတ်စတွေ စောင်တွေနဲ့ပတ်ပြီး ဖြစ်သလိုပဲ အလောင်းတွေထပ်ပြီးမြုပ်ထားတာ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

တိုက်ပွဲနေရာရဲ့ ရွာ တောင်ပေါ်ဘက်ပေါ့”ဟု Indaw Revolution တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

လက်ရှိတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ် သည် အင်းတော်မြို့သို့ ပြန်လည်ဆုတ်ခွာသွား ပြီဖြစ်ကြောင်းလည်း ၎င်းက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။