Connect with us

Hi, what are you looking for?

သတင်း

တပ်မဟာ(၅)နယ်မြေကဆင်းလာသည့် စစ်ကောင်စီတပ်နှင့် KNU တပ်မဟာ(၃)တို့ နှစ်ပတ်ကြာတိုက်ပွဲဖြစ်

စက်တင်ဘာ ၁၄ရက် ညနေပိုင်းတွင် လေယာဉ်ဖြင့် လေးကြိမ် လာရောက်ပစ်ခတ်ခဲ့ပြီး စက်တင် ဘာ၂၀ရက်တွင် လေယာဉ်ဖြင့်သုံးကြိမ်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

▪️စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ပြီး လေယာဉ်ဖြင့် ရိက္ခာပို့၊ စစ်အင်အားများထပ်ဖြည့်နေ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေမှ ဆင်းလာသည့် စစ်ကောင် စီတပ်ကို KNU တပ်မဟာ(၃) တပ်ဖွဲ့ဝင်များက တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲဖြစ်ပွားမှု ၂ပတ်ကြာမြင့်ကာ စစ်ကောင်စီတပ်မှ အင်အားဖြည့်တင်းလျက်ရှိကြောင်း KNUက သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၇ရက်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်သည် တပ်မဟာ(၅)ဘက်မှ အင်အား ၂၀၀ကျော်ဖြင့် ပြန်ဆင်းလာကာ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်း ထိုးစစ်ဆင်၍ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေကြောင်း ဖော်ပြထားသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် စက်တင်ဘာ ၁၄ ရက် တွင် အင်အား ၁၅၀ခန့် အင်အားဖြည့်ခဲ့ပြီး စက်တင်ဘာ ၁၇ရက်တွင် အင်အား ၅၀ ကျော်ထပ်မံ အင်အားဖြည့်ခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

စက်တင်ဘာ ၁၄ရက် ညနေပိုင်းတွင် လေယာဉ်ဖြင့် လေးကြိမ် လာရောက်ပစ်ခတ်ခဲ့ပြီး စက်တင် ဘာ၂၀ရက်တွင် လေယာဉ်ဖြင့်သုံးကြိမ်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် စက်တင်ဘာ၂၁ရက်တွင် စစ်သုံးထောက်ပို့ ရဟတ်ယာဉ်တစ်စီး၊ တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စီးအသုံးပြုပြီး ကျောက်ကြီးမြို့နယ်အတွင်း ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်သားများအတွက် ရိက္ခာထုပ် ၉ထုပ် လာရောက်ပစ်ချပေးသွားသည်ဟု ဆိုသည်။

ညနေပိုင်း၌လည်း လေယာဉ်များဖြင့် ထောက်လှမ်းမှု ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

KNU တပ်မဟာ(၃)နှင့် စစ်ကောင်စီတပ်တို့၏ နှစ်ပတ် ကြာ တိုက်ပွဲများအတွင်း ထိခိုက်ကျဆုံးအခြေအနေများကိုမူ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားခြင်းမရှိပေ။ စစ်ကောင်စီတပ်အနေဖြင့် မြေပြင်တိုက်ပွဲများ၌ အထိနာပါက လေကြောင်းမှ ပစ်ကူပေး တိုက်ခိုက် လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။