Connect with us

Hi, what are you looking for?

သတင်း

တမူး – အောင်ဇေယျလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် PDF တမူးတို့ တိုက်ပွဲဖြစ်

တိုက်ပွဲတွင် သေဆုံးသည့် အလောင်းများကို စစ်ကောင်စီတပ်က ဆရာစံရွာနှင့် ဝက်ရှု့ကြားတောတွင် မြှပ်နှံသွားသည်ဟု ဒေသခံများက ပြောသည်။

(PDF တမူးမှ ရဲဘော်များအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း တမူး – အောင်ဇေယျလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များ ယနေ့နက် ၁၀နာရီခန့်တွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်နှင့်နီးစပ်သူများနှင့်ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် အင်အား ၁၀၀ခန့်ပါသည့် ယာဥ်သုံးစီးဖြင့် တမူးမြို့အထက်ပိုင်း မြို့သစ်ဘက်ကို ဦးတည်မောင်းနှင်လာစဉ် ဒေသခံကာကွယ်ရေးတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

တိုက်ပွဲမှာ အချိန်၁နာရီခန့်ကြာမြင့်ပြီး စစ်ကောင်စီတပ်က အထိအခိုက်ကျဆုံးမှုများရှိသော်လည်း စာရင်းအတိအကျကို မသိရကြောင်း ဒေသခံကာကွယ်ရေးတပ်နှင့်နီးစပ်သူများကပြောသည်။

ထို့အပြင် ဒေသခံကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ကြောင်းလည်း ဒေသခံကာကွယ်ရေးတပ်နှင့် နီးစပ်သူများက ပြောသည်။

Public Service Announcement

Public Service Announcement

“တမူး PDFတပ်ရင်း (၁) နဲ့ မဟာမိတ်တွေ ပူးပေါင်းပြီး စခ(စစ်ကောင်စီတပ်)ကို တိုက်တာ။ ၁နာရီလောက်အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲတွင် သေဆုံးသည့် အလောင်းများကို စစ်ကောင်စီတပ်က ဆရာစံရွာနှင့် ဝက်ရှု့ကြားတောတွင် မြှပ်နှံသွားသည်ဟု ဒေသခံများက ပြောသည်။

တမူး – အောင်ဇေယျလမ်းပိုင်းတွင် စစ်ရေးတင်းမာနေခြင်းကြောင့် ဒေသခံကာကွယ်ရေးတပ်များက ခရီးသွားလာခွင့်ကို တားမြစ်ထားကြောင်းလည်း အကြိမ်ကြိမ်သတိပေးထားသည်။

ထိုအတူ စက်တင်ဘာ ၁၉ ရက်ကလည်း တမူးမြို့ဝင် (၄)မိုင်ဂိတ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်မှ ရဲဘော် နှစ် ဦးကျဆုံးခဲ့သည်။ ကျဆုံးခဲ့သည့် ရဲဘော်များမှ BSO(Burmese Student Organization)တပ်ဖွဲ့မှ အသက် ၁၈ အရွယ် မောင်အာကာထက်နှင့် တမူး(ပကဖ)မှ အသက် ၄၀အရွယ် ရဲဘော်လင်းယုန်တို့ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ