Connect with us

Hi, what are you looking for?

သတင်း

ခေါက်ပလော့ရွာတိုက်ပွဲ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိဟု PDF လွိုင်ကော် ထုတ်ပြန်

ကရင်နီတပ်မတော်(KA)အပြင် PDF များနှင့် KNDF တို့မှ ပူးပေါင်းဆင်နွှဲခြင်းဖြစ်ပြီး လွိုင် ကော် PDF မှ နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး စနစ်တကျ ဆေးကုသမှုကို ခံယူလျက်ရှိကြောင်း အသိပေးသည်။

(PDF လွိုင်ကော်မှ ရဲဘော်တစ်ဦးအား တွေ့ရစဉ်)
(PDF လွိုင်ကော်မှ ရဲဘော်တစ်ဦးအား တွေ့ရစဉ်)

ဒီးမော့ဆိုမြို့နယ်၊ ခေါက်ပလော့ကျေးရွာ တိုက်ပွဲ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိကြောင်း PDF လွိုင် ကော်က ယနေ့(စက်တင်ဘာ ၂၅ ရက်) ထုတ်ပြန် သည်။

တိုက်ပွဲမှာ ယမန်နေ့ (စက်တင်ဘာ ၂၄ ရက်)ကခေါက်ပလော့ ကျေးရွာ၊ ပြည်သူ့ နေအိမ်များ၌ တပ်စွဲထားသော စစ်ကောင်စီအား ကရင်နီမဟာမိတ်ပြည်သူ့တပ်များမှ ပူးပေါင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီမှ လက်နက်ကြီးအင်အား မတန်တဆသုံးခဲ့သော်လည်း မဟာမိတ်များမှ ကြံ့ကြံ့ခံခုခံတိုက်ပွဲဝင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိခဲ့ပြီးတိကျသော အရေအတွက်ကိုမူ မသိနိုင်သေးပေ။

ကရင်နီတပ်မတော်(KA)အပြင် PDF များနှင့် KNDF တို့မှ ပူးပေါင်းဆင်နွှဲခြင်းဖြစ်ပြီး လွိုင် ကော် PDF မှ နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး စနစ်တကျ ဆေးကုသမှုကို ခံယူလျက်ရှိကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“ကျတာ KNDF တပ်ရင်း (၁)ဘက်က ရဲဘော်နှစ် ဦးလို့သိရတယ်။မနေ့က မနက်ကတည်းက တိုက် ပွဲဖြစ်နေတာ။ဒီနေ့လည်း တိုက်ပွဲဆက်ပြင်းထန်နေတယ်။စကစ ဘက်က ဂျက်လေယာဥ်တစ်စီး ပါ တွေ့ရတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်း မြစ်က ပြောသည်။

တိုင်းပြည်အတွက် အသက်ပေးလှူသွားကြသော တပ်ရင်းအသီးသီးမှ သူရဲကောင်းရဲဘော်များအားလွိုင်ကော် PDF မှ အလေးပြုဦးညွှတ်ပြီးအရေးတော်ပုံပြီးဆုံးသည်ထိ တိုက်စစ်နေရာမှ ပါဝင်မည်ဟု ကတိပြုဖော်ပြသည်။

ယခုလအတွင်း ကရင်နီဒေသရှိ မြို့နယ်အများစု (ဒီးမော့ဆို၊လွိုင်ကော်၊မိုးဗြဲ၊ဖယ်ခုံနှင့် ဖရူဆို)တို့တွင် နေ့စဥ်တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ အများအပြားသေဆုံးကာ ကရင်နီတပ်ပေါင်းစုမှ ရဲဘော် ၁၄ဦး ကျဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။