Connect with us

Hi, what are you looking for?

သတင်း

ကိုဗစ်ပိုး​တွေ့ အတည်ပြုလူနာယမန်နေ့ကထက် (၈၀)ဦးထပ်တိုး

NUG အစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနကလည်း ​မြန် မာနိုင်ငံတွင် ရက်သတ္တနှစ်ပတ်အတွင်း ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု နှစ်ဆတိုးလာသည်ကိုတွေ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏စာရင်းများကို ကိုးကားပြီး သတိပေးသည်။

(ပိုးတွေ့အတည်ပြုလူနာတစ်ဦးအား ဆေးရုံသို့ပို့ရန် ပြင်ဆင်နေစဥ်၊ဓာတ်ပုံ - ဧရာဝတီကရုဏာ အခမဲ့ကူညီရေးအသင်း)
(ပိုးတွေ့အတည်ပြုလူနာတစ်ဦးအား ဆေးရုံသို့ပို့ရန် ပြင်ဆင်နေစဥ်၊ဓာတ်ပုံ - ဧရာဝတီကရုဏာ အခမဲ့ကူညီရေးအသင်း)

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာ (၃၈၀)ဦးရှိပြီး ယမန်နေ့ကထက် လူနာ(၈၀)ဦး ပိုမိုစစ်ဆေးတွေ့ရှိကြောင်း စစ်ကောင်စီလက်အောက်ခံကျန်း မာရေးဝန်ကြီးဌာနက ယနေ့(စက်တင်ဘာ ၂၅)ထုတ်ပြန် သည်။

စက်တင်ဘာ ၂၃ ရက်နေ့ည ၈ နာရီမှ ယမန်နေ့ စက် တင်ဘာ ၂၄ ရက်နေ့ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ (၁၂,၀၆၄)ခုအား စစ်ဆေးခဲ့ရာတွင် ဓာတ်ခွဲအတည်ပြုလူနာ(၃၈၀)ဦး တွေ့ရှိခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ပိုးတွေ့အတည်ပြုလူနာများတွင် ရန်ကုန်တိုင်းမှ (၁၈၄)ဦးဖြင့် အများဆုံးဖြစ်ပြီး ယမန်နေ့က နံပါတ်(၁၀)နေရာတွင်ရှိခဲ့သော မကွေးတိုင်းက အတည်ပြုလူနာ (၅၈)ဦးဖြင့် ဒုတိယအများဆုံးဖြစ်ကာ နေပြည်တော်မှ (၃၅)ဦးဖြင့် တတိယအများဆုံးဖြစ်သည်ကို တွေ့ရသည်။

အလားတူ ယမန်နေ့က ပိုးတွေလူနာ တတိယအများဆုံးနေရာတွင်ရှိခဲ့သော မန္တလေးတိုင်းက ယနေ့(စက်တင်ဘာ ၂၅)တွင် အတည်ပြုလူနာ (၁၄)ဦးဖြင့် ဆဋ္ဌမနေရာတွင် ရှိနေသည်။

Public Service Announcement

Public Service Announcement

တစ်နိုင်ငံလုံးတွင် ပိုးတွေ့လူနာအများဆုံးဖြစ်သော ရန် ကုန်တိုင်းတွင် မဂ်လာဒုံမြို့နယ်သည် စက်တင်ဘာ ၂၊ ၇၊ ၁၀၊ ၂၀ စသည့်ရက်များမှလွဲ၍ ပိုးတွေ့လူနာအများဆုံးတွေ့ရသည့် မြို့နယ်တစ်ခုဖြစ်ပြီး ယနေ့တွင်လည်း ပိုးတွေလူနာ (၂၀)ဦးဖြင့် အများဆုံးဖြစ်သည်ကို တွေ့ရသည်။

စစ်​ကောင်စီလက်​အောက်တွင်ကျန်းမာ​ရေးစနစ်ပျက်စီးယိုယွင်း​နေပြီး ကိုဗစ်ကာကွယ်​ရေးကုသ​ရေးအပိုင်းတွင်လည်းအားနည်းချက်များစွာရှိ​နေသဖြင့် ကိုဗစ်​ကပ်​ရောဂါကူးစက်ပျံ့နှံ့မှုအ​ခြေအ​နေမှာ စစ်​ကောင်စီထုတ်ပြန်သည်ထက်များစွာပိုများနိုင်ပြီး ကိန်းဂဏန်းအချက်အလက်မှန်ကို မည်သူမျှ မသိနိုင်​ကြောင်းလည်း CDM ဆရာဝန်တစ်ဦးက​ပြောသည်။

NUG အစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနကလည်း ​မြန် မာနိုင်ငံတွင် ရက်သတ္တနှစ်ပတ်အတွင်း ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု နှစ်ဆတိုးလာသည်ကိုတွေ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏စာရင်းများကို ကိုးကားပြီး သတိပေးသည်။

ထို့ကြောင့် COVID-19 ရောဂါလက္ခဏာသံသယရှိပါက အိမ်တွင် အနည်းဆုံး (၅)ရက်သီးခြားနေထိုင်ရန်၊ (၁၀)ရက်အတွင်း အခြားသူများနှင့်စကားပြောရာတွင် Mask တပ်ရန်၊ အနားယူပြီး အရေများများသောက်ရန်၊ နီးစပ်ရာဆရာဝန် သို့မဟုတ် တယ်လီကျန်းမာကဲ့သို့ အခ မဲ့ အွန်လိုင်းဆေးခန်းများတွင် မေးမြန်းဆွေးနွေးရန် စသည်တို့ကို NUG ကနှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီက၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင်ကိုဗစ်ရောဂါ ထိန်းချုပ်ကုစားရေး ​ခေါင်းစဥ်ဖြင့်အသုံးစရိတ်ခွဲ​ပေးရာတွင် ကာကွယ်ရေးဝန် ကြီးဌာနသည် အများဆုံးထုတ်ယူသုံးစွဲခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏အသုံးစရိတ်ထက်နှစ်ဆကျော် ပိုများခဲ့သည်။