Connect with us

Hi, what are you looking for?

သတင်း

ညောင်ပင်ကြီး – ဆားလင်းကြီးလမ်းပိုင်းအား အရေးပေါ်ယာယီပိတ်သိမ်း

ယနေ့ (စက်တင်ဘာ၂၆ ရက်) နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် မိမိတို့၏ လုံခြုံရေးအတွက် သတိပြုနေထိုင်ကြရန် Salingyi GZ Local PDFက အသိပေးသည်။

ညောင်ပင်ကြီး - ဆားလင်းကြီးလမ်းပေါ်ရှိ ညောင်ပင်ကြီးရဲစခန်းအား တွေ့ရစဥ်၊ဓာတ်ပုံ-Cj
ညောင်ပင်ကြီး - ဆားလင်းကြီးလမ်းပေါ်ရှိ ညောင်ပင်ကြီးရဲစခန်းအား တွေ့ရစဥ်၊ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ညောင်ပင်ကြီး – ဆားလင်းကြီးလမ်းပိုင်းအား အရေးပေါ်ယာယီပိတ်သိမ်းလိုက်ကြောင်း ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Salingyi GZ Local PDFက ထုတ်ပြန်ကြေညာသည်။

ယနေ့ (စက်တင်ဘာ၂၆ ရက်) နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် မိမိတို့၏ လုံခြုံရေးအတွက် သတိပြုနေထိုင်ကြရန် Salingyi GZ Local PDFက အသိပေးသည်။

လမ်းပိုင်းယာယီပိတ်သိမ်းရခြင်းသည်ကို ကြေညာ ချက်တွင် ဖော်ပြထားခြင်းမရှိပေ။

Salingyi GZ Local PDFအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

ညောင်ပင်ကြီး - ဆားလင်းကြီးလမ်းပေါ်ရှိ ညောင်ပင်ကြီးရဲစခန်းအား တွေ့ရစဥ်၊ဓာတ်ပုံ-Cj
ညောင်ပင်ကြီး – ဆားလင်းကြီးလမ်းပေါ်ရှိ ညောင်ပင်ကြီးရဲစခန်းအား တွေ့ရစဥ်၊ဓာတ်ပုံ-Cj

ဆားလင်းကြီးမြို့အနီးတဝိုက်ရှိ ကျေးရွာများအား စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေ၍ စစ်ကြောင်းနှင့်နီးပါက မိမိတို့၏ ကျေးရွာများအတွင်း၌ နေထိုင်ခြင်းမပြုဘဲ အချိန်မီ ရှောင်တိမ်းကြရန် Salingyi GZ Local PDF က သတိပေးထားသည်။

ညောင်ပင်ကြီး – ဆားလင်းကြီးလမ်းသည် မုံရွာမြို့သို့ ရေကြောင်းမှ တဆင့်ကူးသန်းရာတွင် အသုံးပြုလေ့ရှိသော လမ်းပိုင်းတစ်ခုဖြစ်ပြီး မကြာခဏတိုက်ခိုက်ခံရသည့် ဝမ်ပေါင်ကုမ္ပဏီဝင်း၊ ညောင်ပင်ကြီးရဲစခန်းတို့လ​ည်း အဆိုပါလမ်းဘေးတွင် တည်ရှိသည်။

ဆားလင်းကြီးမြို့နယ်အတွင်းရှိ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သည် စက်တင်ဘာ၂၄ ရက်ကလည်း သဲကောကြီးကျေးရွာကိုဝင်ရောက်ခဲ့ပြီး ကျေးရွာနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံတော်လှန်ပြည်သူတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ကျဥ်းအားလုံး လွှတ်ပေးဖို့ ဆန္ဒပြတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးနဲ့ ဂန့်ဂေါမြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားနဲ့ ကျန်းကျန်းမာမာရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ "Proof of Life" လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ "Proof of Life" လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်က ဝဲကြီးကျေးရွာဆိပ်ကမ်းကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နဲ့မိခင်ဖြစ်သူ ဒဏ်ရာပြင်းထန်စွာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။