Connect with us

Hi, what are you looking for?

သတင်း

အင်းတော်နယ်တွင် တိုက်ပွဲဖြစ်နေ၍ လမ်းပိုင်းလေးခုသွားလာခွင့်ပိတ်ပင်မည်ဟု အသိပေး

စစ်ကောင်စီတပ်က အင်းတော်မြို့နယ်အတွင်းသို့ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ၍ တိုက်ပွဲဖြစ်ပွားနေသည်ဟု အသိပေးထားသည်။

စစ်ကောင်စီ နဘားဂိတ်အား KIA၊PDF ပူးပေါင်းအဖွဲ့က ဩဂုတ် ၁၆ရက်တွင် မီးရှို့ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ - IR
စစ်ကောင်စီ နဘားဂိတ်အား KIA၊PDF ပူးပေါင်းအဖွဲ့က ဩဂုတ် ၁၆ရက်တွင် မီးရှို့ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ - IR

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်၌ တိုက်ပွဲများ ဖြစ်ပွားနေ၍ လမ်းပိုင်းလေးခုကို ယနေ့ညနေမှစ၍ ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်သွားလာခွင့် ပိတ်ပင်မည်ဟု Indaw Revolution က ဖော်ပြသည်။

စစ်ကောင်စီတပ်က အင်းတော်မြို့နယ်အတွင်းသို့ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ၍ တိုက်ပွဲဖြစ်ပွားနေသည်ဟု အသိပေးထားသည်။

ထို့ကြောင့် အင်းတော် – ကသာ၊ အင်းတော် – ဗန်းမောက်၊ အင်းတော်- ထီးချိုင့် နှင့် အင်းတော် – မော်လူး လမ်းပိုင်းများအား ယနေ့ (စက်တင်ဘာ ၂၅ရက်) ညနေ ၅နာရီမှစ၍ ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များ သွားလာခွင့်ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဟု ဖော်ပြထားသည်။

ပြည်သူများ ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းထားပြီး အင်တာနက်လိုင်းရသူများ ဖုန်းဖြင့်လည်းကောင်း၊ သင့်ရာနည်းဖြင့်လည်းကောင်း အချင်းချင်းဆက်သွယ်ပြီး သိပေးကြရန် နှိုးဆော် ထားသည်။

Public Service Announcement

Public Service Announcement

အင်းတော်မြို့နယ်အတွင်း စစ်ကောင်စီတပ်များ လှုပ်ရှားမှု အခြေအနေကို Indaw Revolution က ယမန်နေ့တွင် ဖော်ပြထားရာ မော်လူးနှင့် နန့်စီးအောင်ကြား သံလမ်းနှင့် ကားလမ်း၌ စစ်အင်အား ၂၀၀ကျော်ဖြင့် စစ်ကြောင်းထိုးနေသည်ဟုဆိုသည်။ ထို့ပြင် နဘားရွာဘုန်းကြီးကျောင်းမှ စစ်ကောင်စီတပ်သားအင်အား ၅၀ခန့် ရွာသစ်ကုန်းသို့ တက်သွားကြောင်း၊ နားရခေါင်ရွာ ဘုန်းကြီးကျောင်းတွင်လည်း စစ်ကောင်စီအင်အား ၆၀ ကျော် ရောက်ရှိနေကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။