Connect with us

Hi, what are you looking for?

သတင်း

ကလေးငယ်များစွာအသက်ဆုံးရှုံးခဲ့ရသည့် စစ်​ကောင်စီ၏လက်ယက်ကုန်းရွာ အကြမ်းဖက်မှုတွင် ကိုယ်တွေ့ ကြုံရသူများပါဝင်သည့် သတင်းစာရှင်းပွဲယ​နေ့ည ပြုလုပ်မည်

အဆိုပါဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ရသူများပါဝင်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ည ၈ နာရီတွင် အမျိုးသားညီညွတ်​ရေးအစိုးရကဦး​ဆောင်ကျင်းပမည်ဟုသိရသည်။

(လက်ယက်ကုန်းရွာတွင်သတ်ဖြတ်ခံရသူများ ၊ဒဏ်ရာရသူများနှင့် ဖမ်းဆီးခံရသူများစာရင်း ။ ကိုးကား-NUG)
(လက်ယက်ကုန်းရွာတွင်သတ်ဖြတ်ခံရသူများ ၊ဒဏ်ရာရသူများနှင့် ဖမ်းဆီးခံရသူများစာရင်း ။ ကိုးကား-NUG)

စစ်​ကောင်စီတပ်က က​လေးငယ်များစွာ​သေဆုံး ဒဏ်ရာရ​စေပြီးဖမ်းဆီး​ခေါ်​ဆောင်သွား​သော ဒီပဲယင်းမြို့နယ် လက်ယက်ကုန်း​ကျေးရွာမှ စစ်ရာဇဝတ်မှုဖြစ်စဥ် နှင့် အမျိုးသားညီညွတ်​ရေးအစိုးရ (NUG) ​ဆောင်ရွက်​နေသည်များနှင့်ပတ်သပ်၍ NUGကဦး​ဆောင်၍ ယ​နေ့ည ၈ နာရီတွင်သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်သည်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်လက်ယက်ကုန်းရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်က စက်တင်ဘာ၁၆ရက်တွင်လေကြောင်းမှ တိုက်ခိုက်ခဲ့၍ စာသင်ကျောင်းရှိ ကလေးငယ် များအပါအဝင် အရပ်သားပြည်သူ ၁၃ဦးထက်မနည်း သေဆုံးခဲ့သည်။ထိုအပြင် ၁၅ ဦးထက်မနည်းဒဏ်ရာအပြင်းအထန်ရှိခဲ့ပြီး ​သေဆုံးသူရုပ်အ​လောင်းနှင့် ဒဏ်ရာရသူများကို စစ်​ကောင်စီတပ်က ဖမ်းဆီး​ခေါ်​ဆောင်သွားကာ ဖမ်းဆီး​ခေါ်​ဆောင်ခံရသူများအ​ခြေအ​နေကိုယ​နေ့အထိမသိရ​သေး​ကြောင်း​ဒေသခံများက​ပြောသည်။

(လက်ယက်ကုန်းရွာတွင်သတ်ဖြတ်ခံရသူများ ၊ဒဏ်ရာရသူများနှင့် ဖမ်းဆီးခံရသူများစာရင်း ။ ကိုးကား-NUG)
(လက်ယက်ကုန်းရွာတွင်သတ်ဖြတ်ခံရသူများ ၊ဒဏ်ရာရသူများနှင့် ဖမ်းဆီးခံရသူများစာရင်း ။ ကိုးကား-NUG)

အဆိုပါဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ရသူများပါဝင်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ည ၈ နာရီတွင် အမျိုးသားညီညွတ်​ရေးအစိုးရကဦး​ဆောင်ကျင်းပမည်ဟုသိရသည်။

စစ်ကောင်စီတပ်က ကလေးငယ်များ အပါအဝင် အရပ်သားများကို ရပ်စက်စွာ သတ်ဖြတ်ခဲ့သည့် စစ်ရာဇဝတ်မှုနှင့်ပတ်သက်ပြီး အမှန်တကယ် ဖြစ်ပျက်ခဲ့သည့် အခြေအနေများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆောင်ရွက်ချက်များ ကို ရှင်းလင်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် မျက်မြင်သက်သေများက ရှင်းလင်းသွားမည်ဖြစ်ပြီးPVTV ၊​ရေဒီယို NUG တို့ကတိုက်ရိုက်ထုတ်လွှင့်သွားမည်ဟုသိရသည်။

လက်ယက်ကုန်းရွာအတွင်း အကြမ်းဖက်ခံရမှုဖြစ်စဥ်အသေးစိတ်အချက်အလက်များကို NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်ခဲ့ရာ ဘုန်းကြီးကျောင်းအတွင်းရှိ စာသင်ကျောင်းအား ဝေဟင် အင်အားသုံး၍ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ကြသူများမှာ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် (၁၀) စစ်ဆေးရေးဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း တပ်မ (၃၆၈) မှ အကြမ်းဖက်စစ်ကောင်စီ တပ်သားများဖြစ်သည်ဟု ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ