Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို လက်တွေ့ကျပြီး ပိုမိုထိရောက်သော နည်းလမ်းများနှင့်တကွ တရားစီရင်ရေးလုပ်ထုံးလုပ်နည်းများအတိုင်း အရေးယူရန် နိုင်ငံတကာကို NLD တောင်းဆို

NLD သည် မြန်မာနိုင်ငံတွင် ပြည်သူ့ဆန္ဒနှင့်အညီစစ်မှန်သောဒီမိုကရေစီစနစ်အောက်မှကျင်းပမည့် လွတ်လပ်၍ တရားမျှတသည့် နောက်ထပ် ရွေးကောက်ပွဲရလဒ်တစ်ခု ပေါ်ထွက်မလာမီအချိန်ထိ လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပြည်သူ့ဆင့်လွှဲအာဏာကို နိုင်ငံရေးလွှဲအပ် ကိုယ်စားပြုအာဏာအဖြစ်ကျင့်သုံးမည် ဖြစ်ကြောင်းထုတ်ပြန်သည်။

(၂၀၂၀ ​နိုဝင်ဘာရွေး​ကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိပြီး​နောက် NLD ပါတီရုံး​ရှေ့တွင် ပါတီအလံကိုင်​ဆောင်၍ ​အောင်ပွဲခံ​နေ​သော ပြည်သူတစ်ဦး ။ ။ဓါတ်ပုံ-EPA)
(၂၀၂၀ ​နိုဝင်ဘာရွေး​ကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိပြီး​နောက် NLD ပါတီရုံး​ရှေ့တွင် ပါတီအလံကိုင်​ဆောင်၍ ​အောင်ပွဲခံ​နေ​သော ပြည်သူတစ်ဦး ။ ။ဓါတ်ပုံ-EPA)

လူထုအပေါ် စစ်ရာဇဝတ်မှုများစွာ၊ လူမျိုးသုဉ်းသတ်ဖြတ်မှုများစွာကို ပေါ်ပေါ် ထင်ထင်ကျူးလွန်လျှက်ရှိသည့် အာဏာသိမ်းစစ်ကောင်စီကို လက်တွေ့ကျပြီး ပိုမိုထိရောက်သော နည်းလမ်းများနှင့်တကွ တရားစီရင်ရေးလုပ်ထုံးလုပ်နည်းများအတိုင်း အရေးယူဆောင်ရွက်ပေးရန် နိုင်ငံတကာအသိုင်းအဝန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့တောင်းဆိုသည်။

ယနေ့ကျရောက်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း (၃၄) နှစ်ပြည့်အခမ်းအနားအပြီး NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ခြင်းဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင် ကမ္ဘာ့ နိုင်ငံအသီးသီးနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိုကာကွယ်ပေးရန် အချိန်ကျပြီဖြစ်ကြောင်းအလေးအနက်တိုက်တွန်းထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကိုတစ်ပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်ဖြုတ်ချခဲ့သော ရှစ်လေးလုံးအရေးတော်ကာလအတွင်း ၁၉၈၈စက်တင်ဘာ ၂၇ ရက်တွင် စတင်တည် ထောင်ခဲ့ပြီး ယနေ့တွင် ၃၄ နှစ်ကြာမြင့်ပြီဖြစ်ကာ ၁၉၉၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ နှင့် ၂၀၂၂ အထွေထွေရွေးကောက်ပွဲများတွင် ပြည်သူလူထု၏ တခဲနက်ထောက်ခံမှုဖြင့်အပြတ်အသတ်အနိုင်ရရှိခဲ့သော ပါတီဖြစ်သည်။

NLD သည် မြန်မာနိုင်ငံတွင် ပြည်သူ့ဆန္ဒနှင့်အညီစစ်မှန်သောဒီမိုကရေစီစနစ်အောက်မှကျင်းပမည့် လွတ်လပ်၍ တရားမျှတသည့် နောက်ထပ် ရွေးကောက်ပွဲရလဒ်တစ်ခု ပေါ်ထွက်မလာမီအချိန်ထိ လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပြည်သူ့ဆင့်လွှဲအာဏာကို နိုင်ငံရေးလွှဲအပ် ကိုယ်စားပြုအာဏာအဖြစ်ကျင့်သုံးမည် ဖြစ်ကြောင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ဥပဒေကို ကိုယ်တိုင်ချိုးဖောက်ထားသော တရားမဝင်အာဏာသိမ်း စစ်ကောင်စီနှင့် ယင်းကဖွဲ့စည်းထားသော အဖွဲ့အစည်းများ၊ ကျင်းပရန်ကြံစည်နေသော ရွေးကောက်ပွဲအပါအဝင် လုပ်ငန်းစဉ် အားလုံးကို မည်သည့်နည်းနှင့်မျှ အသိအမှတ်မပြု၊ လက်ခံနိုင်မည် မဟုတ်ကြောင်း NLD က ထပ်လောင်းကြေညာသည်။

စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော နိုင်ငံ့အကြပ်အတည်းကို ဖြေရှင်းရာတွင် ခြွင်းချန်ထား၍မရသော အရေးပါဆုံးပုဂ္ဂိုလ်အဖြစ် မြန်မာ့လူထုကသာမက ကမ္ဘာ့နိုင်ငံများမှပါ လက်ခံထားသော ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး၊ ၂၀၂၀ ရွေးကောက်ပွဲမှတဆင့် ပြည်သူတို့ ဆင့်လွှဲအပ်နှင်းလိုက်သော ကိုယ်စားပြုတာဝန်ကို အကောင်းဆုံး ကျေပွန်စေနိုင်ရန် တိုင်းရင်းသားပြည်သူအားလုံးလိုလားနေသော ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရေး လုပ်ငန်းများအား ထိရောက်သည့်အခန်းကဏ္ဍမှ မဆုတ်မနစ်ပါဝင်လုပ်ဆောင်နိုင်ရေး၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များကို အမြုတေပြု၍စုဖွဲ့ထားသော လွှတ်တော်များမှတဆင့် အဆိုပါ လုပ်ငန်းစဉ်ကြီးတစ်ခုလုံးအား နိုင်ငံရေးတရားဝင်မှုမြှင့်တင်ပေးခြင်းဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းထံမှ ယခုထက် ပိုမိုအသိအမှတ်ပြုပူးပေါင်းလာစေရေးတို့ကို NLD သည် ပြည်သူတို့၏ ညီညွတ်မှုအားဖြင့် တစိုက်မတ်မတ်ကြိုးစားမည်ဟုလည်း​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။