Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီကို လက်တွေ့ကျပြီး ပိုမိုထိရောက်သော နည်းလမ်းများနှင့်တကွ တရားစီရင်ရေးလုပ်ထုံးလုပ်နည်းများအတိုင်း အရေးယူရန် နိုင်ငံတကာကို NLD တောင်းဆို

NLD သည် မြန်မာနိုင်ငံတွင် ပြည်သူ့ဆန္ဒနှင့်အညီစစ်မှန်သောဒီမိုကရေစီစနစ်အောက်မှကျင်းပမည့် လွတ်လပ်၍ တရားမျှတသည့် နောက်ထပ် ရွေးကောက်ပွဲရလဒ်တစ်ခု ပေါ်ထွက်မလာမီအချိန်ထိ လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပြည်သူ့ဆင့်လွှဲအာဏာကို နိုင်ငံရေးလွှဲအပ် ကိုယ်စားပြုအာဏာအဖြစ်ကျင့်သုံးမည် ဖြစ်ကြောင်းထုတ်ပြန်သည်။

(၂၀၂၀ ​နိုဝင်ဘာရွေး​ကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိပြီး​နောက် NLD ပါတီရုံး​ရှေ့တွင် ပါတီအလံကိုင်​ဆောင်၍ ​အောင်ပွဲခံ​နေ​သော ပြည်သူတစ်ဦး ။ ။ဓါတ်ပုံ-EPA)
(၂၀၂၀ ​နိုဝင်ဘာရွေး​ကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိပြီး​နောက် NLD ပါတီရုံး​ရှေ့တွင် ပါတီအလံကိုင်​ဆောင်၍ ​အောင်ပွဲခံ​နေ​သော ပြည်သူတစ်ဦး ။ ။ဓါတ်ပုံ-EPA)

လူထုအပေါ် စစ်ရာဇဝတ်မှုများစွာ၊ လူမျိုးသုဉ်းသတ်ဖြတ်မှုများစွာကို ပေါ်ပေါ် ထင်ထင်ကျူးလွန်လျှက်ရှိသည့် အာဏာသိမ်းစစ်ကောင်စီကို လက်တွေ့ကျပြီး ပိုမိုထိရောက်သော နည်းလမ်းများနှင့်တကွ တရားစီရင်ရေးလုပ်ထုံးလုပ်နည်းများအတိုင်း အရေးယူဆောင်ရွက်ပေးရန် နိုင်ငံတကာအသိုင်းအဝန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့တောင်းဆိုသည်။

ယနေ့ကျရောက်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း (၃၄) နှစ်ပြည့်အခမ်းအနားအပြီး NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ခြင်းဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင် ကမ္ဘာ့ နိုင်ငံအသီးသီးနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိုကာကွယ်ပေးရန် အချိန်ကျပြီဖြစ်ကြောင်းအလေးအနက်တိုက်တွန်းထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကိုတစ်ပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်ဖြုတ်ချခဲ့သော ရှစ်လေးလုံးအရေးတော်ကာလအတွင်း ၁၉၈၈စက်တင်ဘာ ၂၇ ရက်တွင် စတင်တည် ထောင်ခဲ့ပြီး ယနေ့တွင် ၃၄ နှစ်ကြာမြင့်ပြီဖြစ်ကာ ၁၉၉၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ နှင့် ၂၀၂၂ အထွေထွေရွေးကောက်ပွဲများတွင် ပြည်သူလူထု၏ တခဲနက်ထောက်ခံမှုဖြင့်အပြတ်အသတ်အနိုင်ရရှိခဲ့သော ပါတီဖြစ်သည်။

NLD သည် မြန်မာနိုင်ငံတွင် ပြည်သူ့ဆန္ဒနှင့်အညီစစ်မှန်သောဒီမိုကရေစီစနစ်အောက်မှကျင်းပမည့် လွတ်လပ်၍ တရားမျှတသည့် နောက်ထပ် ရွေးကောက်ပွဲရလဒ်တစ်ခု ပေါ်ထွက်မလာမီအချိန်ထိ လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပြည်သူ့ဆင့်လွှဲအာဏာကို နိုင်ငံရေးလွှဲအပ် ကိုယ်စားပြုအာဏာအဖြစ်ကျင့်သုံးမည် ဖြစ်ကြောင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ဥပဒေကို ကိုယ်တိုင်ချိုးဖောက်ထားသော တရားမဝင်အာဏာသိမ်း စစ်ကောင်စီနှင့် ယင်းကဖွဲ့စည်းထားသော အဖွဲ့အစည်းများ၊ ကျင်းပရန်ကြံစည်နေသော ရွေးကောက်ပွဲအပါအဝင် လုပ်ငန်းစဉ် အားလုံးကို မည်သည့်နည်းနှင့်မျှ အသိအမှတ်မပြု၊ လက်ခံနိုင်မည် မဟုတ်ကြောင်း NLD က ထပ်လောင်းကြေညာသည်။

စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော နိုင်ငံ့အကြပ်အတည်းကို ဖြေရှင်းရာတွင် ခြွင်းချန်ထား၍မရသော အရေးပါဆုံးပုဂ္ဂိုလ်အဖြစ် မြန်မာ့လူထုကသာမက ကမ္ဘာ့နိုင်ငံများမှပါ လက်ခံထားသော ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး၊ ၂၀၂၀ ရွေးကောက်ပွဲမှတဆင့် ပြည်သူတို့ ဆင့်လွှဲအပ်နှင်းလိုက်သော ကိုယ်စားပြုတာဝန်ကို အကောင်းဆုံး ကျေပွန်စေနိုင်ရန် တိုင်းရင်းသားပြည်သူအားလုံးလိုလားနေသော ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရေး လုပ်ငန်းများအား ထိရောက်သည့်အခန်းကဏ္ဍမှ မဆုတ်မနစ်ပါဝင်လုပ်ဆောင်နိုင်ရေး၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များကို အမြုတေပြု၍စုဖွဲ့ထားသော လွှတ်တော်များမှတဆင့် အဆိုပါ လုပ်ငန်းစဉ်ကြီးတစ်ခုလုံးအား နိုင်ငံရေးတရားဝင်မှုမြှင့်တင်ပေးခြင်းဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းထံမှ ယခုထက် ပိုမိုအသိအမှတ်ပြုပူးပေါင်းလာစေရေးတို့ကို NLD သည် ပြည်သူတို့၏ ညီညွတ်မှုအားဖြင့် တစိုက်မတ်မတ်ကြိုးစားမည်ဟုလည်း​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။