Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင် PDF ရိက္ခာဂိုဒေါင်ကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး၊ လွှတ်တော်အမတ်ဟောင်း၏ ယောက်ဖကိုလည်း ဖမ်းဆီးသွား

ဖမ်းဆီးခံရသူများထဲတွင် ဖားကန့်မြို့နယ်လွှတ်တော်အမတ်ဟောင်း ဦးတင်စိုး၏ ယောက်ဖတော်စပ်သူ ဦးဇော်မင်းဦး ပါသွားသည်ဟု သတင်းရရှိသည်။

(စစ်အာဏာရှင်ဆန့်ကျင်ရေး ဖားကန့်ပင်မသပိတ်စစ်ကြောင်း သြဂုတ်၁၃ရက်က ချီတက်နေစဥ်၊ ဓာတ်ပုံ - ဖားကန့်ပင်မသပိတ်)
(စစ်အာဏာရှင်ဆန့်ကျင်ရေး ဖားကန့်ပင်မသပိတ်စစ်ကြောင်း သြဂုတ်၁၃ရက်က ချီတက်နေစဥ်၊ ဓာတ်ပုံ - ဖားကန့်ပင်မသပိတ်)

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရိက္ခာဂိုဒေါင် မီးရှို့ဖျက်ဆီးခံရပြီး ယင်းဂိုထောင်တွင်ရှိနေသည့် အမျိုးသားသုံးဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးသွားသည်။

ဖားကန့် မြို့ မှော်ပုံကျေးရွာရှိ ဖားကန့်ပြည်သူ့ကာကွယ်ရေးတပ်၏ ရိက္ခာဂိုဒေါင်ကို စစ်ကောင်စီက ယမန်နေ့(သြဂုတ် ၂၆ရက်)ညတွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ဖားကန့်သပိတ်ခေါင်းဆောင်တစ်ဦးက ပြောသည်။

“မိုးတွေ သဲသဲမဲမဲရွာနေတဲ့အချိန် ည၁၁ နာရီလောက်က ဝင်စီးတာ။ အဖမ်းခံရတာ ၆ယောက်လို့ကြားပေမယ့် ပြန်ထွက်ပြေးလာသူတွေလည်း ရှိတယ်။ သုံးဦးကတော့ သေချာပေါက်ဖမ်းသွားတယ်”ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် ဖားကန့်မြို့နယ်လွှတ်တော်အမတ်ဟောင်း ဦးတင်စိုး၏ ယောက်ဖတော်စပ်သူ ဦးဇော်မင်းဦး ပါသွားသည်ဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

” ဦးဇော်မင်းဦးကို သတ်လိုက်ပြီလို့ ကြားနေရတယ်။ သူ့အမျိုးသမီးက သတင်းလိုက်မေးရင်း ငိုနေတယ်ဗျာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးတင်စိုးသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြုကာ အနိုင်ရခဲ့သည့် ဖားကန့်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးခြင်းခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။