Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မတူပီတွင် ယနေ့ တိုက်ပွဲဆက်ဖြစ်၍ စစ်ကောင်စီတပ် လေးဦးသေ၊ CDF ရဲဘော်တစ်ဦးကျဆုံး

ထို့ကြောင့် မတူပီ CDFနှင့် စစ်ကောင်စီတပ် တိုက်ပွဲ သုံးကြိမ်အတွင်း CDFက ရဲဘော် တစ်ဦးကျဆုံး တစ်ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်က ၁၁ဦး သေဆုံးကာ ဒဏ်ရာရသူ ၁၄ဦးထက်မနည်းရှိခဲ့သည်။

မတူပီ CDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Chinland Defense Force Matupi
မတူပီ CDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Chinland Defense Force Matupi

တိုက်ပွဲဆက်ဖြစ်နိုင်၍ ပြည်သူများ သတိထားရန် CDF တာဝန်ရှိသူ အသိပေး

ချင်းပြည်နယ် မတူပီမြို့နယ်တွင် ယနေ့ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့သည်ဟု မတူပီ ချင်းကာကွယ်ရေးတပ်(CDF)က အသိပေးသည်။

“ထိခိုက်ကျဆုံးက စကစ ဘက်က ၄ယောက်သေတယ်။ ၆ယောက်ဒဏ်ရာရရှိသွားတယ် ။ ကျွန်တော်တို့ မတူပီ CDFက ရဲဘော်တစ်ဦး ကျဆုံးသွားတာပေါ့”ဟု မတူပီ CDF တာဝန်ရှိသူက ပြောသည်။ တိုက်ပွဲ ဆက်ဖြစ်နိုင်၍ ပြည်သူများ အနေဖြင့် သတိထားသွားလာဖို့ ၎င်းက တိုက်တွန်းထားသည်။

စက်တင်ဘာ ၂၄ရက်က စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ် နှင့် မတူပီ – ဟာခါးလမ်း ငလိုင်ရွာအနီးတွင် ယနေ့(စက်တင်ဘာ ၂၇ရက်) နံနက် ၇နာရီမှစ၍ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲမှာ ၃နာရီခွဲနီးပါး ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ လေးဦးသေဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိခဲ့ပြီး မတူပီ CDFမှ ရဲဘော် တစ်ဦးကျဆုံးခဲ့ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က ဟားခါး – မတူပီလမ်းသို့ အင်အား ၂၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာခြင်းကြောင့် စက်တင်ဘာ ၂၄ရက်တွင် တစ်ကြိမ်၊ ၂၅ရက်တွင် တစ်ကြိမ် တိုက်ပွဲဖြစ်ခဲ့ပြီး ယင်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်က ခုနစ်ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူများစွာရှိခဲ့သည်ဟုဆိုသည်။ CDF ရဲဘော်တစ်ဦးလည်း ဒဏ်ရာရခဲ့သည်။

ထို့ကြောင့် မတူပီ CDFနှင့် စစ်ကောင်စီတပ် တိုက်ပွဲ သုံးကြိမ်အတွင်း CDFက ရဲဘော် တစ်ဦးကျဆုံး တစ်ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်က ၁၁ဦး သေဆုံးကာ ဒဏ်ရာရသူ ၁၄ဦးထက်မနည်းရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။