Connect with us

Hi, what are you looking for?

သတင်း

မတူပီတွင် ယနေ့ တိုက်ပွဲဆက်ဖြစ်၍ စစ်ကောင်စီတပ် လေးဦးသေ၊ CDF ရဲဘော်တစ်ဦးကျဆုံး

ထို့ကြောင့် မတူပီ CDFနှင့် စစ်ကောင်စီတပ် တိုက်ပွဲ သုံးကြိမ်အတွင်း CDFက ရဲဘော် တစ်ဦးကျဆုံး တစ်ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်က ၁၁ဦး သေဆုံးကာ ဒဏ်ရာရသူ ၁၄ဦးထက်မနည်းရှိခဲ့သည်။

မတူပီ CDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Chinland Defense Force Matupi
မတူပီ CDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Chinland Defense Force Matupi

တိုက်ပွဲဆက်ဖြစ်နိုင်၍ ပြည်သူများ သတိထားရန် CDF တာဝန်ရှိသူ အသိပေး

ချင်းပြည်နယ် မတူပီမြို့နယ်တွင် ယနေ့ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့သည်ဟု မတူပီ ချင်းကာကွယ်ရေးတပ်(CDF)က အသိပေးသည်။

“ထိခိုက်ကျဆုံးက စကစ ဘက်က ၄ယောက်သေတယ်။ ၆ယောက်ဒဏ်ရာရရှိသွားတယ် ။ ကျွန်တော်တို့ မတူပီ CDFက ရဲဘော်တစ်ဦး ကျဆုံးသွားတာပေါ့”ဟု မတူပီ CDF တာဝန်ရှိသူက ပြောသည်။ တိုက်ပွဲ ဆက်ဖြစ်နိုင်၍ ပြည်သူများ အနေဖြင့် သတိထားသွားလာဖို့ ၎င်းက တိုက်တွန်းထားသည်။

စက်တင်ဘာ ၂၄ရက်က စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ် နှင့် မတူပီ – ဟာခါးလမ်း ငလိုင်ရွာအနီးတွင် ယနေ့(စက်တင်ဘာ ၂၇ရက်) နံနက် ၇နာရီမှစ၍ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲမှာ ၃နာရီခွဲနီးပါး ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ လေးဦးသေဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိခဲ့ပြီး မတူပီ CDFမှ ရဲဘော် တစ်ဦးကျဆုံးခဲ့ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က ဟားခါး – မတူပီလမ်းသို့ အင်အား ၂၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာခြင်းကြောင့် စက်တင်ဘာ ၂၄ရက်တွင် တစ်ကြိမ်၊ ၂၅ရက်တွင် တစ်ကြိမ် တိုက်ပွဲဖြစ်ခဲ့ပြီး ယင်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်က ခုနစ်ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူများစွာရှိခဲ့သည်ဟုဆိုသည်။ CDF ရဲဘော်တစ်ဦးလည်း ဒဏ်ရာရခဲ့သည်။

ထို့ကြောင့် မတူပီ CDFနှင့် စစ်ကောင်စီတပ် တိုက်ပွဲ သုံးကြိမ်အတွင်း CDFက ရဲဘော် တစ်ဦးကျဆုံး တစ်ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်က ၁၁ဦး သေဆုံးကာ ဒဏ်ရာရသူ ၁၄ဦးထက်မနည်းရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်-ပြည်လမ်းပိုင်းက စစ်တပ်ဂိတ်စခန်းတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ပဲခူးတိုင်းစစ်ဌာနကထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီ​နေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေပစ်ကူ​ပေးဗုံးကြဲနေပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

Facebook