ထီးလင်းမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ CDM ပြုလုပ်လာကြောင်း PDF ထီးလင်းက ယနေ့(စက်တင်ဘာ ၂၈ ရက်)တွင် ထုတ်ပြန် သည်။
အဆိုပါ CDM ရဲတပ်သားသည် ဂန့်ဂေါခရိုင် တပ်ရင်း (၂၊၄)နှင့် (၁၀)သို့ ဆက်သွယ်ခဲ့ပြီး ယခုလ ၈ ရက်က CDM ပြုလုပ်ခဲ့ခြင်းဟု ဆိုသည်။

၎င်းနှင့်အတူ BA 64 (G4)တစ်လက်၊ကျည်ဘောက် ၂ခု၊ကျည် ၂၄၈တောင့် နှင့် လှံစွပ် တစ်ချောင်း ပါရှိသည်ဟု ဖော်ပြသည်။
ပြည်သူ့ရင်ခွင်သို့ လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ခိုဝင်လာသော ရဲတပ်သားအား ကျပ်သိန်း၆၀ တိတိကို PDF ထီးလင်းက ဂုဏ်ပြုချီးမြင့်ခဲ့သည်။
“စစ်အာဏာရှင်ကို မကြိုက်လို့ပြည်သူ့ရင်ခွင်ကို ခိုလှုံတာပါ။ ကျွန်တော်ကိုလဲ ညီအကိုရင်းတစ်ယောက်လို ကူညီစောင့်ရှောက်ပေးပါ” ဟု CDM ရဲတပ်သားက ပြောသည်။

Public Service Announcement
CDM ရဲတပ်သား၏ လုံခြုံရေးအခြေအနေကြောင့် နောက်ကျ၍သတင်းထုတ်ပြန်မှုပြုလုပ်ခဲ့ခြင်း ဟု အသိပေးသည်။

ထို့အပြင် ပြည်သူ့ရင်ခွင်ခိုလှုံရန် ဆန္ဒရှိသောအကြမ်းဖက် စစ်ကောင်စီလက်အောက်ခံတပ်သားများအနေဖြင့် PDF ထီးလင်းထံ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
