Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ CDM ပြုလုပ်

ပြည်သူ့ရင်ခွင်သို့ လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ခိုဝင်လာသော ရဲတပ်သားအား ကျပ်သိန်း၆၀ တိတိကို PDF ထီးလင်းက ဂုဏ်ပြုချီးမြင့်ခဲ့သည်။

ဓာတ်ပုံ - PDF ထီးလင်းဓာတ်ပုံ - PDF ထီးလင်း
ဓာတ်ပုံ - PDF ထီးလင်း

ထီးလင်းမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ CDM ပြုလုပ်လာကြောင်း PDF ထီးလင်းက ယနေ့(စက်တင်ဘာ ၂၈ ရက်)တွင် ထုတ်ပြန် သည်။

အဆိုပါ CDM ရဲတပ်သားသည် ဂန့်ဂေါခရိုင် တပ်ရင်း (၂၊၄)နှင့် (၁၀)သို့ ဆက်သွယ်ခဲ့ပြီး ယခုလ ၈ ရက်က CDM ပြုလုပ်ခဲ့ခြင်းဟု ဆိုသည်။

ဓာတ်ပုံ - PDF ထီးလင်း
ဓာတ်ပုံ – PDF ထီးလင်း

၎င်းနှင့်အတူ BA 64 (G4)တစ်လက်၊ကျည်ဘောက် ၂ခု၊ကျည် ၂၄၈တောင့် နှင့် လှံစွပ် တစ်ချောင်း ပါရှိသည်ဟု ဖော်ပြသည်။

ပြည်သူ့ရင်ခွင်သို့ လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ခိုဝင်လာသော ရဲတပ်သားအား ကျပ်သိန်း၆၀ တိတိကို PDF ထီးလင်းက ဂုဏ်ပြုချီးမြင့်ခဲ့သည်။

Public Service Announcement

Public Service Announcement

“စစ်အာဏာရှင်ကို မကြိုက်လို့ပြည်သူ့ရင်ခွင်ကို ခိုလှုံတာပါ။ ကျွန်တော်ကိုလဲ ညီအကိုရင်းတစ်ယောက်လို ကူညီစောင့်ရှောက်ပေးပါ” ဟု CDM ရဲတပ်သားက ပြောသည်။

CDM ရဲတပ်သား၏ လုံခြုံရေးအခြေအနေကြောင့် နောက်ကျ၍သတင်းထုတ်ပြန်မှုပြုလုပ်ခဲ့ခြင်း ဟု အသိပေးသည်။

ဓာတ်ပုံ - PDF ထီးလင်း
ဓာတ်ပုံ – PDF ထီးလင်း

ထို့အပြင် ပြည်သူ့ရင်ခွင်ခိုလှုံရန် ဆန္ဒရှိသောအကြမ်းဖက် စစ်ကောင်စီလက်အောက်ခံတပ်သားများအနေဖြင့် PDF ထီးလင်းထံ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook