Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းတွင် စစ်ကောင်စီတပ်ဖမ်းဆီးသွားသည့် အမျိုးသမီးနှစ်ဦး တစ်လအကြာတွင်ရုပ်အလောင်းပြန်တွေ့

ထီးလင်းမြို့တွင် မြို့ပြင်နေရာများကို ပြည်သူ့ကာကွယ်ရေးတပ်များက ထိန်းချုပ်ထားနိုင် သော်လည်း မြို့အတွင်းကို စစ်ကောင်စီက ထိန်းချုပ်ထားသည်။

ထီးလင်း
ထီးလင်း

မကွေးတိုင်း ထီးလင်းမြို့တွင် စစ်ကောင်စီဖမ်းဆီးသွားသည့် အမျိုးသမီးနှစ်ဦးအား တစ်လခန့်အကြာတွင် ရုပ်အလောင်း ပြန်တွေ့ရှိရကြောင်း တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်သည်။

ထီးလင်းမြို့ ကန်တော်လေးရပ်ကွက်မှ မပုလေးနှင့် မဝါဝါစန်းကို စစ်ကောင်စီတပ်က သြဂုတ်လဆန်းပိုင်းတွင် ဖမ်းဆီးသွားခြင်းဖြစ်သည်။ လူလတ်ပိုင်းအရွယ် ယင်းအမျိုးသမီးနှစ်ဦးအား ပြန်တွေ့ရေး လိုက်လံစုံစမ်းနေစဥ် ယမန်နေ့ (စက်တင်ဘာ ၁၇ရက်) ထီးလင်းမြို့ ဗျာဒီတ်ကုန်းအနီးတွင် ပုပ်ပွနေသော ရုပ်အလောင်းကို တွေ့ရှိခဲ့သည်ဟု ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မပုလေးနှင့်မဝါဝါစန်းတို့ နှစ်ဦးကို ဖမ်းဆီးသွားကတည်းက မိသားစုနှင့်လုံးဝ တွေ့ခွင့်မပေးသည့်အပြင် သေဆုံးသည့်အကြောင်းကိုလည်း မိသားစုထံ ပေးပို့ခဲ့ခြင်းမရှိဟု ယောအလင်းတန်းက သတင်းထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

“အလောင်းတွေကိုတွေ့ရှိထားပေမယ့် ​ထီးလင်းမြို့ပေါ်က နာရေးကူညီမှု့အသင်းအပါအဝင် ဘယ်သူကမှ သင်္ဂြိုလ်တာမလုပ်ဆောင်ရဲကြပဲ ဒီအတိုင်း ပစ်ထားကြရတယ်လို့သိရပါတယ်” ဟု ယောအလင်းတန်းက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထီးလင်းမြို့တွင် မြို့ပြင်နေရာများကို ပြည်သူ့ကာကွယ်ရေးတပ်များက ထိန်းချုပ်ထားနိုင် သော်လည်း မြို့အတွင်းကို စစ်ကောင်စီက ထိန်းချုပ်ထားသည်။

ထီးလင်းမြို့တွင် အလယ်တန်းကျောင်းသားနှစ် ဦးလည်း စက်တင်ဘာ ၁၅ရက်ကတည်းကပျောက်ဆုံးနေသည်ဟု ဒေသခံများကပြော သည်။

ယခုရက်ပိုင်းဒေသတွင်း အခြေအနေများနှင့် ပတ်သက်၍ ယောအလင်းတန်းက” မိဘပြည်သူများအားလုံး မိမိတို့ရဲ့မိသားစုလုံခြုံရေးကို မိမိတို့ကိုယ်တိုင်သာ အားကိုးစောင့်ရှောက်ကြပါ။အရာအားလုံးအတွက်ကြိုတင်ပြင်ဆင်ထားကြပါရန်သတိပေးနှိုးဆော်အပ်ပါသည်”ဟု သတိပေး ထားသည်။

ယောအလင်းတန်းသည် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တော်လှန်ရေးသတင်းများနှင့် ဒေသတွင်း အခြေအနေများကို ထုတ်ပြန်ပေးနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

Facebook