Connect with us

Hi, what are you looking for?

သတင်း

ဖာပွန် – ကမမောင်းလမ်း၌ စစ်ကြောင်းကို KNU တပ်မဟာ(၅)တိုက်ခိုက်ရာ စစ်ကောင်စီတပ် ၅ဦးသေ

စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) တို့အနေဖြင့် တပ်မဟာ(၅)နယ်မြေတွင် စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြုလုပ်လာသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း နေ့စဉ်နှင့်အမျှ လုပ်ဆောင်နေသည်ဟု ဆိုသည်။

(KNU တပ်သားတစ်ဦးအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်၊ ဓာတ်ပုံ - KNU)
(KNU တပ်သားတစ်ဦးအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်၊ ဓာတ်ပုံ - KNU)

▪️ဖာပွန် – ကတိုင်တိကြား ကုန်းလမ်း၊ ရေလမ်း သွားလာခွင့်မပြုဟု ဒေသခံများအား စစ်ကောင်စီတပ် ခြိမ်းခြောက်အမိန့်ထုတ်ထား

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန် – ကမမောင်းလမ်း၌ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့သည်ဟု ယနေ့ သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂၆ရက်က အဆိုပါ လမ်းပိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုကို တပ်မဟာ (၅) က နှစ်ကြိမ် ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၅ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း တပ်မဟာ (၅)ရဲဘော်များ ထိခိုက်ကျဆုံးမရှိဟု အသိပေးထား သည်။

စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) တို့အနေဖြင့် တပ်မဟာ(၅)နယ်မြေတွင် စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြုလုပ်လာသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း နေ့စဉ်နှင့်အမျှ လုပ်ဆောင်နေသည်ဟု ဆိုသည်။

BGF တပ်ရင်း(၁၀၁၄) တပ်ဖွဲ့ဝင်များသည် ဖာပွန် – ကမမောင်းလမ်းရှိ ဖာပွန် – ကတိုင်တိကြားကို ကုန်းလမ်း သော်လည်းကောင်း၊ ရေလမ်းသော်လည်းကောင်း သွားလာခြင်းမပြုရန် ဒေသခံ ပြည်သူများအား အမိန့် ထုတ်ပြန်ထားကြောင်း၊ သွားလာသူများ တွေ့ရှိပါက မော်တော်ကား၊ မော်တော်ဆိုင်ကယ်နှင့် စက်လှေများအား ဖမ်းဆီးဖျက်ဆီးမည်ဟု လူထုကိုခြိမ်းခြောက် ထားကြောင်း ဒေသခံများက ပြောကြားလာသည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ကမမောင်းမြို့ကနေ ဖာပွန်ဒေသဆီစစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးကာလလေးလကျော်လာတဲ့အထိဖာပွန်ဆီမရောက်နိုင်ဘဲအထိအခိုက်အကျအဆုံးများနေတယ်လို့ KNU တပ်မဟာ (၅) ၊ မူတြော်( ဖာပွန်) ခရိုင်က ထုတ်ပြန်ပါတယ်။