Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင်အတွင်း ယမန်နေ့ တိုက်ပွဲများတွင် စစ်ကောင်စီတပ် ငါးဦးသေ၊ ကားတစ်စီးဖျက်ဆီးနိုင်ခဲ့ဟု KNUတပ်မဟာ(၅) အသိပေး

KNUတပ်မဟာ(၅)နယ်မြေတွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားလျက်ရှိသည်။

(KNU တပ်မဟာ(၅)မှ ရဲဘော်များအား ရှေ့တန်းတစ်နေရ၌ တွေ့ရစဉ်၊ဓာတ်ပုံ - Salween Press)
(KNU တပ်မဟာ(၅)မှ ရဲဘော်များအား ရှေ့တန်းတစ်နေရ၌ တွေ့ရစဉ်၊ဓာတ်ပုံ - Salween Press)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင်တွင် ယမန်နေ့က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံနယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်ရှိခဲ့ကြောင်း တပ်မဟာ(၅)က ယနေ့ သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂၄ရက်က ဒွယ်လိုးမြို့နယ် ဝါးဒူးကျေးရွာနှင့် ထိုးဖိုရွာကြားတွင် စစ်ကောင်စီ လက်ပါးစေ BGFနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်၏ စစ်သုံးထောက်ပို့ကား တစ်စီး ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားနှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အတူ ဖာပွန်မြို့ အခြေစိုက် ခလရ(၁၉)စခန်းကို တစ်ကြိမ်၊ ဒွယ်လိုးမြို့နယ် တာဂေါ်ခီးရွာအနီးတွင် တစ်ကြိမ်တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။ယင်းတိုက်ပွဲ၌ တပ်မဟာ(၅)ဘက်က ထိခိုက်ကျဆုံးမရှိဟု ဆိုသည်။

စက်တင်ဘာ ၂၃ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တပ်မဟာ(၅) တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ဒွယ်လိုးမြို့နယ် မော့ကူးလူဒေသ၌ တစ်ကြိမ်၊ မူတြော်ကလိုးဒေသ၌ တစ်ကြိမ်၊ ဖာပွန် – ကမမောင်း ကားလမ်းရှိ ဆင်ဆွယ်နှင့် တောင်သုံးလုံးကြား၌ နှစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အသိပေးထားပြီး စစ်ကောင်စီတပ်က တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

KNUတပ်မဟာ(၅)နယ်မြေတွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။