Connect with us

Hi, what are you looking for?

သတင်း

ဖိအားပေးခံရ၍ Non-CDM ပြန်လုပ်ပေးခဲ့သည့် ကျောင်းဆရာတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်

“Non CDMဟုတ်တယ်။ ဒါပေမဲ့သူကအကြပ် ကိုင်ခံရလို့။ ပြည်သူ့ဘက်ပါတဲ့ဆရာကြီးပါ။ အတော်လေးကောင်းပါတယ်။”ဟု Voice Of Wundwin အဖွဲ့ဝင်တစ်ဦးက ပြောသည်။

(စစ်ကြောရေး၌ သေဆုံးခဲ့သည့် ဆရာကြီး ဦးကျော်နိုင်ဝင်း၊ ဓာတ်ပုံ-Voice of Wundwin)
(စစ်ကြောရေး၌ သေဆုံးခဲ့သည့် ဆရာကြီး ဦးကျော်နိုင်ဝင်း၊ ဓာတ်ပုံ-Voice of Wundwin)

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ဖိအားပေးခဲ့၍ Non-CDM ပြန်လုပ်ခဲ့သူ ကျောင်းဆရာကြီးတစ်ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် စစ်ကြောရေး၌ သေဆုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာ ၂၃ ရက် ညနေပိုင်းက ဝမ်းတွင်းမြို့နယ်၊ အမှတ်(၁)ညောင်ပင်ရွာနေ အသက်(၅၀) ကျော် ကျောင်းဆရာကြီး ဦးကျော်နိုင်ဝင်းအား စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ကြောင်း၊ ဖမ်းဆီးသွားပြီး လေးရက်အကြာ စက်တင်ဘာ၂၇ ရက်တွင် စစ်ကြောရေး၌ ကျ​ဆုံးသွားကြောင်း Voice Of Wundwin အဖွဲ့က ပြောသည်။

စက်တင်ဘာ ၂၇ ရက်တွင် ဇနီးဖြစ်သူက ရဲစခန်းအား သွားရောက်မေးမြန်းရာ “မနက်ဖြန်ကိုလွှတ် ပေးမယ်။ ဒါပေမဲ့စိတ်ခိုင်ခိုင်ထား”လို့ပြန်ပြောခဲ့သည်ဟု ဆိုသည်။

ယမန်နေ့ (စက်တင်ဘာ၂၈ ရက်) နံနက်ပိုင်းတွင် ဆရာဦးကျော်နိုင်ဝင်း၏အရိုးပြာ လာယူရန် ဆရာကြီးဇနီးဒေါ်မိမိလေးထံ ဖုန်းဆက်ခဲ့ရာ ဘာကြောင့်သေတာလဲဟု ပြန်မေးခဲ့သည်။

Public Service Announcement

Public Service Announcement

ရဲစခန်းဘက်က “အသက်မရှူတော့လို့ မီးရှို့ပစ်လိုက်တာ”ဟု ပြန်လည်ဖြေကြားသည်ဟု ဆိုသည်။ ဝမ်းတွင်းမြိူ့ရှိ စစ်ကောင်စီတပ်၊ ရဲနှင့် သွေးသောက်အဖွဲ့များ၏ စီစဥ်ခိုင်းစေမှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသူဆရာနှင့် ၎င်း၏ဇနီးသည်တို့သည် နှစ်ဦးလုံး ကျောင်းဆရာ၊ ဆရာမများဖြစ်ပြီး

CDM ပြုလုပ်ခဲ့ကြသော်လည်း ဖိအားပေးမှုများကြောင့် NON CDM ပြန်လုပ်ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

“Non CDMဟုတ်တယ်။ ဒါပေမဲ့သူကအကြပ် ကိုင်ခံရလို့။ ပြည်သူ့ဘက်ပါတဲ့ဆရာကြီးပါ။ အတော်လေးကောင်းပါတယ်။”ဟု Voice Of Wundwin အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဝမ်းတွင်းမြို့နယ်သည် မန္တလေးတိုင်း၊ တောင်ခြမ်းတွင် စစ်ကောင်စီတပ်အား မကြာခဏ ခုခံတော်လှန်တိုက်ခိုက်နေသည့်ဒေသတစ်ခုဖြစ်ပြီး ပြည်သူများလည်း မကြာခဏဖမ်းဆီးခံနေရသည်။

(စစ်ကြောရေး၌ သေဆုံးခဲ့သည့် ဆရာကြီး ဦးကျော်နိုင်ဝင်း၊ ဓာတ်ပုံ-Voice of Wundwin)

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။