Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖိအားပေးခံရ၍ Non-CDM ပြန်လုပ်ပေးခဲ့သည့် ကျောင်းဆရာတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်

“Non CDMဟုတ်တယ်။ ဒါပေမဲ့သူကအကြပ် ကိုင်ခံရလို့။ ပြည်သူ့ဘက်ပါတဲ့ဆရာကြီးပါ။ အတော်လေးကောင်းပါတယ်။”ဟု Voice Of Wundwin အဖွဲ့ဝင်တစ်ဦးက ပြောသည်။

(စစ်ကြောရေး၌ သေဆုံးခဲ့သည့် ဆရာကြီး ဦးကျော်နိုင်ဝင်း၊ ဓာတ်ပုံ-Voice of Wundwin)
(စစ်ကြောရေး၌ သေဆုံးခဲ့သည့် ဆရာကြီး ဦးကျော်နိုင်ဝင်း၊ ဓာတ်ပုံ-Voice of Wundwin)

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ဖိအားပေးခဲ့၍ Non-CDM ပြန်လုပ်ခဲ့သူ ကျောင်းဆရာကြီးတစ်ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် စစ်ကြောရေး၌ သေဆုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာ ၂၃ ရက် ညနေပိုင်းက ဝမ်းတွင်းမြို့နယ်၊ အမှတ်(၁)ညောင်ပင်ရွာနေ အသက်(၅၀) ကျော် ကျောင်းဆရာကြီး ဦးကျော်နိုင်ဝင်းအား စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ကြောင်း၊ ဖမ်းဆီးသွားပြီး လေးရက်အကြာ စက်တင်ဘာ၂၇ ရက်တွင် စစ်ကြောရေး၌ ကျ​ဆုံးသွားကြောင်း Voice Of Wundwin အဖွဲ့က ပြောသည်။

စက်တင်ဘာ ၂၇ ရက်တွင် ဇနီးဖြစ်သူက ရဲစခန်းအား သွားရောက်မေးမြန်းရာ “မနက်ဖြန်ကိုလွှတ် ပေးမယ်။ ဒါပေမဲ့စိတ်ခိုင်ခိုင်ထား”လို့ပြန်ပြောခဲ့သည်ဟု ဆိုသည်။

ယမန်နေ့ (စက်တင်ဘာ၂၈ ရက်) နံနက်ပိုင်းတွင် ဆရာဦးကျော်နိုင်ဝင်း၏အရိုးပြာ လာယူရန် ဆရာကြီးဇနီးဒေါ်မိမိလေးထံ ဖုန်းဆက်ခဲ့ရာ ဘာကြောင့်သေတာလဲဟု ပြန်မေးခဲ့သည်။

Public Service Announcement

Public Service Announcement

ရဲစခန်းဘက်က “အသက်မရှူတော့လို့ မီးရှို့ပစ်လိုက်တာ”ဟု ပြန်လည်ဖြေကြားသည်ဟု ဆိုသည်။ ဝမ်းတွင်းမြိူ့ရှိ စစ်ကောင်စီတပ်၊ ရဲနှင့် သွေးသောက်အဖွဲ့များ၏ စီစဥ်ခိုင်းစေမှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသူဆရာနှင့် ၎င်း၏ဇနီးသည်တို့သည် နှစ်ဦးလုံး ကျောင်းဆရာ၊ ဆရာမများဖြစ်ပြီး

CDM ပြုလုပ်ခဲ့ကြသော်လည်း ဖိအားပေးမှုများကြောင့် NON CDM ပြန်လုပ်ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

“Non CDMဟုတ်တယ်။ ဒါပေမဲ့သူကအကြပ် ကိုင်ခံရလို့။ ပြည်သူ့ဘက်ပါတဲ့ဆရာကြီးပါ။ အတော်လေးကောင်းပါတယ်။”ဟု Voice Of Wundwin အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဝမ်းတွင်းမြို့နယ်သည် မန္တလေးတိုင်း၊ တောင်ခြမ်းတွင် စစ်ကောင်စီတပ်အား မကြာခဏ ခုခံတော်လှန်တိုက်ခိုက်နေသည့်ဒေသတစ်ခုဖြစ်ပြီး ပြည်သူများလည်း မကြာခဏဖမ်းဆီးခံနေရသည်။

(စစ်ကြောရေး၌ သေဆုံးခဲ့သည့် ဆရာကြီး ဦးကျော်နိုင်ဝင်း၊ ဓာတ်ပုံ-Voice of Wundwin)

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။