Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တော်လှန်ရေးအလှူငွေများ အလေ့အလွင့်မဖြစ်စေရန်၊ ကိုယ်ကျိုးအသုံးမပြုရန် ယာယီသမ္မတပြော

ယမန်နေ့ (စက်တင်ဘာ ၂၈ရက်)က ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ​၏ (၇)ကြိမ်မြောက် ဘဏ္ဍရေးကော်မရှင် အစည်းအဝေး၌ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးအလှူငွေများ အလေ့အလွင့်မဖြစ်စေရန်၊ ကိုယ်ကျိုးအသုံးမပြုရန် ယာယီသမ္မတပြော
တော်လှန်ရေးအလှူငွေများ အလေ့အလွင့်မဖြစ်စေရန်၊ ကိုယ်ကျိုးအသုံးမပြုရန် ယာယီသမ္မတပြော

ပြည်ည်ပထောက်ပံ့ငွေလုံးဝမရသေးဘဲ ပြည်သူ များ၏ စေတနာ၊ မေတ္တာနှင့် ပံ့ပိုးငွေများနှင့်သာ တော်လှန်ရေးကို မောင်းနှင်နေရခြင်းဖြစ်၍ အလေအလွင့်မရှိစေရန်၊ ကိုယ်ကျိုးအသုံးမပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှိးလက ပြောကြားသည်။

ယမန်နေ့ (စက်တင်ဘာ ၂၈ရက်)က ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ​၏ (၇)ကြိမ်မြောက် ဘဏ္ဍရေးကော်မရှင် အစည်းအဝေး၌ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးအလှူငွေများ အလေ့အလွင့်မဖြစ်စေရန်၊ ကိုယ်ကျိုးအသုံးမပြုရန် ယာယီသမ္မတပြော
တော်လှန်ရေးအလှူငွေများ အလေ့အလွင့်မဖြစ်စေရန်၊ ကိုယ်ကျိုးအသုံးမပြုရန် ယာယီသမ္မတပြော

အစိုးရ၏ ကြီးမားလှသည့် ဘဏ္ဍာငွေအသုံးစရိတ်များကို ပြည်သူလူထု၏ ချွေးနည်းစာစေတနာဖြင့် မတည်လည်ပတ်နေခြင်းဖြစ်သည့် အားလျော်စွာ စနစ်ကျရန်၊ ဦးစားပေး ကဏ္ဍများ၌ သုံးစွဲတတ်ရန်၊ အလေအလွင့်မရှိစေရန်၊ ကိုယ်ကျိုးအတွက် အသုံးမပြုမိစေရန် အလွန်အရေးကြီးသည်ဟု ယာယီသမ္မတက ပြောကြားသည်။

“နိုင်ငံတော်ဘဏ္ဍာက မိမိတို့အစိုးရအတွက် အလွန်အရေးကြီးတယ်။ အစိုးရယန္တရားတစ်ခုလုံး လည်ပတ်ရန် ဘဏ္ဍာငွေဟာ အင်မတန်အရေးကြီးတဲ့ မဏ္ဌိုင်ဖြစ်ပါတယ်။ အထူးသဖြင့် တိုက်ပွဲဝင် အစိုးရဖြစ်တဲ့ အားလျော်စွာ PDF ရဲဘော်များကို စုစည်းလေ့ကျင့်ပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်း၊ စားနပ်ရိက္ခာဆေးဝါးများ ပံ့ပိုးပေးခြင်း၊ စစ်ဆင်ရေးစရိတ်များ ပံ့ပိုးပေးခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အချို့အား မျှဝေပေးခြင်း စတဲ့ ကဏ္ဍများမှာ လစ်ဟင်းမှုမရှိစေရန် အချိန်နဲ့ တပြေးညီဆောင်ရွက်ရပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

၁၉၈၉ ခုနှစ် ဧပြီ ၁၇ရက်‌တွင် စတင် တည်ထောင်ခဲ့သော ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) သည် ယနေ့တွင် (၃၅)နှစ်ပြည့်မြောက်ပြီဖြစ်သည်။

သတင်း

နိုင်ငံတဝန်း စစ်ရေးအရှိန်များတိုးမြှင့်ဖော်ဆောင်နေသည့် အခြေအနေတွင် ယခုကဲ့သို့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ ထုတ်ပြန်လာခြင်းလည်းဖြစ်သည်။

သတင်း

ယနေ့ ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ ယာယီသမ္မတက နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်စစ် ပြောင်းလဲတိုးတက်မှု အခြေအနေကို ပြောပြရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်း

ယာယီသမ္မတထံသို့ ဝန်ကြီးဦးရည်မွန်က သွားရောက်တင်ပြခဲ့ပြီး ဒုဝန်ကြီး နိုင်ကောင်းရွက်က ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့ထံ တင်ပြခဲ့သည်ဟု အသိပေးသည်။