Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးအလှူငွေများ အလေ့အလွင့်မဖြစ်စေရန်၊ ကိုယ်ကျိုးအသုံးမပြုရန် ယာယီသမ္မတပြော

ယမန်နေ့ (စက်တင်ဘာ ၂၈ရက်)က ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ​၏ (၇)ကြိမ်မြောက် ဘဏ္ဍရေးကော်မရှင် အစည်းအဝေး၌ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးအလှူငွေများ အလေ့အလွင့်မဖြစ်စေရန်၊ ကိုယ်ကျိုးအသုံးမပြုရန် ယာယီသမ္မတပြော
တော်လှန်ရေးအလှူငွေများ အလေ့အလွင့်မဖြစ်စေရန်၊ ကိုယ်ကျိုးအသုံးမပြုရန် ယာယီသမ္မတပြော

ပြည်ည်ပထောက်ပံ့ငွေလုံးဝမရသေးဘဲ ပြည်သူ များ၏ စေတနာ၊ မေတ္တာနှင့် ပံ့ပိုးငွေများနှင့်သာ တော်လှန်ရေးကို မောင်းနှင်နေရခြင်းဖြစ်၍ အလေအလွင့်မရှိစေရန်၊ ကိုယ်ကျိုးအသုံးမပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှိးလက ပြောကြားသည်။

ယမန်နေ့ (စက်တင်ဘာ ၂၈ရက်)က ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ​၏ (၇)ကြိမ်မြောက် ဘဏ္ဍရေးကော်မရှင် အစည်းအဝေး၌ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးအလှူငွေများ အလေ့အလွင့်မဖြစ်စေရန်၊ ကိုယ်ကျိုးအသုံးမပြုရန် ယာယီသမ္မတပြော
တော်လှန်ရေးအလှူငွေများ အလေ့အလွင့်မဖြစ်စေရန်၊ ကိုယ်ကျိုးအသုံးမပြုရန် ယာယီသမ္မတပြော

အစိုးရ၏ ကြီးမားလှသည့် ဘဏ္ဍာငွေအသုံးစရိတ်များကို ပြည်သူလူထု၏ ချွေးနည်းစာစေတနာဖြင့် မတည်လည်ပတ်နေခြင်းဖြစ်သည့် အားလျော်စွာ စနစ်ကျရန်၊ ဦးစားပေး ကဏ္ဍများ၌ သုံးစွဲတတ်ရန်၊ အလေအလွင့်မရှိစေရန်၊ ကိုယ်ကျိုးအတွက် အသုံးမပြုမိစေရန် အလွန်အရေးကြီးသည်ဟု ယာယီသမ္မတက ပြောကြားသည်။

“နိုင်ငံတော်ဘဏ္ဍာက မိမိတို့အစိုးရအတွက် အလွန်အရေးကြီးတယ်။ အစိုးရယန္တရားတစ်ခုလုံး လည်ပတ်ရန် ဘဏ္ဍာငွေဟာ အင်မတန်အရေးကြီးတဲ့ မဏ္ဌိုင်ဖြစ်ပါတယ်။ အထူးသဖြင့် တိုက်ပွဲဝင် အစိုးရဖြစ်တဲ့ အားလျော်စွာ PDF ရဲဘော်များကို စုစည်းလေ့ကျင့်ပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်း၊ စားနပ်ရိက္ခာဆေးဝါးများ ပံ့ပိုးပေးခြင်း၊ စစ်ဆင်ရေးစရိတ်များ ပံ့ပိုးပေးခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အချို့အား မျှဝေပေးခြင်း စတဲ့ ကဏ္ဍများမှာ လစ်ဟင်းမှုမရှိစေရန် အချိန်နဲ့ တပြေးညီဆောင်ရွက်ရပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

မေးမြန်းခန်း

ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း