Connect with us

Hi, what are you looking for?

သတင်း

မကြာခဏဗုံးပစ်ခံရသည့် လှိုင်မြို့နယ် လျှပ်စစ် ရုံးအနီးရှိ ဘူတာရုံလမ်းမှတ်တိုင် ဖျက်သိမ်း

လှိုင်မြို့နယ်၊ လျှပ်စစ်မီတာရုံးသည် မကြာခဏဗုံးပစ်ခံရပြီး ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်က စစ်ကောင်စီဝင်များ၏ ဘန်ကာကို ​ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အစောင့်စစ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ- ဘူတာရုံလမ်းမှတ်တိုင် ဖျက်သိမ်းကြောင်း ကြေညာထားသည့် ဆိုင်းဘုတ်အား တွေ့ရစဥ်
ဓာတ်ပုံ- ဘူတာရုံလမ်းမှတ်တိုင် ဖျက်သိမ်းကြောင်း ကြေညာထားသည့် ဆိုင်းဘုတ်အား တွေ့ရစဥ်

▪️မှတ်တိုင် ဖျက်သိမ်းသဖြင့် ဘတ်စ်ကားစီး ပြည်သူများ အခက်ကြုံ

မကြာခဏ ဗုံးပစ်တိုက်ခိုက်ခံရသည့် လှိုင်မြို့နယ် လျှပ်စစ်မီတာရုံးအနီးရှိ ဘူတာရုံလမ်းမှတ်တိုင်ကို စစ်ကောင်စီက ယမန်နေ့ (စက်တင်ဘာ ၂၈) ညပိုင်း၌ ဖျက်သိမ်းလိုက်သည်။

အင်းစိန်လမ်းမရှိ ဘူတာရုံလမ်းမှတ်တိုင်တွင် “ဘူတာရုံလမ်း မှတ်တိုင် ဖျက်သိမ်းသည်။ မည်သည့်လိုင်းကားမှ မရပ်ရ”ဟု ဆိုင်းဘုတ်စိုက်၍ ဖျက်သိမ်းခဲ့သည့်အပြင် မှတ်တိုင်အနီး ဘက်စ်ကားရပ်နားရန် ပြုလုပ်ထားသည့် မျဥ်းအဝါလိုင်းများကို ဆေးအမည်းများ သုတ်၍ ဖျက်ထားကြောင်း လှိုင်မြို့နယ် ပြည်သူတစ်ဦးက ပြောသည်။

“လိုင်းကားတွေကို ဘူတာရုံလမ်းမှာ လုံးဝ ပေးမရပ်တော့ဘူး။ ရပ်ရင် ပစ်မယ်လို့လဲ စစ်သားတွေက ဘက်စ်ကားဆရာတွေကို ပြောထားတယ်ကြားတယ်။ အခု လှည်းတန်းကနေ ဘူတာရုံလမ်းဘက်ကို ပြန်ရင် သုခ သို့မဟုတ် ဆင်ရေတွင်း မှတ်တိုင်မှာပဲ ခရီးသည်တွေက အဆင်းအတက် လုပ်ရတော့တယ် “ဟု ၎င်းက ပြောသည်။

Public Service Announcement
Public Service Announcement

လှိုင်မြို့နယ်၊ လျှပ်စစ်မီတာရုံးသည် မကြာခဏဗုံးပစ်ခံရပြီး ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်က စစ်ကောင်စီဝင်များ၏ ဘန်ကာကို ​ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အစောင့်စစ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုသို့ ဗုံးပစ်ခံရပြီး နောက်ရက်တွင် စစ်ကောင်စီက ဘူတာရုံလမ်း မှတ်တိုင်ကို ဖျက်သိမ်းခဲ့သဖြင့် အဆိုပါလမ်း ဘက်စ်ကားစီး ပြည်သူများမှာ အခက်ကြုံရကြောင်း လှိုင်မြို့နယ်ရှိ ပြည်သူများက ပြောသည်။

“အလုပ်ကနေ မောမောပန်းပန်းနဲ့ ဘူတာရုံလမ်းနားက အိမ်ကို ပြန်လာတာ ဘက်စ်ကားက မရပ်ရတော့ အဝေးကြီး လမ်းလျှောက်လိုက်ရတယ်။ ဘူတာရုံလမ်း မှတ်တိုင်ကနေလည်း အိမ်ကို ထပ်လျှောက်ရတော့ အိမ်ရောက်ဖို့ကို နာရီဝက်လောက် နီးပါး သွားရတာ တော်တော်မလွယ်ပါဘူး။ ဒီလိုစိတ်ကူးမျိုး၊ ဥာဏ်မမှီပုံမျိုးနဲ့ နိုင်ငံကို အုပ်ချုပ်ချင်နေသေးတယ် ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ကွင်းပြင်ကျယ်ထဲ ထီးထီးကြီး ရှိနေတဲ့ ရထား ဘူတာရုံအိုကလေးဆီ ချဉ်းကပ်မိပြီ ဆိုတာနဲ့ ရထားပေါ်မှာ အခုလိုစကားသံ တွေ ထွက်လာတတ်တာ၊ ရက်သတ္တပတ် တစ်ချို့ကြာနေပါပြီ။

သတင်း

ရန်ကုန်မြို့ သံလမ်းမှတ်တိုင်မှာ စစ်သားတွေ မူးပြီး သေနတ်နဲ့ ရမ်းကားပစ်ခတ်ခဲ့တယ်လို့ ဖြစ်စဉ်အနီးနား ရှိနေသူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊လှိုင်ရတနာအိမ်ရာရှိတိုက်ခန်းမီး‌လောင်မှုတွင် အမျိူသားတစ်ဦး‌ သေဆုံးကာ တစ်ဦးဒဏ်ရာရရှိ‌ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲချုပ်(ရန်ကုန်)YROက အသိပေးထားသည်။

သတင်း

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ (၉)ရပ်ကွက်ရှိ လှိုင်ရတနာအိမ်ရာတွင် ယနေ့ (မတ်လ ၃) ညပိုင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။