Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်စွဲထားသည့် အုပ်ကြီးအိမ် နွားထိုးကြီး PDFဝင်ပစ်၊ အုပ်ကြီးထွက်ပြေးပြီး သေနတ် (၇)လက်သိမ်းဆည်းနိုင်ခဲ့

ဖြစ်စဥ်နှင့်ပတ်သက်၍ နွားထိုးကြီး PDFအား ဆက်သွယ်မေး​မြန်းရန်ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။

သိမ်းဆည်းရမိသောလက်နက်များ၊ ဓာတ်ပုံ-Natogyi PDF
သိမ်းဆည်းရမိသောလက်နက်များ၊ ဓာတ်ပုံ-Natogyi PDF

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ပျော်ဘွယ်စံပြကျေးရွာတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအား လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်များ မရှိချိန်တွင် နွားထိုးကြီး PDFက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူး ထွက်ပြေးခဲ့ရပြီး လက်နက် (၇)လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ စက်တင်ဘာ၂၉ရက် မွန်းလွဲ ၁ နာရီခန့် မြင်းခြံမြို့နယ်၊ ပျော်ဘွယ်စံပြရွာ စစ်​​​ကောင်စီခန့် အုပ်ချုပ်ရေးမှူးအိမ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်များမရှိချိန်တွင် နွားထိုးကြီး PDFက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ

Public Service Announcement
Public Service Announcement

ခန့်အုပ်ချုပ်ရေးမှူး ထွက်ပြေးသွားခဲ့ကြောင်း မြင်းခြံ လူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

သို့သော် သေနတ် (၇)လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း နွားထိုးကြီး PDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ နွားထိုးကြီး PDFအား ဆက်သွယ်မေး​မြန်းရန်ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။

ပျော်ဘွယ်စံပြရွာရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအိမ်မှာ ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ပထမအကြိမ်ကလည်း စစ်ဗိုလ်တစ်ဦးသေဆုံးခဲ့ပြီးသေနတ် ရရှိခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

တိုက်ပွဲ‌တွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ကသာခရိုင်အတွင်း ဗန်းမော် -မန္တလေး ပြည်ထောင်စုလမ်းမကြီးလမ်းပိုင်းနဲ့ ပတ်ဝန်းကျင်မှာ ဒေသခံတွေ လုံခြုံရေးအတွက် လမ်းပိုင်းကန့်သတ်ချက်အပြင် စစ်တပ်နဲ့ မဆက်သွယ်ဖို့ အမြင့်ဆုံးသတိပေးချက်ကို ကသာခရိုင်၊အမှတ်(၃)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။