Connect with us

Hi, what are you looking for?

သတင်း

ဇီးကုန်းမြို့တွင် စခန်းမှူးက လူတစ်စုအား ဓားပြတိုက်ရန်စေခိုင်းဟုဆို

ဓားပြတိုက်မှုကို လူလေးဦးက ပစ္စတို ၁လက်နှင့် ​မောင်းပြန်​သေနတ်အရှည် ၃လက်ကို အသုံးပြုကျူးလွန်ခဲ့ပြီး ကားပေါ်ပါလာသည့် ​ငွေအားလုံးကို ယူ​ဆောင်သွားကြောင်း ဒေသခံအချို့ကို ကိုးကားကာ Infinity Groupက ထုတ်ပြန်ထားသည်။

Update News
Update News

▪️ ဒေသခံ စက်သုံးဆီလုပ်ငန်းရှင်အချို့​၏ ကျပ်သိန်း၆၀၀ ကျော်ပါသွား

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့တွင် ဒေသခံစက်သုံးဆီလုပ်ငန်းရှင်အချို့ပိုင်ဆိုင်သော ကျပ်သိန်း၆၀၀ ကျော်ကို လူတစ်စုအား စခန်းမှုးကိုယ်တိုင်က ဓားပြတိိုက်ခိုင်းပြီး အမှုအားလမ်းကြောင်းလွှဲရန် အမှုပြန်ဖွင့်ပေးထားသည်ဟု ဒေသတွင်း တော်လှန်ရေးအင်အားစုများကပြောသည်။

ဇီးကုန်းမြို့တွင် စက်တင်ဘာ ၂၅ ရက်​ ည​နေက ​ကျပ်သိန်း ၆၀၀ ​ကျော်တင်​ဆောင်လာ​သော ဆီသယ်ယာဥ်အား လက်နက်ကိုင်​ဆောင်ထား​သော လူတစ်စုက ဓားပြတိုက်သွားသည့် ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။ အဆိုပါ ဓားပြမှုကိုကျူးလွန်ရန် စစ်ကောင်စီ ထောက်တိုင်အကြီးစားဖြစ်သော ဇီးကုန်းမြို့ရဲစခန်းမှူးက လူတစ်စုအား ခိုင်းစေခဲ့ခြင်းဟု ပြည်သူကာကွယ်ရေး ရဲဘော်များက ဆိုသည်။

“ဒီဓားပြတိုက်တဲ့ဖြစ်စဥ်ကို ကျွန်တော်တို့သေချာလေ့လာခဲ့တယ်။ ဇီးကုန်းဆိုတာ ပျုတွေ ကြိုးစိုးထားတဲ့နေရာ။ တော်ရုံဝင်လို့ရတဲ့ နေရာမဟုတ် ဘူး။ ထပ်သိရတာကတော့ ဇီးကုန်းစခန်းမှူးကိုယ် တိုင် ဓားပြမှုမှာပါနေတဲ့ အထောက်အထားတွေရှိထားတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ် ဦးက ပြောသည်။

အဆိုပါ ဓားပြမှုနှင့်ပတ်သက်ပြီး နောက်ဆက်တွဲ စုံစမ်းသိရှိချက်အရ အကြမ်းဖက်စစ်​ကောင်စီလက်​အောက်ခံ ဇီးကုန်းမြို့ရဲစခန်းမှ စခန်းမှူးကိုယ်တိုင် အကွက်ချစီစဥ်ကာ ဓားပြတိုက်ခိုင်းခဲ့ခြင်းဖြစ်ကာ ပိုင်ရှင်များ ​ကျေနပ်​အောင်လည်း အမှုပြန်ဖွင့်​ပေးထားကြောင်းသိရသည်ဟု ဒေသတွင်း တော်လှန်ရေးသတင်းများကို ထုတ်ပြန်ပေးနေသည့် Infinity Groupက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဓားပြတိုက်မှုကို လူလေးဦးက ပစ္စတို ၁လက်နှင့် ​မောင်းပြန်​သေနတ်အရှည် ၃လက်ကို အသုံးပြုကျူးလွန်ခဲ့ပြီး ကားပေါ်ပါလာသည့် ​ငွေအားလုံးကို ယူ​ဆောင်သွားကြောင်း ဒေသခံအချို့ကို ကိုးကားကာ Infinity Groupက ထုတ်ပြန်ထားသည်။

ကျပ် သိန်း ၆၀၀ ကျော်မှာ ကန့်ဘလူမြို့ သိန်းကမ္ဘာဆီဆိုင်မှ ​ကျပ် သိန်း ၂၀၀ ​ကျော် နှင့် ထန်းကုန်းစံပြရွာ မိုးမြင့်​အောင်ဆီဆိုင်မှ ​ကျပ် သိန်း ၄၀၀ ​ကျော်တို့ ဖြစ်​ကြောင်း ရှင်းပြထားသည်။ ထို့ကြောင့် သိန်းကမ္ဘာဆီဆိုင်နှင့် မိုးမြင့်​အောင်ဆီဆိုင်ကို မေးမြန်းရန်ဆက်သွယ်ရာ မရသေးပေ။

ဇီးကုန်းမြို့သည် ပျူစောထီးကြီးစိုးသည့် နေရာဖြစ်သည်။ ပြီးခဲ့သည့်ဇူလိုင်လတွင် ဇီးကုန်းမြို့မှ ပျူစောထီးခေါင်းဆောင်တစ်ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ရှင်းလင်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊မုဆိုးခြုံရွာမ ရွာမှာ စပါးရောင်းလာတဲ့ လင်မယားနှစ်ဦး နေအိမ်ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း၂၅၀နဲ့ဖုန်းတွေပါယူသွားခံရကာ အမျိုးသားဖြစ်သူကိုပါ သတ်ဖြတ်သွားတယ်လို့ ‌‌‌‌ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

မန္တလေးမြို့က မီလျံနာရွှေဆိုင်ဓားပြတိုက်မှု ကျူးလွန်သူတွေဖမ်းမိပြီး ကျူးလွန်သူတွေဟာ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူတွေပါဝင်တယ်လို့ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက ပြောပါတယ်။