Connect with us

Hi, what are you looking for?

သတင်း

မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်း

မှတ်ပုံတင်ခွင့်တောင်းခံထားသော အဖွဲ့အစည်းများအနက် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာမည်ဖြစ်ကြောင်း ကတိကဝတ်ပြုသည့် အဖွဲ့အစည်း(၂၅)ဖွဲ့အား အသိအမှတ်ပြုမှတ်ပုံတင်ကဒ်ပြား ထုတ်ဝေးပေးခဲ့ပြီး အဖွဲ့အစည်းခေါင်းဆောင်များအားလုံးမှ တပ်ပေါင်းစုအသွင်ဖြင့် ဘုံရန်သူအား စုပေါင်းတော်လှန်သွားရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့သည်။

မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်း
မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်း

ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် တပ်မဟာ(၁)နယ်မြေအတွင်း တော်လှန်ရေးအင်အားစုများ စုပေါင်း၍ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုအား ဖွဲ့စည်းလိုက်ကြောင်း ယနေ့ အောက်တိုဘာ(၃)ရက်ရက်စွဲဖြင့် KNU သထုံခရိုင်၊ တပ်မဟာ(၁) မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီမှ ကြေညာချက်ထုတ်ပြန်သည်။

KNU သထုံခရိုင်၊ တပ်မဟာ(၁) မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီမှ စည်းရုံးဦးဆောင်၍ သထုံခရိုင် တပ်မဟာ(၁)နယ်မြေအတွင်း အခြေစိုက်သည့် ပြန့်ကျဲနေသော တော်လှန်ရေးအင်အားစုများအား တစ်ခုတည်းသောကွပ်ကဲမှု စုပေါင်းဦးဆောင်မှုဖြင့် ဘုံရန်သူအား စနစ်ကျညီညွတ်စွာတော်လှန်သွားနိုင်ရေးအတွက် လုပ်ငန်းစဉ်(၉)ရပ်ချမှတ်ကာ အစဉ်တစိုက်ကြိုးပမ်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

“ရန်သူသည် အင်အားကြီးမား၍ စုဖွဲ့မှုကောင်းစွာဖြင့် တည်ဆောက်ထားသည်။ ၎င်းတို့ကိုတော်လှန်ဖြုတ်ချရန်မှာ တစ်ဦးကောင်းတစ်ယောက်ကောင်း၊ တစ်စုတစ်ဖွဲ့ကောင်းရုံမျှဖြင့် မအောင်မြင်နိုင်ပေ။ ထို့ကြောင့် ဘုံရည်မှန်းချက်တူညီသည့် တော်လှန်ရေးအင်အားစုများဖြင့် တပ်ပေါင်းစုဖွဲ့၍ ဘုံရန်သူအား ချေမှုန်းသွားခြင်းသည်သာ မှန်ကန်သောတွေးခေါ်မှုဖြစ်သည်ဟု ဆုံးဖြတ်သည်” ဟု ထုတ်ပြန်ကြေငြာချက်တွင် တပ်မဟာ(၁) မိတ်/ကွပ်ကော်မတီမှ ဆိုထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ(၂၁)ရက်မှ (၂၄)နေ့အထိကျင်းပခဲ့သည့် KNU သထုံခရိုင် တပ်မဟာ(၁)နယ်မြေအတွင်းအခြေစိုက်သည့် တော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်များ၊ တာဝန်ခံများနှင့် ကိုယ်စားလှယ်များအားလုံးပါဝင်သည့် တတိယအကြိမ်မျက်နှာစုံညီအစည်းအဝေးမှ ဥပဒေစိုးမိုးမှုအခြေခံဘောင်အတွင်း နေထိုင်တော်လှန်သွားကြမည့် တော်လှန်ရေးအဖွဲ့အစည်းများအား မှတ်ပုံတင်ကဒ်ပြားစီစစ်ထုတ်ဝေခြင်းလုပ်ငန်း၊ တပ်ပေါင်းစုခြင်းလုပ်ငန်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မှတ်ပုံတင်ခွင့်တောင်းခံထားသော အဖွဲ့အစည်းများအနက် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာမည်ဖြစ်ကြောင်း ကတိကဝတ်ပြုသည့် အဖွဲ့အစည်း(၂၅)ဖွဲ့အား အသိအမှတ်ပြုမှတ်ပုံတင်ကဒ်ပြား ထုတ်ဝေးပေးခဲ့ပြီး အဖွဲ့အစည်းခေါင်းဆောင်များအားလုံးမှ တပ်ပေါင်းစုအသွင်ဖြင့် ဘုံရန်သူအား စုပေါင်းတော်လှန်သွားရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့သည်။

၎င်းအဖွဲ့အစည်း(၂၅)ဖွဲ့စုပေါင်း၍ KNU သထုံခရိုင် တပ်မဟာ(၁)မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုအဖြစ် အောင်မြင်စွာဖွဲ့စည်းပြီးဖြစ်ကြောင်းနှင့် ရှေ့လုပ်ငန်းစဉ်အချို့အားလည်း ချမှတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီမှ ပြည်သူလူထုထံသို့ အသိပေးထုတ်ပြန်ကြေညာထားပါသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

မေးမြန်းခန်း

ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း

Facebook