Connect with us

Hi, what are you looking for?

သတင်း

KNUနှင့် PDFများအကြား ညီညွတ်မှုကိုသံသယမဖြစ်ရန် သထုံခရိုင် မိတ်ဖက်ကော်မတီ အသိပေး

KNU သထုံခရိုင် တပ်မဟာ(၁)ဒေသတွင်းရှိ တော်လှန်ရေးတပ် ၂၅ဖွဲ့ပါဝင်ပြီး တပ်ပေါင်းစုအသွင်ဖြင့် ဖွဲ့စည်းထားကြောင်း၊ မိတ်ဖက်များကြားလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ စီရင်ထုံးများသည်လည်း အထင်အရှားရှိပြီးဖြစ်ကြောင်း မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲရေးကော်မတီက ထုတ်ပြန်ထားသည်။

KNUနှင့် PDFများအကြား ညီညွတ်မှုကိုသံသယမဖြစ်ရန် သထုံခရိုင် မိတ်ဖက်ကော်မတီ အသိပေး
KNUနှင့် PDFများအကြား ညီညွတ်မှုကိုသံသယမဖြစ်ရန် သထုံခရိုင် မိတ်ဖက်ကော်မတီ အသိပေး

စစ်အုပ်စုက သတင်းမှားများဖြန့်ဖြူးနေ၍ ပြည်သူများ မရှင်းလင်းပါက ဆက်သွယ်မေးမြန်းနိုင်ဟု ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်နှင့်ပတ်သက်ပြီး စစ်အုပ်စုက သတင်းမှားများဖြန့်ဖြူးနေ၍ ပြည်သူများအနေဖြင့် KNUနှင့် PDFများအကြား ညီညွတ်မှုကို သံသယမဖြစ်ကြရန် KNU သထုံခရိုင် တပ်မဟာ(၁) မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲရေးကော်မတီ အတွင်းရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်အုပ်စုဘက်က အကောင့်အမျိုးမျိုးဖြင့် ဝါဒဖြန့်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

KNUက NUG ခိုင်းသမျှ လုပ်ဆောင်နေရသည်ဟု လုပ်ကြံသတင်းလွှင့်ခြင်း၊ KNU တပ်မဟာ(၁)မှ PDFနှင့် ပူးပေါင်းပြီး ပြန်ပေးဆွဲနေသည်ဟု လုပ်ကြံသတင်းလွှင့်ခြင်း၊ KNU တပ်မဟာ(၁) သထုံခရိုင် ခေါင်းဆောင်များကစေခိုင်း၍ PDF တပ်ဖွဲ့က ပြန်ပေးဆွဲပြီး ခရိုင်၊ တပ်မဟာခေါင်းဆောင်များအား ငွေကြေးပေးရသည်ဟု လုပ်ကြံသတင်းလွှင့်ခြင်း ၊ PDFနှင့် LDF အကြား ပဋိပက္ခရှိနေသည်ဟု နံမည်တပ်ပြီး လီဆယ်ရေးသားနေခြင်းတို့ကြောင့် ယခုကဲ့သို့ ပြည်သူလူထု သိရှိနိုင်စေရန်အသိပေး ခြင်းဖြစ်ကြောင်း ကော်မတီ အတွင်းရေးမှူးရုံးတာဝန်ရှိသူက ပြောသည်။

ထိုသို့ ဝါဒဖြန့်သည့် အကောင့်များကို လေ့လာရာ၌ ဖော်လိုဝါ နှင့် လိုက်(ခ်)အနည်းငယ်သာရှိကြောင်း ယင်းအကောင့်များကို ဖော်ပြပါက ၎င်းအကောင့်ပိုင်ရှင်များအတွက်အခွင့်အရေးရသွားနိုင်၍ မိတ်ဖက်ကော်မတီ အနေဖြင့် စုပေါင်း၍ သဘောထား ထုတ်ပြန်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့က တစ်ဖက်က စည်းလုံးမှုတည်ဆောက်နေတယ် သူတို့ကလည်း တစ်ဖက်ကနေပြီးတော့ ကျွန်တော်တို့ စည်းလုံးညီညွတ်မှုကို ပြိုကွဲအောင်လုပ်တဲ့ ပုံစံမျိုးတွေ အစပျိုးလာတာ တွေ့ရတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီအကောင့် ပိုင်ရှင်တွေကို သွားပြီး ဟိုက်လိုက်လုပ်ပြလိုက်ရင် သူတို့ အနေနဲ့ ခွင့်အရေး တစ်ခုရသွားမလားပေါ့ အဲဒါကြောင့် ခြုံပြီးတော့ ဒီလို ထုတ်ပြန် ကြေညာချက်ကို အားလုံး မိတ်ဖက်ကော်မတီဝင်တွေရော တပ်မဟာ၊ ခရိုင် ခေါင်းဆောင်တွေရဲ့ သဘောတူညီချက်နဲ့ ထုတ်ပြန်တာဖြစ်ပါတယ်။” ဟု မိတ်ဖက်ကော်မတီ အတွင်းရေးမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။

အကယ်၍ ယုံမှား သံသယရှိစရာများ တွေ့ရပါက ကော်မတီသို့ ဆက်သွယ်နိုင်သည်ဟုထုတ်ပြန်ကာ ဆက်သွယ်ရမည့် လိပ်စာနှင့် ဖုန်းနံပါတ်များကို အသိပေးထားသည်။

“ပြည်သူလူထု အနေနဲ့ ကျွန်တော်တို့ရဲ့ လက်ရှိ စည်းလုံးညီညွတ်မှုတွေအပေါ်မှာ သံသယမဖြစ်ဖို့နဲ့ တစ်ဖက် စစ်လော်ဘီ အုပ်စုကနေ ကျွန်တော်တို့ အပေါ်မှာ ယုံမှား သံသယဖြစ်အောင်လုပ်နေကြတာ အများကြီးရှိတယ်ဆိုတာနားလည်သဘောပေါက်ဖို့ ပေါ့လေ”ဟု မိတ်ဖက်ကော်မတီ တာဝန်ရှိသူက ပြောကြားသည်။

KNU သထုံခရိုင် တပ်မဟာ(၁)ဒေသတွင်းရှိ တော်လှန်ရေးတပ် ၂၅ဖွဲ့ပါဝင်ပြီး တပ်ပေါင်းစုအသွင်ဖြင့် ဖွဲ့စည်းထားကြောင်း၊ မိတ်ဖက်များကြားလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ စီရင်ထုံးများသည်လည်း အထင်အရှားရှိပြီးဖြစ်ကြောင်း မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲရေးကော်မတီက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။