Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

အောက်တိုဘာ ၅ရက် မွန်းလွဲပိုင်းက သိမ်ဇရပ်အခြေစိုက် အမြောက်တပ်က လက်နက်ကြီးဖြင့် ကျိုက်ထိုမြို့နယ် သုံးခွရွာသို့ ပစ်ခတ်ခဲ့၍ သုံးခွရာခံ အမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ် လင်နက်ကြီး ပစ်ခတ်ခဲ့၍ KNU နယ်မြေရှိ ပြည်သူလူထု နေအိမ်တစ်လုံး ပျက်စီးခဲ့သည်ကို တွေ့ရစဥ်၊ဓာတ်ပုံ - KNU (ပုံအဟောင်းကိုအသုံးပြုထားပါသည်)
စစ်ကောင်စီတပ် လင်နက်ကြီး ပစ်ခတ်ခဲ့၍ KNU နယ်မြေရှိ ပြည်သူလူထု နေအိမ်တစ်လုံး ပျက်စီးခဲ့သည်ကို တွေ့ရစဥ်၊ဓာတ်ပုံ - KNU (ပုံအဟောင်းကိုအသုံးပြုထားပါသည်)

ကရင်အမျိုးသားအစည်းအရုံး(KNU) ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNUက သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၅ရက် မွန်းလွဲပိုင်းက သိမ်ဇရပ်အခြေစိုက် အမြောက်တပ်က လက်နက်ကြီးဖြင့် ကျိုက်ထိုမြို့နယ် သုံးခွရွာသို့ ပစ်ခတ်ခဲ့၍ သုံးခွရာခံ အမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လက်နက်ကြီးကျည်သည် သုံးခွကျေးရွာရှိ ကိုအောင်အောင်၏ နေအိမ်ခြံဝန်းအတွင်းကျရောက်ပေါက်ကွဲ ခဲ့ရာ ဇနီးဖြစ်သူ အသက် (၃၁) နှစ်ရှိ မမာလာဝင်း၏ မေးရိုးနှင့်ညာဖက်ပေါင်ကို လက်နက်ကြီးစ ထိမှန်ခဲ့ကြောင်း၊ လက်ရှိတွင် ဆေးကုသမှုခံယူနေကြောင်း ဒေသခံ၏ ပြောကြားချက်ကို ကိုးကား၍ KNUက ဖော်ပြသည်။

Public Service Announcement
Public Service Announcement

“လက်နက်ကြီးက ခမရ (၂၀၇) ကပစ်တာ၊ ကျတာကအိမ်နဲ့ (၁၅) ပေလောက်ပဲကွာတယ် မမာလာကတော့ အိမ်နောက်ဖေးမှာ ပန်းကန်ဆေးနေတာ ညာဖက်ပေါင်ကနေတစ်ဆင့် လက်နက်ကြီးစက ဗိုက်ထဲဝင်လို့ ဆေးရုံမှာ ခွဲထုတ်ခဲ့ရတယ်၊ မေးရိုးကိုလည်းထိသွားတယ်” ဟု သုံးခွရွာခံတစ်ဦးက ပြောကြားကြောင်း KNU၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်း စစ်ကောင်စီတပ်အနေဖြင့် အရပ်သားပြည်သူများ နေထိုင်ရာ နေရာများကို လက်နက်ကြီးများဖြင့် ပစ်မှတ်ထားတ တိုက်ခိုက်မှုများ မကြခဏ လုပ်ဆောင်နေ၍ အရပ်သားပြည်သူများသေဆုံးထိခိုက်မှု များစွာဖြစ်ပေါ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။