Connect with us

Hi, what are you looking for?

သတင်း

CDMသူနာပြုဆရာမ ​​ရေနစ်သေဆုံးခဲ့ရခြင်းအတွက် စစ်​ကောင်စီကို ပြင်းထန်စွာရှုတ်ချ​ကြောင်းCDM Medical Network ​ကြေညာ

“သူတို့က ဒီဘက်ကမ်းကို ပြန်ပြေးကြတာ။ သူ့ယောင်္ကျားက သူ့ကိုပြန်ဆွဲခေါ်ခဲ့လို့ အလောင်းကပြန်ပါ ပါတယ်” ဟု ဆရာမဒေါ် သိင်္ဂီစိုး၏ သူငယ်ချင်းတစ်ဦးကပြောသည်။

CDMသူနာပြုဆရာမ ​​ရေနစ်သေဆုံးခဲ့ရခြင်းအတွက် စစ်​ကောင်စီကို ပြင်းထန်စွာရှုတ်ချ​ကြောင်းCDM Medical Network ​ကြေညာ
CDMသူနာပြုဆရာမ ​​ရေနစ်သေဆုံးခဲ့ရခြင်းအတွက် စစ်​ကောင်စီကို ပြင်းထန်စွာရှုတ်ချ​ကြောင်းCDM Medical Network ​ကြေညာ

သူနာပြုဆရာမဒေါ်သိင်္ဂီစိုးသည် စစ်ကောင်စီကCDM ဝန်ထမ်းများအား လိုက်လံဖမ်းဆီးနှိပ်စက်နေမှုကြောင့် ရှောင်တိမ်းနေရစဥ် ထိုင်းနိုင်ငံသို့သွားရင်းသေဆုံးခဲ့ရခြင်းဖြစ်​သောကြောင့် စစ်​ကောင်စီကို ပြင်းထန်စွာရှုတ်ချ​ကြောင်းCDM Medical Network ကထုတ်ပြန်သည်။

ဒေါ်သိင်္ဂီစိုးသည်ဘားအံပြည်သူ့ဆေးရုံကြီးမှ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသော သူနာပြုဆရာမတစ်ဦးဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီ၏ လိုက်လံဖမ်းဆီးနေသောကြောင့် မြန်မာ-ထိုင်းနယ်စပ် မော်ဖိုးကေ ဒေသတွင် တိမ်းရှောင်နေရသူဖြစ်ကြောင်း CDM Medical Networkက ထုတ်ပြန်ထားသည်။ ထိုင်းဘက်ခြမ်းရှိ မယ်တန်သို့ဈေးဝယ်သွားစဉ် ထိုင်းရဲများက ဖမ်းဆီးသဖြင့် မြစ်ကိုဖြတ်ကူး၍ ပြန်ပြေးလာခဲ့ရာ ရေနစ်သေဆုံးခဲ့ခြင်းဟု CDM Medical Network က ထုတ်ပြန်အသိပေး ထားသည်။

CDMသူနာပြုဆရာမ ​​ရေနစ်သေဆုံးခဲ့ရခြင်းအတွက် စစ်​ကောင်စီကို ပြင်းထန်စွာရှုတ်ချ​ကြောင်းCDM Medical Network ​ကြေညာ
CDMသူနာပြုဆရာမ ​​ရေနစ်သေဆုံးခဲ့ရခြင်းအတွက် စစ်​ကောင်စီကို ပြင်းထန်စွာရှုတ်ချ​ကြောင်းCDM Medical Network ​ကြေညာ

” ယခုကဲ့သို့ ရှောင်တိမ်းနေရသော CDM ဝန်ထမ်း သေဆုံးမှုသည် တရားမဝင် အာဏာသိမ်းထားသော အကြမ်းဖက်စစ်ကောင်စီ၏ CDM ဝန်ထမ်းများအား လိုက်လံဖမ်းစီးနှိပ်စက်နေမှုကြောင့်သာ ရှောင်တိမ်းနေရခြင်း ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီအား CDM ကျန်းမာရေးဝန်ထမ်းများနှင့် ထပ်တူ CDM Medical Network မှ ပြင်းထန်စွာရှုံ့ချပါသည်” ဟု CDM Medical Network က ယနေ့(အောက်တိုဘာလ ၈ရက်)ညတွင် ထုတ်ပြန်ခြင်းဖြစ်သည်။

CDM သူနာပြုဆရာမ ဒေါ်သိင်္ဂီစိုးသည် အောက်တိုဘာ ၇ ရက်တွင် ထိုင်းနိုင်ငံသို့ ​အောက်လမ်းမှသွား​ရောက်စဥ် ထိုင်းရဲက လိုက်ဖမ်း​သော​ကြောင့် သောင်ရင်းမြစ်အတွင်း ခုန်ချ၍​ရေးကူးတိမ်း​ရှောင်ရန် ကြိုးစားရင်း​ရေမကူးနိုင်​တော့ဘဲရေနစ်သေဆုံးခဲ့​ခြင်းဖြစ်​ကြောင်း သူမ၏ မိတ်​ဆွေများက​ပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့က ဒီဘက်ကမ်းကို ပြန်ပြေးကြတာ။ သူ့ယောင်္ကျားက သူ့ကိုပြန်ဆွဲခေါ်ခဲ့လို့ အလောင်းကပြန်ပါ ပါတယ်” ဟု ဆရာမဒေါ် သိင်္ဂီစိုး၏ သူငယ်ချင်းတစ်ဦးကပြောသည်။

ဆရာမ ဒေါ်သိင်္ဂီစိုးတွင် အသက် လေးနှစ်အရွယ် ကလေးငယ် သားလေးတစ်ဦး ကျန်ရစ်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးမှုကြောင့် ရှောင်တိမ်းနေရသော ကျန်းမာရေး CDM ဝန်ထမ်းများ နှင့် အခြား CDM ဝန်ထမ်းများသာမက မတရား ဖမ်းဆီး အကျဉ်းချခံထားရသော အပြစ်မဲ့ CDM ဝန်ထမ်းများ အားလုံး၏ အသက်ဘေးကို များစွာစိုးရိမ်ကြောင်းလည်း CDM Medical Networkက ထုတ်ပြန်ထားသည်။ ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ အလုံးစုံပျက်သုဉ်းရေးနှင့် အရေးတော်ပုံ အောင်မြင်ရေးအတွက် တော်လှန်ရေးအင်အားစုများ၊ ပြည်သူများတစ်ရပ်လုံးနှင့်အတူ အစွမ်းကုန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေငြာချက်တွင်​ဖော်ပြထားသည်။

ထိုအပြင် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီကလည်း “စိတ်သ​ဘောထားအလွန်​ပြည့်ဝ​သော အဖိုးတန်သူနာပြုဆရာမတစ်ဦးဆုံးရှုံးခဲ့ရသည့် အဆိုပါဖြစ်စဉ်အတွက် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီ (Interim Federal Nursing and Midwifery Council) အနေဖြင့် ကျန်ရစ်သူ မိသားစုနှင့်ထပ်တူ များစွာဝမ်းနည်းရပါ​သည်” ဟု ဝမ်းနည်း​ကြောင်း သဝဏ်လွှာထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။