Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့တွင် ဆိုင်ကယ်စီးလူငယ်နှစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်

အသတ်ခံရသူလူငယ်နှစ်ဦး၏ အလောင်းအား မိသားစုထံ ပြည်မပေးဘဲ ပိုင်ရှင်မဲ့အဖြစ် သင်္ဂြိုလ်လိုက်သည်ဟု ဒေသခံများက ပြောသည်။

မရန်ဆိုင်းဂူအား တွေ့ရစဉ် ၊ဓာတ်ပုံ- Aung Hein Min
မရန်ဆိုင်းဂူအား တွေ့ရစဉ် ၊ဓာတ်ပုံ- Aung Hein Min

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဆိုင်ကယ်စီးလူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်သတ်ပြီး မိသားစုထံအလောင်းပြန်မပေးဘဲ သင်္ဂြိုလ်လိုက်ကြောင်း အဆိုပါမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသခံများက ပြောသည်။

အောက်တိုဘာ ၂ ရက် ည ၁၀နာရီခန့်က ဖားကန့်မြို့၊ မြို့မရပ်ကွက်ရှိ ကလပ်ကုန်းဈေးအဆင်းတွင် ဆိုင်ကယ်စီးလာသောလူငယ်နှစ်ဦးအား စစ်ကောင်စီတပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

” ကလေးတွေက ကြောက်လန့်ပြီးပြေးတာကို နောက်ကနေ အုပ်စုလိုက်ကြီး လိုက်ပစ်တာ။ ပြီးတော့ အလောင်းတွေကိုလည်း ပြန်မပေးဘူး”ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

အသက် (၂၅) နှစ်အရွယ် မရန်ဆိုင်းဂူနှင့် အခြားလူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခြင်းဖြစ်ပြီး ရုပ်အလောင်းကို မိုးကာဖြင့်လိပ်၍ ယူဆောင်သွားခဲ့သည်ဟု ဒေသခံများ၏ သတင်းပေးပို့မှုကို အခြေခံ၍ ဖားကန့်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းက သူ၏ လူမှုကွန်ရက်တွင် အသိပေးရေးသားထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“တကယ့်တကယ်တမ်းမှာ သူတို့(စစ်ကောင်စီတပ်ဖွဲ့)ကို တွေ့ပြီဆိုကတည်းက ပြည်သူတွေကပြေးချင်နေတာဗျ။ ဒါဟာအရှိတရားဖြစ်နေတာ။ ကြောက်ကြောက်လန့်လန့်နဲ့ မရပ်ဘဲ ထွက်ပြေးမိတာ။ အဲ့ဒီမှာ ပစ်သတ်တာလို့ကြားရတယ်”ဟု ဦးအောင်ဟိန်းမင်းက ပြောသည်။

အသတ်ခံရသူလူငယ်နှစ်ဦး၏ အလောင်းအား မိသားစုထံ ပြည်မပေးဘဲ ပိုင်ရှင်မဲ့အဖြစ် သင်္ဂြိုလ်လိုက်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ဖားကန့်မြို့နယ်အတွင်း အရပ်သားပြည်သူများအပေါ် အကြမ်းဖက်ခြင်း၊ လူသတ်ခြင်း၊ နေအိမ်များ ဖျက်ဆီးမီးရှို့ခြင်း စသည့် ယုတ်မာရမ်းကားမှုများကို မကြာခဏလုပ်ဆောင်နေသည်ဟု ဦးအောင်ဟိန်းမင်းက ပြောသည်။

ဦးအောင်ဟိန်းမင်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြုအနိုင်ရခဲ့သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ ယခုအခါ ဖားကန့်ဒေသ၌ စစ်ကောင်စီအား ဆန့်ကျင်တော်လှန်ရေးတွင် ဦးဆောင်ပါဝင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။