Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်မြို့တွင် ဆိုင်ကယ်စီးလူငယ်နှစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်

အသတ်ခံရသူလူငယ်နှစ်ဦး၏ အလောင်းအား မိသားစုထံ ပြည်မပေးဘဲ ပိုင်ရှင်မဲ့အဖြစ် သင်္ဂြိုလ်လိုက်သည်ဟု ဒေသခံများက ပြောသည်။

မရန်ဆိုင်းဂူအား တွေ့ရစဉ် ၊ဓာတ်ပုံ- Aung Hein Min
မရန်ဆိုင်းဂူအား တွေ့ရစဉ် ၊ဓာတ်ပုံ- Aung Hein Min

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဆိုင်ကယ်စီးလူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်သတ်ပြီး မိသားစုထံအလောင်းပြန်မပေးဘဲ သင်္ဂြိုလ်လိုက်ကြောင်း အဆိုပါမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသခံများက ပြောသည်။

အောက်တိုဘာ ၂ ရက် ည ၁၀နာရီခန့်က ဖားကန့်မြို့၊ မြို့မရပ်ကွက်ရှိ ကလပ်ကုန်းဈေးအဆင်းတွင် ဆိုင်ကယ်စီးလာသောလူငယ်နှစ်ဦးအား စစ်ကောင်စီတပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

” ကလေးတွေက ကြောက်လန့်ပြီးပြေးတာကို နောက်ကနေ အုပ်စုလိုက်ကြီး လိုက်ပစ်တာ။ ပြီးတော့ အလောင်းတွေကိုလည်း ပြန်မပေးဘူး”ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

အသက် (၂၅) နှစ်အရွယ် မရန်ဆိုင်းဂူနှင့် အခြားလူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခြင်းဖြစ်ပြီး ရုပ်အလောင်းကို မိုးကာဖြင့်လိပ်၍ ယူဆောင်သွားခဲ့သည်ဟု ဒေသခံများ၏ သတင်းပေးပို့မှုကို အခြေခံ၍ ဖားကန့်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းက သူ၏ လူမှုကွန်ရက်တွင် အသိပေးရေးသားထားသည်။

Public Service Announcement
Public Service Announcement

“တကယ့်တကယ်တမ်းမှာ သူတို့(စစ်ကောင်စီတပ်ဖွဲ့)ကို တွေ့ပြီဆိုကတည်းက ပြည်သူတွေကပြေးချင်နေတာဗျ။ ဒါဟာအရှိတရားဖြစ်နေတာ။ ကြောက်ကြောက်လန့်လန့်နဲ့ မရပ်ဘဲ ထွက်ပြေးမိတာ။ အဲ့ဒီမှာ ပစ်သတ်တာလို့ကြားရတယ်”ဟု ဦးအောင်ဟိန်းမင်းက ပြောသည်။

အသတ်ခံရသူလူငယ်နှစ်ဦး၏ အလောင်းအား မိသားစုထံ ပြည်မပေးဘဲ ပိုင်ရှင်မဲ့အဖြစ် သင်္ဂြိုလ်လိုက်သည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဖားကန့်မြို့နယ်အတွင်း အရပ်သားပြည်သူများအပေါ် အကြမ်းဖက်ခြင်း၊ လူသတ်ခြင်း၊ နေအိမ်များ ဖျက်ဆီးမီးရှို့ခြင်း စသည့် ယုတ်မာရမ်းကားမှုများကို မကြာခဏလုပ်ဆောင်နေသည်ဟု ဦးအောင်ဟိန်းမင်းက ပြောသည်။

ဦးအောင်ဟိန်းမင်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြုအနိုင်ရခဲ့သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ ယခုအခါ ဖားကန့်ဒေသ၌ စစ်ကောင်စီအား ဆန့်ကျင်တော်လှန်ရေးတွင် ဦးဆောင်ပါဝင်နေသည်။