Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်တိုက်ပွဲ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများဟုဆို

တိုက်ပွဲအပြီးတွင် PDFတပ်ဖွဲ့ဝင်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပြီး သေဆုံး၊ ဒဏ်ရာရ စစ်ကောင်စီတပ်သား အလောင်းများကို တန့်ဆည်မြို့ဘက်သို့ သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

တန့်ဆည်PDFတပ်ဖွဲ့ဝင်များအားတွေ့ရစဥ်၊ ဓာတ်ပုံ-Cj
တန့်ဆည်PDFတပ်ဖွဲ့ဝင်များအားတွေ့ရစဥ်၊ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ခပေါင်းကြိုင်ရွာနှင့် ရွှေတကျေးရွာကြားသို့ ရောက်လာသော စစ်‌ကြောင်းနှင့် ‌PDFပူးပေါင်းအဖွဲ့တို့ ယနေ့နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ၁၀ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၀ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(အောက်တိုဘာ၁၁ရက်) နံနက် ၉နာရီခန့်က အင်အား၁၀၀ခန့်ရှိသော စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ကို တန့်ဆည်PDF တပ်ရင်း(၆)၊ တပ်ရင်း(၇)နှင့် ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များ၊ စနိုက်ပါသေနတ်များဖြင့် စောင့်ဆိုင်းပစ်ခတ်ခဲ့ရာ ၁နာရီကျော် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း Kaduma Platformက ပြောသည်။

“ဒယ်ရောက်ကျေးရွာတပ်စွဲခဲ့တဲ့ စစ်​ွေးနဲ့ပျူတွေက ချောင်းရိုး၊ စိမ်းစားရွာတွေဘက်ကနေ ထွက်လာတယ်။ ရွှေတကျေးနဲ့ ခပေါင်းကြိုင်ရွာကြားမှာဖြစ်တာ။ သေတဲ့စစ်​ွေးတွေကို နာရေးကားနဲ့တခါတည်းသယ်ပြီး တန့်ဆည်ကိုပြန်ဆုတ်သွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့နောက် အင်ကြင်းပင်တောရဘက်သို့ ရောက်လာသော စစ်ကြောင်းကို မူးဘောင်အနီးတွင် ရွှေဘိုခရိုင် တပ်ရင်း(၂၅) TPCက မိုင်းဆွဲတိုက်ခိုက်ရာ ၁၀ဦးခန့် ထပ်မံ သေဆုံးခဲ့ကြောင်းဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအပြီးတွင် PDFတပ်ဖွဲ့ဝင်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပြီး သေဆုံး၊ ဒဏ်ရာရ စစ်ကောင်စီတပ်သား အလောင်းများကို တန့်ဆည်မြို့ဘက်သို့ သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုတွင် သီတင်းကျွတ်လက်ဆောင်အဖြစ် စစ်ကောင်စီတပ်သား (၁၀)ဦးထက်မနည်းသေ ဆုံးပြီး အများအပြားဒဏ်ရာရရှိကာ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း (၂၅)တန့်ဆည် ပြည်သူ့ရဲဘော်အဖွဲ့ (TPC)က ဖော်ပြထားသည်။

အောက်တိုဘာ ၈ ရက်က တန့်ဆည်မြို့နယ်၊ ဒယ်ရောက်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့်ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ ပြည်သူ့ရဲဘော် ၇ ဦး ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။