Connect with us

Hi, what are you looking for?

သတင်း

NUG ကာကွယ်ရေးဝန်ကြီးဌာန၏ Twitter လူမှုကွန်ရက်စာမျက်နှာ ဖွင့်လှစ်ထားပြီးကြောင်း အသိပေး

ကာကွယ်ရေးဝန်ကြီးဌာန၏ Twitter လူမှုကွန်ရက်မှတစ်ဆင့် ပြည်တွင်းလူထု၊ နိုင်ငံတကာရောက်အင်အားစု၊ နိုင်ငံတကာ အသိုင်းအဝိုင်းတို့နှင့်ထိတွေ့ဆက်စပ်မှု ပိုမိုအားကောင်းစေရေး ဆက်လက် အားထုတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၏ Twitter လူမှုကွန်ရက်စာမျက်နှာ ဖွင့်လှစ်ထားပြီးကြောင်း အသိပေး
NUG ကာကွယ်ရေးဝန်ကြီးဌာန၏ Twitter လူမှုကွန်ရက်စာမျက်နှာ ဖွင့်လှစ်ထားပြီးကြောင်း အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ Twitter လူမှုကွန်ရက်စာမျက်နှာ ဖွင့်လှစ်ထားပြီး စတင်အသက်ဝင်လှုပ်ရှားနေပြီ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်အသိပေးသည်။

Twitter လူမှုကွန်ရက်တွင် @mod_nug ကို Follow လုပ်ထားခြင်းအားဖြင့် ကာကွယ်ရေးဝန်ကြီးဌာန၏ လှုပ်ရှားဆောင်ရွက်မှုများ၊ အရေးကြီးသည့် ဆုံးဖြတ်ချက်များနှင့် မူဝါဒများ၊ နွေဦးတော်လှန်ရေးအတွက် အရေးပါသည့် အလှည့်အပြောင်းများ၊ နိုင်ငံတဝန်းနေ့စဉ်ဖြစ်ပျက်နေသည့် အခြေအနေများစွာထဲမှ အဓိကကျသည့် အဖြစ်အပျက်များကို စဉ်ဆက်မပြတ်သိရှိနိုင်မည်ဖြစ်သည်ဟု ထုတ်ပြန်သည်။

ထို့အပြင် နွေဦးတော်လှန်ရေးမှ မွေးဖွားလာသည့်၊ အနာဂတ် ဖက်ဒရယ်တပ်မတော်၏ အမြုတေဟုဆိုရမည့် နွေဦးတော်လှန်ရေး ခုခံတော်လှန်စစ်ကိုဆင်နွှဲနေသော ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့်တော်လှန်ရေး ရဲဘော်များ၏ လှုပ်ရှားမှုများကိုလည်း အလျဉ်းသင့်သလိုဖော်ပြသွားမည်ဟု အသိပေးထားသည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ Twitter လူမှုကွန်ရက်မှတစ်ဆင့် ပြည်တွင်းလူထု၊ နိုင်ငံတကာရောက်အင်အားစု၊ နိုင်ငံတကာ အသိုင်းအဝိုင်းတို့နှင့်ထိတွေ့ဆက်စပ်မှု ပိုမိုအားကောင်းစေရေး ဆက်လက် အားထုတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။