Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မရမ်းကုန်းမြို့နယ်ရှိ စစ်ကောင်စီ ဆက်သွယ်ရေးတပ် လိုင်းခန်းအားWOHကအ​ဝေးထိန်းဗုံးဖြင့်တိုက်ခိုက်

လမ်း​ထောင့်စစ်ကောင်စီကင်းရုံးနှင့်နီးကပ်သည့်အတွက် ​ဖောက်ခွဲတိုက်ခိုက်ပြီး​နောက်အဖွဲ့ဝင်များ အမြန်ဆုတ်ခဲ့​​ကြောင်း ဗိုလ်တွတ်ပီက​ပြောသည်။​ပေါက်ကွဲပြီးခဏအကြာတွင်စစ်​ကောင်စီတပ်သားများ ​ရောက်လာကြ​ကြောင်း ၎င်းကဆက်​ပြောသည်။

(​တော်ဝင်လမ်းကို Google Map တွင်​တွေ့ရစဥ်)
(​တော်ဝင်လမ်းကို Google Map တွင်​တွေ့ရစဥ်)

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် (၉)မိုင် တော်ဝင်လမ်းရှိ စစ်ကောင်စီ ဆက်သွယ်ရေးတပ် အိမ်ထောင်သည် လိုင်းခန်းအား ယမန်နေ့ (အောက်တိုဘာ ၁၂) ညဦးပိုင်း၌ အဝေးထိန်းဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း War of Hunter Revolution Force (WOH) အဖွဲ့ တာဝန်ထံ ဗိုလ်တွတ်ပီက ​ပြောသည်။

ယင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့် ပျက်ဆီးမှု ထိခိုက်မှု အတိအကျ မသိရသေးသော်လည်း အဖွဲ့သားများ ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း WOH အဖွဲ့ကထုတ်ပြန်သည်။

လမ်း​ထောင့်စစ်ကောင်စီကင်းရုံးနှင့်နီးကပ်သည့်အတွက် ​ဖောက်ခွဲတိုက်ခိုက်ပြီး​နောက်အဖွဲ့ဝင်များ အမြန်ဆုတ်ခဲ့​​ကြောင်း ဗိုလ်တွတ်ပီက​ပြောသည်။​ပေါက်ကွဲပြီးခဏအကြာတွင်စစ်​ကောင်စီတပ်သားများ ​ရောက်လာကြ​ကြောင်း ၎င်းကဆက်​ပြောသည်။

မရမ်းကုန်းမြို့နယ်နေ ပြည်သူတစ်ဦးကလည်း ” ၉ မိုင်ဘက်မှာ ပေါက်ကွဲသံ တစ်ချက်တော့ ကြားလိုက်ရတယ်။ အသံအရမ်းတော့ မကျယ်ဘူး။ ဆက်သွယ်ရေးတပ်ဘက်မှာ ပေါက်တာ လို့တော့ သိရပါတယ်။လူထိခိုက်မှုရှိ ၊မရှိတော့မသိပါဘူး ” ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မရမ်းကုန်း ၂ ရပ်ကွက် ကုလားကျောင်းမှတ်တိုင်အနီးတွင် စစ်ကား ၃ စီးခန့် ရပ်၍ ဖြတ်သွားဖြတ်လာ ကားများနှင့် လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

” ည ၈ နာရီခွဲကျော်လောက်က ဗုံးပေါက်သံ ကြားရပြီးမရမ်းကုန်း ၂ ရပ်ကွက်မှာ ဖြတ်သွားတဲ့ ကားတွေကို လမ်းပိတ်ပြီး စစ်နေတာ တွေ့ရတယ်။ အခု ၉ နာရီခွဲလောက်ကလည်း ဦးဘဟန်လမ်းထဲမှာ စစ်သားတွေ အများကြီး ရောက်နေပြီး ပတ်စစ်နေတယ်လို့ ကြားပါတယ် ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

WOHအဖွဲ့သည် ယခုနှစ် သြဂုတ်လတွင် ​အ​ရှေ့ဒဂုံEPC ရုံး ၊​မြောက်ဒဂုံ​ထွေအုပ်ရုံး ၊စက်တင်ဘာလ တွင် အင်းစိန်ရှိCID ရုံး ၊ ပြည်လမ်းနှင့်မင်းဓမ္မလမ်း​ထောင့် ၁၀ မိုင်ရှိဘတပ်မ​တော်အရာရှိရိပ်သာ ၊မဂ်လာဒုံမြို့နယ်ရှိ စစ်​ကောင်စီ​လေတပ်ဂိတ် စသည်တို့ကိုလည်း အ​ဝေးထိန်းမိုင်းများဖြင့် ​​တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။