Connect with us

Hi, what are you looking for?

သတင်း

မရမ်းကုန်းမြို့နယ်ရှိ စစ်ကောင်စီ ဆက်သွယ်ရေးတပ် လိုင်းခန်းအားWOHကအ​ဝေးထိန်းဗုံးဖြင့်တိုက်ခိုက်

လမ်း​ထောင့်စစ်ကောင်စီကင်းရုံးနှင့်နီးကပ်သည့်အတွက် ​ဖောက်ခွဲတိုက်ခိုက်ပြီး​နောက်အဖွဲ့ဝင်များ အမြန်ဆုတ်ခဲ့​​ကြောင်း ဗိုလ်တွတ်ပီက​ပြောသည်။​ပေါက်ကွဲပြီးခဏအကြာတွင်စစ်​ကောင်စီတပ်သားများ ​ရောက်လာကြ​ကြောင်း ၎င်းကဆက်​ပြောသည်။

(​တော်ဝင်လမ်းကို Google Map တွင်​တွေ့ရစဥ်)
(​တော်ဝင်လမ်းကို Google Map တွင်​တွေ့ရစဥ်)

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် (၉)မိုင် တော်ဝင်လမ်းရှိ စစ်ကောင်စီ ဆက်သွယ်ရေးတပ် အိမ်ထောင်သည် လိုင်းခန်းအား ယမန်နေ့ (အောက်တိုဘာ ၁၂) ညဦးပိုင်း၌ အဝေးထိန်းဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း War of Hunter Revolution Force (WOH) အဖွဲ့ တာဝန်ထံ ဗိုလ်တွတ်ပီက ​ပြောသည်။

ယင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့် ပျက်ဆီးမှု ထိခိုက်မှု အတိအကျ မသိရသေးသော်လည်း အဖွဲ့သားများ ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း WOH အဖွဲ့ကထုတ်ပြန်သည်။

လမ်း​ထောင့်စစ်ကောင်စီကင်းရုံးနှင့်နီးကပ်သည့်အတွက် ​ဖောက်ခွဲတိုက်ခိုက်ပြီး​နောက်အဖွဲ့ဝင်များ အမြန်ဆုတ်ခဲ့​​ကြောင်း ဗိုလ်တွတ်ပီက​ပြောသည်။​ပေါက်ကွဲပြီးခဏအကြာတွင်စစ်​ကောင်စီတပ်သားများ ​ရောက်လာကြ​ကြောင်း ၎င်းကဆက်​ပြောသည်။

မရမ်းကုန်းမြို့နယ်နေ ပြည်သူတစ်ဦးကလည်း ” ၉ မိုင်ဘက်မှာ ပေါက်ကွဲသံ တစ်ချက်တော့ ကြားလိုက်ရတယ်။ အသံအရမ်းတော့ မကျယ်ဘူး။ ဆက်သွယ်ရေးတပ်ဘက်မှာ ပေါက်တာ လို့တော့ သိရပါတယ်။လူထိခိုက်မှုရှိ ၊မရှိတော့မသိပါဘူး ” ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မရမ်းကုန်း ၂ ရပ်ကွက် ကုလားကျောင်းမှတ်တိုင်အနီးတွင် စစ်ကား ၃ စီးခန့် ရပ်၍ ဖြတ်သွားဖြတ်လာ ကားများနှင့် လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

” ည ၈ နာရီခွဲကျော်လောက်က ဗုံးပေါက်သံ ကြားရပြီးမရမ်းကုန်း ၂ ရပ်ကွက်မှာ ဖြတ်သွားတဲ့ ကားတွေကို လမ်းပိတ်ပြီး စစ်နေတာ တွေ့ရတယ်။ အခု ၉ နာရီခွဲလောက်ကလည်း ဦးဘဟန်လမ်းထဲမှာ စစ်သားတွေ အများကြီး ရောက်နေပြီး ပတ်စစ်နေတယ်လို့ ကြားပါတယ် ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

WOHအဖွဲ့သည် ယခုနှစ် သြဂုတ်လတွင် ​အ​ရှေ့ဒဂုံEPC ရုံး ၊​မြောက်ဒဂုံ​ထွေအုပ်ရုံး ၊စက်တင်ဘာလ တွင် အင်းစိန်ရှိCID ရုံး ၊ ပြည်လမ်းနှင့်မင်းဓမ္မလမ်း​ထောင့် ၁၀ မိုင်ရှိဘတပ်မ​တော်အရာရှိရိပ်သာ ၊မဂ်လာဒုံမြို့နယ်ရှိ စစ်​ကောင်စီ​လေတပ်ဂိတ် စသည်တို့ကိုလည်း အ​ဝေးထိန်းမိုင်းများဖြင့် ​​တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။