Connect with us

Hi, what are you looking for?

သတင်း

သဖန်းဆိပ်ဆည်ဒေသတွင် ခရီးသွားပြည်သူများ လိုက်နာရမည့်အချက်များ ဒေသကာကွယ်ရေးအဖွဲ့များထုတ်ပြန်

ထို့အပြင် ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် ​ရေနံ​မှော်​အနီးတွင် စစ်​ကောင်စီတပ်က စစ်​ရေးလှုပ်ရှား​နေ၍ ပြည်သူများ ရေနံ​မှော်ဘက်သို့ သွားလာခြင်းမပြုကြရန် ​ဒေသခံပြည်သူ့ကာကွယ်​ရေးအဖွဲ့များက တားမြစ်ထားသည်။

သဖန်းဆိပ်ဆည်ဒေသတွင် ခရီးသွားပြည်သူများ လိုက်နာရမည့်အချက်များ ဒေသကာကွယ်ရေးအဖွဲ့များထုတ်ပြန်
သဖန်းဆိပ်ဆည်ဒေသတွင် ခရီးသွားပြည်သူများ လိုက်နာရမည့်အချက်များ ဒေသကာကွယ်ရေးအဖွဲ့များထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်​ဒေသ၌ ကုန်းလမ်း၊ရေလမ်းသွား ပြည်သူများလိုက်နာရမည့်အချက်များအား ပြည်သူ့ကာကွယ်​ရေးအဖွဲ့များက ထုတ်ပြန်သတိပေးသည်။

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်​ဒေသအား အမျိုးသားညီညွတ်​ရေးအစိုးရ၊ ကာကွယ်​ရေးဝန်ကြီးဌာနလက်​အောက်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်များက အောက်တိုဘာ ၁၂ ရက်​တွင် အမိန့်​ကြေညာချက်တ​စ်စောင် ထုတ်ပြန်ထား​သည်။

ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်​ဒေသအနီးတဝိုက်တွင် ကုန်းလမ်း၊​ရေလမ်းဖြင့် သွားလာကြမည့် ပြည်သူများအ​နေဖြင့် ည ၈ နာရီ မှ နံနက် ၅ နာရီအထိ ဖြတ်သန်းသွားလာခြင်းမပြုကြရန်၊ ရေလမ်းအသုံးပြုမည်ဆိုပါက ၅ဦးထက်ပို၍ ​ရေယာဥ်မစီးနင်းကြရန်နှင့် ကုန်တင်ယာဥ်များအ​နေဖြင့် အမိုးအကာများ လှပ်၍ ​မောင်းနှင်ကြရန် သတိပေးသည်။

Public Service Announcement
Public Service Announcement

အဆိုပါ ကြေညာချက်အား နောက်ထပ်အမိန့်တစ်စုံတရာ မထုတ်ပြန်မချင်းလိုက်နာ​ပေးကြရန် မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် ​ရေနံ​မှော်​အနီးတွင် စစ်​ကောင်စီတပ်က စစ်​ရေးလှုပ်ရှား​နေ၍ ပြည်သူများ ရေနံ​မှော်ဘက်သို့ သွားလာခြင်းမပြုကြရန် ​ဒေသခံပြည်သူ့ကာကွယ်​ရေးအဖွဲ့များက တားမြစ်ထားသည်။

အောက်တိုဘာ ၄ ရက်နက သဖန်းဆိပ်ဆည်ရှိ ဆင်စွယ်ရဲစခန်းအား ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့သည်။ အောက်တိုဘာပထမပတ်အတွင်း၌ပင် ရဲကင်းကိုလည်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်ထဲက ဒေသခံတွေတူးဖော်နေတဲ့ တပိုင်တမိုင်ရွှေမျှောတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲတာ​ကြောင့် ဒေသခံပြည်သူ ၁၃ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာအပြင်းအထန်ရသူတွေနဲ့ ပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီဘက်ကလည်း တည်သီးတောကျေးရွာ လက်နက်ကြီးဖြင့်တိုက်ခိုက်ခံရမှုကို ထုတ်ပြန်ခဲ့ပြီး ၅ ဦးသေဆုံးကာ ၉ ဦး ပြင်းထန်ထိခိုက်ဒဏ်ရာရရှိသွားကြောင်း အသိပေးသည်။

သတင်း

မေလ ၁၉ ရက် နေ့လည် ၂နာခန့်က ရွှေဘိုမြို့နယ်၊ ကိုးပင်ရွာလမ်းခွဲတွင် ကင်းပုန်းဝပ်နေသော အင်အား ၂၀ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်ကြီး ၁၀လုံး ပစ်ခတ်ပြီး ဒရုန်းဖြင့်သုံး ကြိမ်တိုင် ​ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း BLACK WOLF - ARMY တပ်ဖွဲ့က ပြောသည်။

သတင်း

အထက်ပါ စစ်ကောင်စီတပ်ကင်းပုန်းအား တိုက်ခိုက်ရာတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ချိန် မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။