Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာသိမ်းချိန်မှ ယနေ့အထိ နေ့စဥ် အပြစ်မဲ့ပြည်သူများအပေါ် စစ်တပ်၏ ရက်စက်ပြုကျင့်မှုများကို ကုလညီလာခံ၌ မြန်မာသံအမတ်ကြီးပြော

ညွှန်းကိန်းများအရ ဖမ်းဆီးချုပ်နှောင်ခံထားရစဉ် သေဆုံးသူ အနည်းဆုံး (၂၇၃) ဦးခန့်ရှိပြီဖြစ်ကြောင်းလည်း ဆက်ပြောသည်။

စစ်အာဏာသိမ်းချိန်မှ ယနေ့အထိ နေ့စဥ် အပြစ်မဲ့ပြည်သူများအပေါ် စစ်တပ်၏ ရက်စက်ပြုကျင့်မှုများကို ကုလညီလာခံ၌ မြန်မာသံအမတ်ကြီးပြော
စစ်အာဏာသိမ်းချိန်မှ ယနေ့အထိ နေ့စဥ် အပြစ်မဲ့ပြည်သူများအပေါ် စစ်တပ်၏ ရက်စက်ပြုကျင့်မှုများကို ကုလညီလာခံ၌ မြန်မာသံအမတ်ကြီးပြော

စစ်တပ်အာဏာသိမ်းချိန်မှ ယနေ့အထိ အပြစ်မဲ့ပြည်သူများ ရက်စက်စွာသတ်ဖြတ်ခံရခြင်း၊ ဖမ်းဆီးချုပ်နှောင်ခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်းနှင့် ဥပဒေမဲ့တရား စီရင်ခံရခြင်း မခံရသည့်နေ့ တစ်ရက်မျှမရှိကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ပြောသည်။

တရားမဝင်စစ်အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှစ၍ စစ်တပ်သည် မြန်မာပြည်သူများအပေါ်တွင် လူသားမဆန်၍ အလွန်ရက်စက် ကြမ်းကြုတ်သော ညှဉ်းပန်းနှိပ်စက်မှုများကို ကျယ်ပြန့်စွာနှင့် စနစ်တကျဆောင်ရွက်နေပြီး ညှဉ်းပန်းနှိပ်စက်ခြင်း၊ လူသားမဆန်၍ နှိမ့်ချသောဆက်ဆံခြင်းတို့ သည် အပြစ်မဲ့ပြည်သူများမှ ၎င်းတို့အား မဆန့်ကျင်နိုင်စေရန်အတွက် စစ်တပ်က ရက်စက်စွာအသုံးပြုနေသည့် နည်းဗျူဟာများအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်းလည်း ညီလာခံသို့ အစီရင်ခံသည်။

စစ်တပ်မှ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံထားရသည့် ပြည်သူ (၁၂,၀၀၀) ကျော်၏ ကံကြမ္မာအတွက် မိမိတို့အနေဖြင့် အထူးစိုးရိမ်ကြောင်း၊ ခေတ္တလူ့အခွင့်အရေး မဟာမင်းကြီးအနေဖြင့်လည်း မြန်မာနိုင်ငံတွင် စစ်တပ်မှ ဖမ်းဆီးချုပ်နှောင်ခံထားရစဉ် သတ်ဖြတ်ခြင်းခံရသည့် လူသေနှုန်းမှာ မှန်မှန်မြင့်တက်နေသည်ဟု စက်တင်ဘာ ၂၆ ရက်တွင် လူ့အခွင့်အရေးကောင်စီသို့ တင်ပြခဲ့ကြောင်း သံအမတ်ကြီးက ပြောသည်။

ညွှန်းကိန်းများအရ ဖမ်းဆီးချုပ်နှောင်ခံထားရစဉ် သေဆုံးသူ အနည်းဆုံး (၂၇၃) ဦးခန့်ရှိပြီဖြစ်ကြောင်းလည်း ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အတွက် ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူအနေဖြင့် စစ်တပ်၏ ရက်စက်သောလုပ်ရပ်များကို ရပ်တန့်နိုင်ရန်အတွက် မည်သို့သော နည်းလမ်းများနှင့် အစီအစဉ်များကို မြန်မာပြည်သူများနှင့် နိုင်ငံတကာ အသိုက်အဝန်းအတွက် အကြံပြုနိုင်မည်နည်းကို သံအမတ်ကြီးက မေးမြန်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အဖွဲ့ဝင် ၅၅ နိုင်ငံပါဝင်တဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် စက်တင်ဘာ ၁၄ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

Facebook