Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်လေကြောင်းတိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့သည့် SBFAတပ်စိတ်မှူး၏ ရက်လည်ဆွမ်းကပ်အလှူ

ဝက်လက်လေကြောင်း တိုက်ခိုက်ခံရမှုဖြစ်စဥ်တွင် ပြည်သူ့ရဲဘော် ရှစ်ဦးထက်မနည်း ကျဆုံးခဲ့ပြီး ပြည်သူအချိူ့လည်း ထိခိုက်သေဆုံးမှုရှိခဲ့သည်။

ကျဆုံးခဲ့သည့် SBFA တပ်စိတ်မှူး၏ ရက်လည်ဆွမ်းကပ်ပွဲအား တွေ့ရစဥ်၊ ဓာတ်ပုံ - SBFA
ကျဆုံးခဲ့သည့် SBFA တပ်စိတ်မှူး၏ ရက်လည်ဆွမ်းကပ်ပွဲအား တွေ့ရစဥ်၊ ဓာတ်ပုံ - SBFA

ဝက်လက်မြို့တွင် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ကျဆုံးခဲ့သည့် Shwebo Federal Army-SBFAအဖွဲ့မှ တပ်စိတ်မှူး ဗိုလ်ကြီးတောက်တို၏ ရက်လည်​ဆွမ်းကပ်ပွဲ ပြုလုပ်ခဲ့သည်။

အောက်တိုဘာ ၈ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်က ဝက်လက်မြို့နယ် ငါးပတ်ချောင်း ကျေးရွာသို့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ နှစ်စီး ရဟက်ယာဥ်လေးစီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော‌ကြောင့် တပ်စိတ်မှူး ဗိုလ်ကြီးတောက်တို ကျဆုံးခဲ့ရကြောင်း SBFA အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဗိုလ်ကြီးတောက်တိုအတွက် ရက်လည်ဆွမ်းကပ်ပေးခဲ့ပြီး SBFAရဲဘော်များက ကျဆုံးသူ ဗိုလ်ကြီးတောက်တို၏ အရိုးပြာအိုး ကိုင်ဆောင်ကာ တော်လှန်ရေးပြီးဆုံးသည်အထိ အသက်ကိုပဓာဏမထားဘဲ နောက်မဆုတ်တမ်း ထမ်းဆောင်ပါမည်ဟု သစ္စာဓိဌာန်ပြုခဲ့ကြကြောင်း Shwebo Federal Army-SBFAက အသိပေးသည်။

ဝက်လက်လေကြောင်း တိုက်ခိုက်ခံရမှုဖြစ်စဥ်တွင် ပြည်သူ့ရဲဘော် ရှစ်ဦးထက်မနည်း ကျဆုံးခဲ့ပြီး ပြည်သူအချိူ့လည်း ထိခိုက်သေဆုံးမှုရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။