Connect with us

Hi, what are you looking for?

သတင်း

အင်္ဂပူအထက်တန်းကျောင်း မီးလောင်

မီးလောင်ရသည့် အကြောင်းရင်းကို မသိရသေးပေ။ အင်္ဂပူမြို့အထက်တန်း ကျောင်းသည် ၁၉၇၀ ကတည်ဆောက်ခဲ့သော သက်တမ်းရင့်ကျောင်းတစ်ကျောင်းဖြစ်သည်။

ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

ဧရာဝတီတိုင်း အင်္ဂပူမြို့၏ အကြီးဆုံးစာသင်ကျောင်းဖြစ်သော အင်္ဂပူအထက်တန်းကျောင်းသည် ယနေ့နံနက် အစောပိုင်းတွင် မီးလောင်ပျက်စီးသွားခဲ့သည်။

၅တန်းမှ ၁၀တန်းအထိစာသင်ခန်းအများအပြားရှိသော အင်္ဂပူအထက်တန်းကျောင်းသည် ယနေ့(အောက်တိုဘာလ၁၆ရက်)နံနက် ၂နာရီခန့်မှ စတင်ကာ မီးလောင်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - CJ
ဓာတ်ပုံ – CJ

“ဘာကြောင့်လောင်တာလဲတော့မသိဘူး။ တစ်ကျောင်းလုံးနီးပါးလောင်တာ။ ၁၀တန်း Aခန်းနဲ့ Bခန်းရယ် ငုရွှေဝါခန်းမရယ်ကလွဲရင်အကုန်းလောင်တာ”ဟု ကျောင်းသားဟောင်းတစ်ဦးကပြောသည်။

အနီးပတ်ဝန်းကျင်မြို့များဖြစ်သည့် ဟင်္သာတ၊ထူးကြီး၊မဲဇလီကုန်း၊မြန်အောင်နှင့် ကွင်းကောက်မြို့များမှ မီးသတ်ကားများ လာရောက်ငြိမ်းသတ်ခဲ့သော်လည်း မီးလောင်ကျွမ်းအားကောင်း၍ ပျက်စီးမှုများခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - CJ
ဓာတ်ပုံ – CJ

မီးလောင်ရသည့် အကြောင်းရင်းကို မသိရသေးပေ။ အင်္ဂပူမြို့အထက်တန်း ကျောင်းသည် ၁၉၇၀ ကတည်ဆောက်ခဲ့သော သက်တမ်းရင့်ကျောင်းတစ်ကျောင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။