Connect with us

Hi, what are you looking for?

သတင်း

တောင်ဒဂုံနှင့် ဗဟန်းရှိ စစ်တပ်သိမ်းထားသည့်မြေကွက်များကို နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် NUGရောင်းချမည်

“မြေကွက်ရောင်းတဲ့နေရာမှာ ဈေးနည်းတာတွေက အပြိုင်ဝယ်ကြတယ်။အလုအယက်ဝယ်ကြတာ။ ဈေးကြီးတာတွေဘဲကျန်တော့တာ”ဟု မြေကွက်ရောင်းချသည့် အရောင်းကိုယ်စားလှယ်တစ်ဦးကပြောသည်။

(Spring Yangon Phase II အ​ကောင်အထည်​ဖော်မည်​နေရာ ၊ ပုံစံအကြမ်းနှင့် ​ဈေးနှုန်းများ။ ပုံ-EOD)
(Spring Yangon Phase II အ​ကောင်အထည်​ဖော်မည်​နေရာ ၊ ပုံစံအကြမ်းနှင့် ​ဈေးနှုန်းများ။ ပုံ-EOD)

ရန်ကုန်မြို့တွင် စစ်အုပ်စုသိမ်းပိုက်ထားသည့် မြေကွက်များကို နွေဦးတော်လှန်ရေးရန်ပုံ​ငွေအတွက် ​မြေကွက်၁၂၀၀ ခန့်ကိုဖော်ထုတ်၍ဆက်လက်ရောင်းချမည်ဖြစ်ကြောင်းအမျိုးသားညီညွတ်​ရေးအစိုးရ ၏ ရှယ်ယာ​ရောင်းချ​ရေးအဖွဲ့ EOD က ထုတ်ပြန်သည်။

Spring Yangon Phase II (​နွေဦးရန်ကုန် ဒုတိယအဆင့်)ဟု အမည်ပေးထားသည့် ထိုစီမံကိန်းတွင် တောင်ဒဂုံနှင့် ဗဟန်းမြို့နယ်တို့တွင်ရှိသည့်စစ်အုပ်စုသိမ်းယူထား​သောမြေကွက်များကို​အောက်တိုဘာ ၂၂ ရက်မှစတင်​ရောင်းချမည်ဟုအသိ​ပေးထားသည်။ ​ဒုတိယအကြိမ်​ရောင်းချမှုတွင် ​မြေကွက်စုစု​ပေါင်း ၁၁၉၂ ကွက်ရှိပြီး စုစု​ပေါင်း​မြေကွက်များ၏တန်ဖိုးမှာ ​ဒေါ်လာ ၄၂ သန်းရှိကြောင်း EODထုတ်ပြန်ချက်အရသိရသည်။

(Spring Yangon Phase II အ​ကောင်အထည်​ဖော်မည်​နေရာ ၊ ပုံစံအကြမ်းနှင့် ​ဈေးနှုန်းများ။ ပုံ-EOD)
(Spring Yangon Phase II အ​ကောင်အထည်​ဖော်မည်​နေရာ ၊ ပုံစံအကြမ်းနှင့် ​ဈေးနှုန်းများ။ ပုံ-EOD)

“ NUG One Year Plan “အဆုံးသတ်တိုက်ပွဲ၏အဆုံးအဖြတ်နှစ်” ရဲ့ အဓိက လိုအပ်ချက် ၄ ချက်ထဲက ၂ ချက်ဖြစ်တဲ့ -ပြည်သူလူထု၏ ထောက်ခံပါဝင်မှု၊တော်လှန်ရေးရန်ပုံ ဖြည့်ဆည်းမှုတို့နှင့် တိုက်ရိုက်သက်ဆိုင်ပြီး အခြား ၂ ချက်ကို ပံ့ပိုးပေးနိုင်မယ့် EOD စီမံကိန်းများ ဖြစ်ပါတယ်” ဟုEOD ကထုတ်ပြန်သည်။

ဗဟန်းမြို့နယ်၊ မဟာစည် သာ့သနာရိပ်သားလမ်းအတွင်း စစ်တပ်မှ သိမ်းယူထားသောမြေနေရာများကိုတော်ဝင်နွေဦးဟု အမည်ပေးကာ မြေကွက် ၁၆၀ကို ရောင်းချမည်ဖြစ်သည်။လူနေအိမ်ရာ ပေ ၆၀ ၊ ပေ ၈၀ ​မြေကွက် (၄၀) နှင့် ပေ ၄၀ ၊ ပေ ၆၀ ​မြေအကွက်ပေါင်း( ၁၂၀) တို့ကိုတန်ဖိုး ဒေါ်လာ ၁၃၅,၀၀၀ နှင့် ဒေါ်လာ ၇၂,၀၀၀ တို့ဖြင့်​ရောင်းချမည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

(Spring Yangon Phase II အ​ကောင်အထည်​ဖော်မည်​နေရာ ၊ ပုံစံအကြမ်းနှင့် ​ဈေးနှုန်းများ။ ပုံ-EOD)
(Spring Yangon Phase II အ​ကောင်အထည်​ဖော်မည်​နေရာ ၊ ပုံစံအကြမ်းနှင့် ​ဈေးနှုန်းများ။ ပုံ-EOD)

တောင်ဒဂုံမြို့နယ်၊ အမှတ် ၂ လမ်းမကြီးနှင့်ကျန်စစ်သားလမ်းမကြီးထောင့်တွင်စစ်တပ်သိမ်းထား​​သော​မြေများကိုနွေဦးအောင်လံဟု စီမံကိန်းအမည်ပေးထားပြီးပေ ၁၀၀၊ ပေ ၁၅၀ မြေကွက်( ၃၂) ကွက်၊ ပေ ၆၀၊ ပေ၈၀မြေကွက်( ၂၀၀)နှင့် ပေ ၄၀ ၊ ပေ ၆၀ မြေကွက် (၈၀၀)တို့ကိုရောင်းချမည်ဖြစ်သည်။ အဆိုပါအိမ်ရာစီမံကိန်းသည်ဒဂုံတောင်-မြောက်လမ်းစုံမှ တစ်မိုင်ခွဲနှင့် ရန်ကုန်မြို့လယ်မှ ၁၀မိုင်ခန့်အကွာတွင်ရှိသည်။

မြေကွက်တန်ဖိုးများမှာ ဒေါ်လာသုံးသိန်းခွဲ၊ ဒေါ်လာ ၂၇,၅၀၀ နှင့် ဒေါ်လာ ၁၅,၀၀၀တို့ဖြစ်သည်။

ဝယ်ယူလိုသူများသည် မြေကွက်တန်ဖိုး၏ ၄၀ ရာခိုင်နှုန်းကို ကြိုတင်ပေးသွင်းရမည်ဖြစ်ပြီး ကျန် ၆၀ ရာခိုင်နှုန်းကို တော်လှန်ရေးအပြီးတွင်ပေးသွင်းရမည်ဖြစ်သည်။

“အခြေခံလူတန်းစားတွေ ဝယ်နိုင်တဲ့ သိန်း ငါးရာအောက် မြေကွက်၊ သိန်း ၃၀၀ အောက်မြေကွက်များတွေမျိုးရောင်းချပေးစေချင်တယ်”ဟု ရန်ကုန်မြို့နေထိုင်သူတစ်ဦးကပြောသည်။

ရန်ကုန်နှင့်မန္တလေးရှိ စစ်အုပ်စုကမတရားသိမ်းယူထားသည့်မြေနေရာများကို နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် NUGက ရောင်းချနေခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင် ဒုတိယအကြိမ်ထပ်မံရောင်းချခြင်းဖြစ်သည်။

(Spring Yangon Phase II အ​ကောင်အထည်​ဖော်မည်​နေရာ ၊ ပုံစံအကြမ်းနှင့် ​ဈေးနှုန်းများ။ ပုံ-EOD)
(Spring Yangon Phase II အ​ကောင်အထည်​ဖော်မည်​နေရာ ၊ ပုံစံအကြမ်းနှင့် ​ဈေးနှုန်းများ။ ပုံ-EOD)

NUG ကရန်ကုန်နှင့်မန္တ​လေးမြို့တို့တွင် Spring Yangon နှင့် Spring Mandalay အမည်များဖြင့်အိမ်ရာစီမံကိန်းများ​ဖော်ထုတ်​ရောင်းချ​ပေး​နေသည်။ရန်ကုန်မြို့ တွင် အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်၏ အိမ် ၂ လုံးကိုရောင်းချပြီး​နောက် သံသုမာလမ်းနှင့် မင်းဓမ္မတို့ရှိ မြေကွက်ပေါင်း ၇၅၀ကို Spring Yangon အမည်ဖြင့် ထုတ်ဖော်ရောင်းချရာတွင် မြေကွက် ၉၉ ရာခိုင်နှုန်းရောင်းချခဲ့ပြီးဖြစ်သည်ဟု NUG ရှယ်ယာရောင်းချရေးအဖွဲ့က ​အောက်တိုဘာလဆန်းတွင်ထုတ်ပြန်ထားသည်။

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးနည်းပညာတက္ကသိုလ် အရှေ့ဘက်ရှိ စစ်အုပ်စုသိမ်းယူထားသည့် မြေကွက်များကို နွေဦးတော်လှန်ရေးရန်ပုံငွေဖြင့်ရောင်းချခဲ့ရာ ပေ၄၀နှင့်ပေ၆၀ မြေကွက် (၂၀၀)ကို ​ဒေါ်လာ ၂၀,၀၀၀ဖြင့်​ရောင်းချရာ အားလုံး ရောင်းကုန်ပြီဖြစ်ကြောင်းလည်းယခုလဆန်းပိုင်းတွင်EODကအသိ​ပေးသည်။

“မြေကွက်ရောင်းတဲ့နေရာမှာ ဈေးနည်းတာတွေက အပြိုင်ဝယ်ကြတယ်။အလုအယက်ဝယ်ကြတာ။ ဈေးကြီးတာတွေဘဲကျန်တော့တာ”ဟု မြေကွက်ရောင်းချသည့် အရောင်းကိုယ်စားလှယ်တစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မိုးကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်တွ တိုက်ပွဲဆက်ဖြစ်နေပြီး ဒီကနေ့ (ဒီဇင်ဘာ၄ရက်) မနက်အစောပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်က ဆေးရုံနဲ့ ကျေးရွာထဲကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ CDM ဆရာဝန်တစ်ဦးအပါအဝင် ငါးဦးသေဆုံးပြီး အမျိုးသမီးတွေအပါအဝင် ရှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

မန္တ​လေးမြို့မှာ ဒီဇင်ဘာ ၃ ရက်မနက်မနက်ပိုင်းမှာ စစ်တပ်​ရွေး​ကောက်ပွဲ ဆန့်​ကျင်​ကြောင်းဆန္ဒပြသွားသလိုဒီ​နေ့ အာဏာသိမ်းခေါင်းဆောင်ပါ ရောက်လာတာ​ကြောင့် စစ်တပ်က မြို့တွင်းကို RPGထမ်းကာ ခြေလျင်ကင်းလှည့်ခဲ့တယ်လို့ မြို့ခံ တွေက​ပြောပါတယ်။

သတင်း

အင်ဒိုနီးရှားနိုင်ငံမှာ တော်လှန်ရေးအင်အားစုတွေနဲ့ အာဏာသိမ်းစစ်တပ်ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေအပေါ် NUG နဲ့ NUCC တို့က ယတိပြတ်ငြင်းဆိုလိုက်ပါတယ်။